ချယ်ဆီးအသင်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ထံ ရောက်လာစေတဲ့ အဓိက ပုဂ္ဂိုလ်ကို မောင့် ချီးကျူး

၂၀၂၀-၂၀၂၁ ဘောလုံးရာသီရဲ့ ပထမဆုံးသော ဆီမီးဖိုင်နယ်ရောက် အသင်းဖြစ်လာတဲ့အပေါ် ချယ်ဆီးအသင်းသား မေဆန်မောင့်က ကျေနပ်စကား ပြောဆိုလာပါတယ်။

မောင့်ကတော့ ချယ်ဆီးအသင်း အခုလို တောက်ပလာခြင်းက ရာသီဝက်မှာ အသင်းကို ရောက်လာခဲ့တဲ့ မန်နေဂျာတူချယ်ကြောင့်ပါလို့ ဆိုပါတယ်။ တူချယ်လက်ထက်မှာ ချယ်ဆီးက ပိုမို ကျစ်လစ်လာခဲ့ပြီး ခံစစ်ပိုင်း မာကျောလာမှုနဲ့အတူ ပရီးမီးယားလိဂ်မှာကော ချန်ပီယံလိဂ်မှာပါ ပုံစံကောင်းတွေ ပြန်ရလာခဲ့ခြင်း ဖြစ်ပါတယ်။

မေဆန်မောင့်က ” မန်နေဂျာက အများကြီး သက်ရောက်မှု ရှိခဲ့ပါတယ်။ ဘောလုံးရာသီဝက်မှာ အပြောင်းအလဲတွေဖြစ်လာတာက ခက်ခဲပါတယ် ဒါပေမယ့် သူက ကစားသမားတွေအပေါ်မှာ သက်ရောက်မှု ကြီးမားခဲ့ပါတယ်။

မန်နေဂျာအဖြစ် သူဝင်ရောက်လာတဲ့ ပထမဆုံး နေ့ရက်တည်းက ပွဲတွေအပေါ် သူဘယ်လို ဖြစ်စေချင်တယ်ဆိုတာနဲ့ သူဘာကိုလိုချင်တယ်ဆိုတာကို ကျနေ်ာတို့ နားလည်ခဲ့တယ်။ လေ့ကျင့်ရေးမှာလည်း ကျနေ်ာတို့တွေက ကြိုးစားပြီး သူလိုချင်တာကို ပြသနိုင်ခဲ့ပါတယ်။

အသင်းတစ်သင်းအနေနဲ့ ကျနေ်ာတို့က ကျစ်လစ်လာခဲ့ပြီး အမြင့်ဆုံး အဆင့်တွေမှာ စွမ်းဆောင်ပြလာနိုင်ပါတယ်။ ဆက်ပြီးလည်း အဲ့လိုပဲ စွမ်းဆောင်ပြနေဦးမှာပါ။ ဆီမီးဖိုင်နယ်မှာ ဘယ်အသင်းနဲ့ တွေ့ပါစေ ကျနေ်ာတို့ ယှဉ်ပြိုင်သွားမှာပါ။ တိုက်ခိုက်ဖို့နဲ့ တိုက်ပွဲတွေအတွက် ကျနေ်ာတို့ အဆင်သင့် ဖြစ်နေပါပြီ။

ကျနေ်ာတို့တွေ သေချာလေးထိုင်ပြီး ခွဲခြမ်းစိစစ်မှုတွေ လုပ်ခဲ့ပါတယ်။ ဘယ်လို ပြိုင်ဘက်အတွက်မဆို ကျနေ်ာတို့ အဆင်သင့် ဖြစ်နေပါပြီ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီရဲ႕ ပထမဆံုးေသာ ဆီမီးဖုိင္နယ္ေရာက္ အသင္းျဖစ္လာတဲ့အေပၚ ခ်ယ္ဆီးအသင္းသား ေမဆန္ေမာင့္က ေက်နပ္စကား ေျပာဆိုလာပါတယ္။

ေမာင့္ကေတာ့ ခ်ယ္ဆီးအသင္း အခုလို ေတာက္ပလာျခင္းက ရာသီဝက္မွာ အသင္းကို ေရာက္လာခဲ့တဲ့ မန္ေနဂ်ာတူခ်ယ္ေၾကာင့္ပါလို႔ ဆိုပါတယ္။ တူခ်ယ္လက္ထက္မွာ ခ်ယ္ဆီးက ပိုမို က်စ္လစ္လာခဲ့ျပီး ခံစစ္ပိုင္း မာေက်ာလာမႈနဲ႔အတူ ပရီးမီးယားလိဂ္မွာေကာ ခ်န္ပီယံလိဂ္မွာပါ ပံုစံေကာင္းေတြ ျပန္ရလာခဲ့ျခင္း ျဖစ္ပါတယ္။

ေမဆန္ေမာင့္က ” မန္ေနဂ်ာက အမ်ားၾကီး သက္ေရာက္မႈ ရွိခဲ့ပါတယ္။ ေဘာလံုးရာသီဝက္မွာ အေျပာင္းအလဲေတြျဖစ္လာတာက ခက္ခဲပါတယ္ ဒါေပမယ့္ သူက ကစားသမားေတြအေပၚမွာ သက္ေရာက္မႈ ၾကီးမားခဲ့ပါတယ္။

မန္ေနဂ်ာအျဖစ္ သူဝင္ေရာက္လာတဲ့ ပထမဆံုး ေန႔ရက္တည္းက ပြဲေတြအေပၚ သူဘယ္လို ျဖစ္ေစခ်င္တယ္ဆိုတာနဲ႔ သူဘာကိုလိုခ်င္တယ္ဆိုတာကို က်ေန္ာတို႔ နားလည္ခဲ့တယ္။ ေလ့က်င့္ေရးမွာလည္း က်ေန္ာတို႔ေတြက ၾကိဳးစားျပီး သူလိုခ်င္တာကို ျပသႏုိင္ခဲ့ပါတယ္။

အသင္းတစ္သင္းအေနနဲ႔ က်ေန္ာတို႔က က်စ္လစ္လာခဲ့ျပီး အျမင့္ဆံုး အဆင့္ေတြမွာ စြမ္းေဆာင္ျပလာႏုိင္ပါတယ္။ ဆက္ျပီးလည္း အဲ့လိုပဲ စြမ္းေဆာင္ျပေနဦးမွာပါ။ ဆီမီးဖိုင္နယ္မွာ ဘယ္အသင္းနဲ႔ ေတြ႔ပါေစ က်ေန္ာတို႔ ယွဥ္ျပိဳင္သြားမွာပါ။ တိုက္ခိုက္ဖို႔နဲ႔ တိုက္ပြဲေတြအတြက္ က်ေန္ာတို႔ အဆင္သင့္ ျဖစ္ေနပါျပီ။

က်ေန္ာတို႔ေတြ ေသခ်ာေလးထိုင္ျပီး ခြဲျခမ္းစိစစ္မႈေတြ လုပ္ခဲ့ပါတယ္။ ဘယ္လို ျပိဳင္ဘက္အတြက္မဆို က်ေန္ာတို႔ အဆင္သင့္ ျဖစ္ေနပါျပီ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။