ပရီးမီးယားလိဂ်ရဲ့ ဒုတိယအကောင်းဆုံး ခံစစ်မှတ်တမ်းကို ပိုင်ဆိုင်သွားတဲ့ ဘစ်ဆာကာ

UNICODE – ယူနိုက်တက် ညာအစွန် ခံစစ်သမားလေး ဘစ်ဆာကာဟာ ပရီးမီးယားလိဂ်ရဲ့ ဒီရာသီ ဘောလုံးဖြတ်လုမှု ဒုတိယအကောင်းဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ် တရားဝင် ဝဘ်ဆိုဒ်က ထုတ်ပြန်ပေးတဲ့ အချက်အလက်မှာတော့ လက်စတာမှ ရီကာဒို ပါရဲရာရဲ့ ၆၈ ကြိမ်နောက် အမြင့်ဆုံးအဖြစ် ဖြတ်လုမှု ၆၆ ကြိမ် လုပ်ထားနိုင်တဲ့ ဘစ်ဆာကာက ဒုတိယနေရာမှာ ရပ်တည်ခဲ့တာပါ။ သူတို့နှစ်ဦးနောက်မှာတော့ စပါးအသင်းမှာ ဆာ့အော်ရယ်က ရပ်တည်နေပါတယ်။

ဒီနွေမှာ ယူနိုက်တက်ကို စတင် ပြောင်းလာခဲ့တဲ့ ဘစ်ဆာကာဟာ ပရီးမီးယားလိဂ်ရဲ့ အတိုးတက်ဆုံး လူငယ်တစ်ဦးဖြစ်ပြီး သူ့ဟာ လိဂ်ရဲ့ ခံစစ် အကောင်းဆုံး ညာအစွန်လူအဖြစ်ပါ မှတ်ချက်ပေးခံလာရသူပါ။ လာမယ့် ယူရို ၂၀၂၀ မှာတော့ ဘစ်ဆာကာဟာ လီဗာပူးညာအစွန်လူ ထရန့်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ နေရာတစ်နေရာရဖို့ ပြိုင်ဆိုင်သွားဖွယ် ရှိနေတာဖြစ်တယ်။

အကောင်းဆုံး ခံစစ်သမား မှတ်တမ်းတွေထဲမှာ ပါဝင်ခဲ့တာက ဘစ်ဆာကာ တစ်ဦးတည်း မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်မှာ ခေါင်းတိုက် ရှင်းထုတ်မှုနဲ့ အမြင့်ဘော အောင်နိုင်မှု အမြင့်ဆုံးသော ကစားသမား စာရင်းမှာ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားက တတိယနေရာ ချိတ်ခဲ့တာဖြစ်တယ်။

ဒါ့အပြင် ပြိုင်ဘက် ကစားသမားတွေ ကျော်ဖြတ်ခံရခြင်း အနည်းဆုံး ခံစစ်သမား စာရင်းမှာလည်း မက်ဂွဲရားရဲ့ တွဲဘက်ဖြစ်သူ လင်ဒီအော့က ထိပ်ဆုံးမှာ ပါဝင်ခဲ့ပါတယ်။ လင်ဒီအော့ဟာ ဒီရာသီမှာ ပြိုင်ဘက်အသင်းသားတွေရဲ့ ဖြတ်ကျော် အနိုင်ယူခြင်းကို ၁ ကြိမ်ပဲ ခွင့်ပြုခဲ့ရတာဖြစ်တယ်။

ယူနိုက်တက်ရဲ့ ခံစစ်ဟာ ဘစ်ဆာကာ၊ မက်ဂွဲရား၊ လင်ဒီအော့ တို့ရဲ့ တွဲဘက်မှုမှာ အတော်လေး တည်ငြိမ်လာခဲ့သလို ဂိုးပေါက်ကိုတော့ ဝါရင့် ဂိုးသမား ဒီဂီယာက ဦးဆောင်ပေးနေတာ ဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္ ညာအစြန္ ခံစစ္သမားေလး ဘစ္ဆာကာဟာ ပရီးမီးယားလိဂ္ရဲ႕ ဒီရာသီ ေဘာလံုးျဖတ္လုမႈ ဒုတိယအေကာင္းဆံုး ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ျပီျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ တရားဝင္ ဝဘ္ဆိုဒ္က ထုတ္ျပန္ေပးတဲ့ အခ်က္အလက္မွာေတာ့ လက္စတာမွ ရီကာဒို ပါရဲရာရဲ႕ ၆၈ ၾကိမ္ေနာက္ အျမင့္ဆံုးအျဖစ္ ျဖတ္လုမႈ ၆၆ ၾကိမ္ လုပ္ထားႏုိင္တဲ့ ဘစ္ဆာကာက ဒုတိယေနရာမွာ ရပ္တည္ခဲ့တာပါ။ သူတို႔ႏွစ္ဦးေနာက္မွာေတာ့ စပါးအသင္းမွာ ဆာ့ေအာ္ရယ္က ရပ္တည္ေနပါတယ္။

ဒီေႏြမွာ ယူႏုိက္တက္ကို စတင္ ေျပာင္းလာခဲ့တဲ့ ဘစ္ဆာကာဟာ ပရီးမီးယားလိဂ္ရဲ႕ အတိုးတက္ဆံုး လူငယ္တစ္ဦးျဖစ္ျပီး သူ႔ဟာ လိဂ္ရဲ႕ ခံစစ္ အေကာင္းဆံုး ညာအစြန္လူအျဖစ္ပါ မွတ္ခ်က္ေပးခံလာရသူပါ။ လာမယ့္ ယူရို ၂၀၂၀ မွာေတာ့ ဘစ္ဆာကာဟာ လီဗာပူးညာအစြန္လူ ထရန္႔နဲ႔ အဂၤလန္လက္ေရြးစင္အသင္းမွာ ေနရာတစ္ေနရာရဖို႔ ျပိဳင္ဆိုင္သြားဖြယ္ ရွိေနတာျဖစ္တယ္။

အေကာင္းဆံုး ခံစစ္သမား မွတ္တမ္းေတြထဲမွာ ပါဝင္ခဲ့တာက ဘစ္ဆာကာ တစ္ဦးတည္း မဟုတ္ပါဘူး။ ပရီးမီးယားလိဂ္မွာ ေခါင္းတိုက္ ရွင္းထုတ္မႈနဲ႔ အျမင့္ေဘာ ေအာင္ႏုိင္မႈ အျမင့္ဆံုးေသာ ကစားသမား စာရင္းမွာ ယူႏုိက္တက္ အသင္းေခါင္းေဆာင္ မက္ဂြဲရားက တတိယေနရာ ခ်ိတ္ခဲ့တာျဖစ္တယ္။

ဒါ့အျပင္ ျပိဳင္ဘက္ ကစားသမားေတြ ေက်ာ္ျဖတ္ခံရျခင္း အနည္းဆံုး ခံစစ္သမား စာရင္းမွာလည္း မက္ဂြဲရားရဲ႕ တြဲဘက္ျဖစ္သူ လင္ဒီေအာ့က ထိပ္ဆံုးမွာ ပါဝင္ခဲ့ပါတယ္။ လင္ဒီေအာ့ဟာ ဒီရာသီမွာ ျပိဳင္ဘက္အသင္းသားေတြရဲ႕ ျဖတ္ေက်ာ္ အႏုိင္ယူျခင္းကို ၁ ၾကိမ္ပဲ ခြင့္ျပဳခဲ့ရတာျဖစ္တယ္။

ယူႏုိက္တက္ရဲ႕ ခံစစ္ဟာ ဘစ္ဆာကာ၊ မက္ဂြဲရား၊ လင္ဒီေအာ့ တို႔ရဲ႕ တြဲဘက္မႈမွာ အေတာ္ေလး တည္ျငိမ္လာခဲ့သလို ဂိုးေပါက္ကိုေတာ့ ဝါရင့္ ဂိုးသမား ဒီဂီယာက ဦးေဆာင္ေပးေနတာ ျဖစ္ပါတယ္။