ချယ်ဆီး၊ စပါးနဲ့ မန်ယူနိုက်တက်တို့ အပြိုင် အလိုရှိခြင်း ခံနေရတဲ့ ဒိန်းမတ် ဂိုးသမား

ပရီးမီးယားလိဂ် အသင်းကြီးတွေ ဖြစ်တဲ့ ချယ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ စပါးအသင်းတို့ဟာ ဖူလ်ဟမ်အသင်းမှာ အငှား လာကစားနေတဲ့ ဂိုးသမား ဂျိုးအာချင် အန်ဒါဆန် ကို လာမယ့်နွေမှာ ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားနေကြပါတယ်။

အသက် ၂၄ နှစ် အရွယ် ဂိုးသမားဟာ ပြီးခဲ့တဲ့နွေကမှ လိုင်ယွန်ကနေ ဖူလ်ဟမ်အသင်းထံ အငှား လာကစားတာ ဖြစ်ပြီး ဖူလ်ဟမ် အသင်း ရုန်းကန်နေရတဲ့ ကြားက လက်စွမ်းကောင်းတွေ ပြသနေပါတယ်။ လိုင်ယွန်ကလည်း ဒိန်းမတ်သားကို အစွမ်းပြစေပြီး ဈေးတင်ရောင်းဖို့ အစီအစဉ် ရှိထားကာ တန်ကြေး ပေါင် ၂၅ သန်းလို့ သတ်မှတ်ထားပါတယ်။

ဖူလ်ဟမ်က အန်ဒါဆန်ကို အငှား ခေါ်ထားရာကနေ အပြီး ခေါ်ယူလိုပေမယ့် ရာသီကုန် တန်းမဆင်းရဘဲ တင်ကျန်နေရင်တောင် ပရီးမီးယားလိဂ် အင်အားကြီး အသင်းတွေက အန်ဒါဆန်ကို အပြိုင် မျက်စိကျလာတာကြောင့် ခက်ခဲဖို့ ရှိနေပါတယ်။

ဒိန်းမတ် သတင်းစာတွေ အဆိုအရတော့ ယူနိုက်တက်နဲ့ စပါးအသင်းတို့ဟာ အန်ဒါဆန်ကို ကာလရှည် စောင့်ကြည့် သဘောကျနေကြတဲ့ အသင်း တွေ ဖြစ်ပြီး နောက်ဆုံးအနေနဲ့ ချယ်ဆီးအသင်းပါ ပါဝင်လာတယ်လို့ သိရပါတယ်။

လောလောဆယ် အန်ဒါဆန်ကို အလေးအနက် ကြိုးစားကာ ဦးဆောင်နေတာကတော့ စပါးအသင်း ဖြစ်ပြီး နောက်တစ်ပတ်ထဲမှာ အန်ဒါဆန်နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဂျို့စ် မော်ရင်ညိုဟာ သူ့ရဲ့ ခံစစ်ကြောင်းကို အင်အားဖြည့်လိုနေပြီး အန်ဒါဆန်ရဲ့ ကျစ်လစ်ခိုင်မာမှုနဲ့ ဦးဆောင်နိုင်စွမ်းဟာ စပါးအသင်း လိုအပ်နေတာနဲ့ အကိုက် ဖြစ်နေပါတယ်။

ချယ်ဆီးနဲ့ ယူနိုက်တက်ကတော့ ဒီနွေမှာ ဗဟိုခံစစ် တစ်ဦး ခေါ်ဖို့က ဦးစားပေး ဖြစ်ပေမယ့် ပရီးမီးယားလိဂ် အတွေ့အကြုံရှိပြီး ဈေးတန်လွန်းတဲ့ အန်ဒါဆန် လို ကစားသမားကိုလည်း လက်မလွှတ်လိုတာကြောင့် စောင့်ကြည့်ကာ လှုပ်ရှားသွားဖွယ်လည်း ရှိပါတယ်။

Zawgyi – ပရီးမီးယားလိဂ္ အသင္းၾကီးေတြ ျဖစ္တဲ့ ခ်ယ္ဆီး၊ မန္ခ်က္စတာယူနိုက္တက္နဲ႕ စပါးအသင္းတို႔ဟာ ဖူလ္ဟမ္အသင္းမွာ အငွား လာကစားေနတဲ့ ဂိုးသမား ဂ်ိဳးအာခ်င္ အန္ဒါဆန္ ကို လာမယ့္ေႏြမွာ ေခၚယူဖို႔ အျပိဳင္ စိတ္၀င္စားေနၾကပါတယ္။

အသက္ ၂၄ နွစ္ အရြယ္ ဂိုးသမားဟာ ျပီးခဲ့တဲ့ေႏြကမွ လိုင္ယြန္ကေန ဖူလ္ဟမ္အသင္းထံ အငွား လာကစားတာ ျဖစ္ျပီး ဖူလ္ဟမ္ အသင္း ရုန္းကန္ေနရတဲ့ ၾကားက လက္စြမ္းေကာင္းေတြ ျပသေနပါတယ္။ လိုင္ယြန္ကလည္း ဒိန္းမတ္သားကို အစြမ္းျပေစျပီး ေစ်းတင္ေရာင္းဖို႔ အစီအစဥ္ ရွိထားကာ တန္ေၾကး ေပါင္ ၂၅ သန္းလို႔ သတ္မွတ္ထားပါတယ္။

ဖူလ္ဟမ္က အန္ဒါဆန္ကို အငွား ေခၚထားရာကေန အျပီး ေခၚယူလိုေပမယ့္ ရာသီကုန္ တန္းမဆင္းရဘဲ တင္က်န္ေနရင္ေတာင္ ပရီးမီးယားလိဂ္ အင္အားၾကီး အသင္းေတြက အန္ဒါဆန္ကို အျပိဳင္ မ်က္စိက်လာတာေၾကာင့္ ခက္ခဲဖို႔ ရွိေနပါတယ္။

ဒိန္းမတ္ သတင္းစာေတြ အဆိုအရေတာ့ ယူနိုက္တက္နဲ႕ စပါးအသင္းတို႔ဟာ အန္ဒါဆန္ကို ကာလရွည္ ေစာင့္ၾကည့္ သေဘာက်ေနၾကတဲ့ အသင္း ေတြ ျဖစ္ျပီး ေနာက္ဆံုးအေနနဲ႕ ခ်ယ္ဆီးအသင္းပါ ပါ၀င္လာတယ္လို႔ သိရပါတယ္။

ေလာေလာဆယ္ အန္ဒါဆန္ကို အေလးအနက္ ၾကိဳးစားကာ ဦးေဆာင္ေနတာကေတာ့ စပါးအသင္း ျဖစ္ျပီး ေနာက္တစ္ပတ္ထဲမွာ အန္ဒါဆန္နဲ႕ ေတြ႔ဆံုေဆြးေႏြးမႈ ျပဳလုပ္ဖို႔ စီစဥ္ထားေၾကာင္း သိရပါတယ္။ ဂ်ိဳ႕စ္ ေမာ္ရင္ညိဳဟာ သူ႔ရဲ႕ ခံစစ္ေၾကာင္းကို အင္အားျဖည့္လိုေနျပီး အန္ဒါဆန္ရဲ႕ က်စ္လစ္ခိုင္မာမႈနဲ႕ ဦးေဆာင္နုိင္စြမ္းဟာ စပါးအသင္း လိုအပ္ေနတာနဲ႕ အကိုက္ ျဖစ္ေနပါတယ္။

ခ်ယ္ဆီးနဲ႕ ယူနိုက္တက္ကေတာ့ ဒီေႏြမွာ ဗဟိုခံစစ္ တစ္ဦး ေခၚဖို႔က ဦးစားေပး ျဖစ္ေပမယ့္ ပရီးမီးယားလိဂ္ အေတြ႔အၾကံဳရွိျပီး ေစ်းတန္လြန္းတဲ့ အန္ဒါဆန္ လို ကစားသမားကိုလည္း လက္မလႊတ္လိုတာေၾကာင့္ ေစာင့္ၾကည့္ကာ လႈပ္ရွားသြားဖြယ္လည္း ရွိပါတယ္။