မန်ချက်စတာယူနိုက်တက် အတွက် တချိန်က ဘယ်တောင်ပံတကြောမှာ လျှမ်းလျှမ်းတောက် သွက်လက်ခဲ့တဲ့ နာနီလို တောင်ပံ တိုက်စစ် သမားမျိုး နည်းပြ ဆိုးရှားက ခေါ်ယူနိုင်ခဲ့ပြီးပြီ ဆိုနိုင်မလား ဆိုပြီး အင်္ဂလန်သတင်းဌာနတွေက သုံးသပ် ဖော်ပြလာကြပါတယ်။
နာနီလက်သစ်လို့ တင်စားခြင်း ခံရသူကတော့ တောင်ပံကစားသမားလေး ဒန်နီရယ် ဂျိမ်းစ်ပါ။ ဂျိမ်းစ်ဟာ နာနီနဲ့ လူမျိုး မတူတာကလွဲလို့ တူညီတဲ့ အချက်အလက်၊ အရည်အချင်းတွေ ရှိနေတယ်လို့ Express ရဲ့ စီနီယာသတင်းထောက်က သုံးသပ် ထောက်ပြသွားခဲ့ပါတယ်။
ဂျိမ်းစ်ကို ပြီးခဲ့တဲ့နွေကမှ ယူနိုက်တက်ဟာ ဆွမ်ဆီးအသင်းကနေ ခေါ်ယူခဲ့တာ ဖြစ်ပြီး ပွဲဦးထွက်ရာသီမှာတင် ယူနိုက်တက်မှာ အခြေကျ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာတင် ဂျိမ်းစ်က ဂိုးထောက်ပံ့မှု ၆ ကြိမ် ပြုလုပ်ထားပါတယ်။
ယူနိုက်တက်ဟာ ၂၀၀၇ မှာ စီရိုနယ်ဒို လက်သစ် ဖြစ်လာနိုင်သူ အဖြစ် နာနီကို စပို့တင်းလစ္စဘွန်းကနေ ခေါ်ယူခဲ့ပါတယ်။ ပေါ်တူဂီသားဟာ ရိုနယ်ဒို လို ထွန်းပေါက်သည်ထိ ဖြစ်မလာခဲ့ပေမယ့် ဆာအဲလက်စ် လက်ထက် ပရီးမီးယားလိဂ်ဖလား ၄ ကြိမ် ဆွတ်ခူးခဲ့တဲ့ အသင်းမှာ အရေးပါတဲ့ အသင်းသား တစ်ဦး ဖြစ်ပါတယ်။
ခြေစွမ်း အကောင်းဆုံး ရနေတဲ့ နေ့မှာဆိုရင် နာနီကို ဘယ်သူမှ မယှဉ်နိုင်ခဲ့ပါဘူး။ ဘိုင်ယန်နဲ့ ချန်ပီယံလိဂ်ပွဲ၊ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲနဲ့ စပါးနဲ့ ပရီးမီးယားလိဂ် ပွဲတွေက သူ့ ခြေစွမ်းအကောင်းဆုံးပြခဲ့တဲ့ ပွဲတွေ အဖြစ် မှတ်တမ်းဝင်ထားပါတယ်။ ခြေစွမ်းအမြင့်ဆုံးမှာ တည်ငြိမ်အောင် ထိန်းမထားနိုင်တာ တစ်ခုကပဲ နာနီကို ရိုနယ်ဒိုလို အဆင့်ထိ ရောက်အောင် မတောက်ပစေခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဒန်နီရယ် ဂျိမ်းစ်ကို ခေါ်ယူခဲ့တာ တစ်ရာသီသာ ရှိသေးပေမယ့် နာနီကလို အသင်းမှာ အရေးပါတဲ့ အသင်းသား တစ်ဦး ဖြစ်လာမယ်လို့ ထင်ကြေးပေး ခိုင်းနှိုင်းမှုတွေ ထွက်ပေါ်နေပါတယ်။
Zawgyi – မန္ခ်က္စတာယူနိုက္တက္ အတြက္ တခ်ိန္က ဘယ္ေတာင္ပံတေၾကာမွာ လွ်မ္းလွ်မ္းေတာက္ သြက္လက္ခဲ့တဲ့ နာနီလို ေတာင္ပံ တိုက္စစ္ သမားမ်ိဳး နည္းျပ ဆိုးရွားက ေခၚယူနိုင္ခဲ့ျပီးျပီ ဆိုနိုင္မလား ဆိုျပီး အဂၤလန္သတင္းဌာနေတြက သံုးသပ္ ေဖာ္ျပလာၾကပါတယ္။
နာနီလက္သစ္လို႔ တင္စားျခင္း ခံရသူကေတာ့ ေတာင္ပံကစားသမားေလး ဒန္နီရယ္ ဂ်ိမ္းစ္ပါ။ ဂ်ိမ္းစ္ဟာ နာနီနဲ႕ လူမ်ိဳး မတူတာကလြဲလို႔ တူညီတဲ့ အခ်က္အလက္၊ အရည္အခ်င္းေတြ ရွိိေနတယ္လို႔ Express ရဲ႕ စီနီယာသတင္းေထာက္က သံုးသပ္ ေထာက္ျပသြားခဲ့ပါတယ္။
ဂ်ိမ္းစ္ကို ျပီးခဲ့တဲ့ေႏြကမွ ယူနိုက္တက္ဟာ ဆြမ္ဆီးအသင္းကေန ေခၚယူခဲ့တာ ျဖစ္ျပီး ပြဲဦးထြက္ရာသီမွာတင္ ယူနုိက္တက္မွာ အေျခက် ေျခစြမ္းျပနိုင္ခဲ့ပါတယ္။ ဒီရာသီ ပရီးမီးယားလိဂ္မွာတင္ ဂ်ိမ္းစ္က ဂိုးေထာက္ပံ့မႈ ၆ ၾကိမ္ ျပဳလုပ္ထားပါတယ္။
ယူနိုက္တက္ဟာ ၂၀၀၇ မွာ စီရိုနယ္ဒို လက္သစ္ ျဖစ္လာနုိင္သူ အျဖစ္ နာနီကို စပို႔တင္းလစၥဘြန္းကေန ေခၚယူခဲ့ပါတယ္။ ေပၚတူဂီသားဟာ ရိုနယ္ဒို လို ထြန္းေပါက္သည္ထိ ျဖစ္မလာခဲ့ေပမယ့္ ဆာအဲလက္စ္ လက္ထက္ ပရီးမီးယားလိဂ္ဖလား ၄ ၾကိမ္ ဆြတ္ခူးခဲ့တဲ့ အသင္းမွာ အေရးပါတဲ့ အသင္းသား တစ္ဦး ျဖစ္ပါတယ္။
ေျခစြမ္း အေကာငး္ဆံုး ရေနတဲ့ ေန႔မွာဆိုရင္ နာနီကို ဘယ္သူမွ မယွဥ္နိုင္ခဲ့ပါဘူး။ ဘိုင္ယန္နဲ႕ ခ်န္ပီယံလိဂ္ပြဲ၊ မန္စီးတီးနဲ႕ ကြန္ျမဴနတီဒိုင္းပြဲနဲ႕ စပါးနဲ႕ ပရီးမီးယားလိဂ္ ပြဲေတြက သူ႔ ေျခစြမ္းအေကာင္းဆံုးျပခဲ့တဲ့ ပြဲေတြ အျဖစ္ မွတ္တမး္၀င္ထားပါတယ္။ ေျခစြမ္းအျမင့္ဆံုးမွာ တည္ျငိမ္ေအာင္ ထိန္းမထားနုိင္တာ တစ္ခုကပဲ နာနီကို ရိုနယ္ဒိုလို အဆင့္ထိ ေရာက္ေအာင္ မေတာက္ပေစခဲ့တာ ျဖစ္ပါတယ္။
ယူနိုက္တက္ဟာ ဒန္နီရယ္ ဂ်ိမ္းစ္ကို ေခၚယူခဲ့တာ တစ္ရာသီသာ ရွိေသးေပမယ့္ နာနီကလို အသင္းမွာ အေရးပါတဲ့ အသင္းသား တစ္ဦး ျဖစ္လာမယ္လို႔ ထင္ေၾကးေပး ခိုင္းနိႈင္းမႈေတြ ထြက္ေပၚေနပါတယ္။