ယူရိုပါ ဆီမီးဖိုင်နယ်တက် အပြီး ယနေ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (16/04/21)

မန်ချက်စတာယူနိုက်တက်ဟာ ညက ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်မှာ ဂရာနာဒါ အသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့ပြန်ကာ နှစ်ကျော့ပေါင်း ၄-၀ ရလဒ်ဖြင့် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက် အတွက် အဖွင့်ဂိုးကို ကာဗာနီက သွင်းယူပေးခဲ့ပြီး နောက်တစ်ဂိုးကတော့ Own Goal ကနေ ရခဲ့တာပါ။

ယူနိုက်တက် နည်းပြ ဆိုးရှားဟာ ညကပွဲမှာ ပေါ့ဘာကို ပွဲချိန်ဝက်မှာတင် ဗန်ဒီဘိခ်နဲ့ လူစားလဲခဲ့ပြီး ထိုသို့ ဆုံးဖြတ်ရခြင်းဟာ ပေါ့ဘာ အနီကတ် ထိမှာ စိုးရိမ်လာရတာကြောင့် ဖြစ်ကြောင်း ပွဲ အပြီးမှာ ဖွင့်ဟခဲ့ပါတယ်။

ယူနိုက်တက်ဟာ အေဂျက်ကို အနိုင်ယူ ကျော်ဖြတ်လာခဲ့တဲ့ ပေါ်တို အသင်းနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းကလည်း နည်းပြဟောင်း အမ်မရီရဲ့ လက်ရှိကလပ် ဗီလာရီးရဲလ်နဲ့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။

ယူနိုက်တက်ဟာ ဖီရင်အိုတီးနား ကြယ်ပွင့် ခံစစ်မှူး နီကိုလာ မီလန်ကိုဗစ် ကို ခေါ်ယူဖို့ လှုပ်ရှားမှုတွေ စတင်တော့မှာ ဖြစ်ကြောင်း သတင်း ထွက်ပေါ်လာပါတယ်။ ယူနိုက်တက်က စီးရီးအေ ကလပ် သတ်မှတ်ထားတဲ့ တန်ကြေး ပေါင် ၃၈ သန်းထက်တော့ ဈေးလျှော့နိုင်ဖို့ မျှော်လင့်နေပါတယ်။

လာမယ့်နွေမှာ ဟာလန်း၊ ကိန်းတို့လို အထောင်တိုက်စစ်သမားတွေ ခေါ်ယူမယ့် အစား ကာဗာနီကို ဆက်ထိန်းထားပြီး ယူနိုက်တက်က ဆန်ချိုနဲ့ ရာဖင်ဟာ တို့ကို အားစိုက် ခေါ်ယူသင့်ကြောင်း အိုဝင် ဟားဂရေ့ဗ်က တိုက်တွန်းလိုက်ပါတယ်။

ယူနိုက်တက်၊ ချယ်ဆီးနဲ့ စပါးအသင်းတို့ဟာ ဖူလ်ဟမ်အသင်းမှာ အငှား လာကစားနေတဲ့ လိုင်ယွန် ဂိုးသမား ဂျိုးအာချင် အန်ဒါဆန် ကို လာမယ့်နွေမှာ ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားနေကြပါတယ်။ လိုင်ယွန်က အန်ဒါဆန် တန်ကြေးကို ပေါင် ၂၅ သန်းလို့ သတ်မှတ်ထားတာပါ။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ဟာ ညက ယူရိုပါလိဂ္ ကြာတားဖိုင္နယ္ ပြဲစဥ္မွာ ဂရာနာဒါ အသင္းကို ၂-၀ နဲ႕ အနုိင္ရခဲ့ျပန္ကာ နွစ္ေက်ာ့ေပါင္း ၄-၀ ရလဒ္ျဖင့္ ဆီမီးဖိုင္နယ္ အဆင့္သို႔ တက္ေရာက္သြားခဲ့ျပီ ျဖစ္ပါတယ္။ ယူနိုက္တက္ အတြက္ အဖြင့္ဂိုးကို ကာဗာနီက သြင္းယူေပးခဲ့ျပီး ေနာက္တစ္ဂိုးကေတာ့ Own Goal ကေန ရခဲ့တာပါ။

ယူနိုက္တက္ နည္းျပ ဆိုးရွားဟာ ညကပြဲမွာ ေပါ့ဘာကို ပြဲခ်ိန္၀က္မွာတင္ ဗန္ဒီဘိခ္နဲ႕ လူစားလဲခဲ့ျပီး ထိုသို႔ ဆံုးျဖတ္ရျခင္းဟာ ေပါ့ဘာ အနီကတ္ ထိမွာ စိုးရိမ္လာရတာေၾကာင့္ ျဖစ္ေၾကာင္း ပြဲ အျပီးမွာ ဖြင့္ဟခဲ့ပါတယ္။

ယူနိုက္တက္ဟာ ေအဂ်က္ကို အနုိင္ယူ ေက်ာ္ျဖတ္လာခဲ့တဲ့ ေပၚတို အသင္းနဲ႕ ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္ အဆင့္မွာ ယွဥ္ျပိဳင္ ရမွာ ျဖစ္ပါတယ္။ အာဆင္နယ္ အသင္းကလည္း နည္းျပေဟာင္း အမ္မရီရဲ႕ လက္ရွိကလပ္ ဗီလာရီးရဲလ္နဲ႕ ထိပ္တိုက္ ေတြ႔ဆံုေနပါတယ္။

ယူနိုက္တက္ဟာ ဖီရင္အိုတီးနား ၾကယ္ပြင့္ ခံစစ္မွဴး နီကိုလာ မီလန္ကိုဗစ္ ကို ေခၚယူဖို႔ လႈပ္ရွားမႈေတြ စတင္ေတာ့မွာ ျဖစ္ေၾကာင္း သတင္း ထြက္ေပၚလာပါတယ္။ ယူနိုက္တက္က စီးရီးေအ ကလပ္ သတ္မွတ္ထားတဲ့ တန္ေၾကး ေပါင္ ၃၈ သန္းထက္ေတာ့ ေစ်းေလွ်ာ့နုိင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

လာမယ့္ေႏြမွာ ဟာလန္း၊ ကိန္းတို႔လို အေထာင္တိုက္စစ္သမားေတြ ေခၚယူမယ့္ အစား ကာဗာနီကို ဆက္ထိန္းထားျပီး ယူနိုက္တက္က ဆန္ခ်ိဳနဲ႕ ရာဖင္ဟာ တို႔ကို အားစိုက္ ေခၚယူသင့္ေၾကာင္း အို၀င္ ဟားဂေရ႕ဗ္က တိုက္တြန္းလိုက္ပါတယ္။

ယူနိုက္တက္၊ ခ်ယ္ဆီးနဲ႕ စပါးအသင္းတို႔ဟာ ဖူလ္ဟမ္အသင္းမွာ အငွား လာကစားေနတဲ့ လိုင္ယြန္ ဂိုးသမား ဂ်ိဳးအာခ်င္ အန္ဒါဆန္ ကို လာမယ့္ေႏြမွာ ေခၚယူဖို႔ အျပိဳင္ စိတ္၀င္စားေနၾကပါတယ္။ လိုင္ယြန္က အန္ဒါဆန္ တန္ေၾကးကို ေပါင္ ၂၅ သန္းလို႔ သတ္မွတ္ထားတာပါ။