နောက်အပတ်မှာ ယှဉ်ပြိုင်ကြမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲတွေမှာ စူပါလိဂ်ပြိုင်ပွဲဝင် ပုန်ကန်သူ ကလပ်တွေဖြစ်တဲ့ ချယ်ဆီး၊ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်တို့အား ဆက်လက် ယှဉ်ပြိုင်ခွင့် ပေးသွားမယ်လို့ ဒေးလီးမေလ်းက ဖော်ပြသွားပါတယ်။
အင်္ဂလန်၊ စပိန်နဲ့ အီတလီမှ ကလပ် ၁၂ သင်းတို့ဟာ ယူအီးအက်ဖ်အေရဲ့ ချန်ပီယံလိဂ်ကို ယှဉ်ပြိုင်မယ့် ဥရောပစူပါလိဂ်ကို စတင်ဖို့ ကြေညာခဲ့တာပါ။ ၎င်းတို့ဟာ ယူအီးအက်ဖ်အေရဲ့ ချန်ပီယံလိဂ်ကို ပါဝင်မှာ မဟုတ်သလို ဥရောပကလပ်အဖွဲ့အစည်းကနေပါ နုတ်ထွက်သွားခဲ့ကြပြီဖြစ်တယ်။
တနင်္ဂနွေနေ့က ကြေညာခဲ့တဲ့ အဆိုပါကိစ္စဟာ ဒီရာသီ ချန်ပီယံလိဂ်ကို ဆက်လက် ယှဉ်ပြိုင်ရေး ကိစ္စဟာ သံသယရှိဖွယ် အနေအထားကို ရင်ဆိုင်လာရတယ်။ ကလပ် ၁၂ သင်းတို့ရဲ့ ပိုင်ရှင်တွေနဲ့ ယူအီးအက်ဖ်အေကြား ထိပ်တိုက်တွေ့မှုတွေ ရှိလာခဲ့ပြီး လက်တလောထိ တစ်ဖက်ဖက်က နောက်ဆုတ်ပေးမယ့် အလားအလာ မရှိသေးပါဘူး။
ယူအီးအက်ဖ်အေ ကော်မတီ အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ ဂျက်စ်ပါ မိုလာက ချယ်ဆီး၊ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်တို့ကို ဆီမီးဖိုင်နယ်အဆင့်ပွဲတွေ ပါဝင်ယှဉ်ပြိုင်ခြင်းအား ကန့်သတ်သွားဖွယ်ရှိတယ်လို့ သူ့အမြင်ကို ထုတ်ပြောထားခဲ့တယ်။ ဒါပေမယ့်လို့ နောက်ဆက်တွဲ သတင်းအဖြစ် ဆက်လက် ပါဝင်စေမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်ကတော့ စူပါလိဂ်ကို ပါဝင်ယှဉ်ပြိုင်ရင် လက်ရွေးစင်တွေကနေ ထုတ်ပယ်ခံရမယ်ဆိုတဲ့ ယူအီးအက်ဖ်အေရဲ့ ခြိမ်းခြောက်မှုကိုလည်း ငြင်းဆန်ထားတယ်။ ၎င်းကတော့ အဆိုပါ ဖိနှိပ်မှုတွေ စတင်လာခဲ့မယ်ဆိုရင်တောင် ဥပဒေ ပညာရှင်တွေဖြင့် ရင်ဆိုင်သွားဖို့ ပြင်ဆင်ထားကြောင်းလည်း ဖွင့်ဟထားပါတယ်။

ZAWGYI – ေနာက္အပတ္မွာ ယွဥ္ျပိဳင္ၾကမယ့္ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ပြဲေတြမွာ စူပါလိဂ္ျပိဳင္ပြဲဝင္ ပုန္ကန္သူ ကလပ္ေတြျဖစ္တဲ့ ခ်ယ္ဆီး၊ မန္စီးတီး၊ ရီးရဲလ္မက္ဒရစ္တို႔အား ဆက္လက္ ယွဥ္ျပိဳင္ခြင့္ ေပးသြားမယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပသြားပါတယ္။
အဂၤလန္၊ စပိန္နဲ႔ အီတလီမွ ကလပ္ ၁၂ သင္းတို႔ဟာ ယူအီးအက္ဖ္ေအရဲ႕ ခ်န္ပီယံလိဂ္ကို ယွဥ္ျပိဳင္မယ့္ ဥေရာပစူပါလိဂ္ကို စတင္ဖို႔ ေၾကညာခဲ့တာပါ။ ၄င္းတို႔ဟာ ယူအီးအက္ဖ္ေအရဲ႕ ခ်န္ပီယံလိဂ္ကို ပါဝင္မွာ မဟုတ္သလို ဥေရာပကလပ္အဖြဲ႔အစည္းကေနပါ ႏုတ္ထြက္သြားခဲ့ၾကျပီျဖစ္တယ္။
တနဂၤေႏြေန႔က ေၾကညာခဲ့တဲ့ အဆိုပါကိစၥဟာ ဒီရာသီ ခ်န္ပီယံလိဂ္ကို ဆက္လက္ ယွဥ္ျပိဳင္ေရး ကိစၥဟာ သံသယရွိဖြယ္ အေနအထားကို ရင္ဆိုင္လာရတယ္။ ကလပ္ ၁၂ သင္းတို႔ရဲ႕ ပိုင္ရွင္ေတြနဲ႔ ယူအီးအက္ဖ္ေအၾကား ထိပ္တိုက္ေတြ႔မႈေတြ ရွိလာခဲ့ျပီး လက္တေလာထိ တစ္ဖက္ဖက္က ေနာက္ဆုတ္ေပးမယ့္ အလားအလာ မရွိေသးပါဘူး။
ယူအီးအက္ဖ္ေအ ေကာ္မတီ အဖြဲ႕၀င္ တစ္ဦး ျဖစ္တဲ့ ဂ်က္စ္ပါ မိုလာက ခ်ယ္ဆီး၊ မန္စီးတီး၊ ရီးရဲလ္မက္ဒရစ္တို႔ကို ဆီမီးဖိုင္နယ္အဆင့္ပြဲေတြ ပါဝင္ယွဥ္ျပိဳင္ျခင္းအား ကန္႔သတ္သြားဖြယ္ရွိတယ္လို႔ သူ႔အျမင္ကို ထုတ္ေျပာထားခဲ့တယ္။ ဒါေပမယ့္လို႔ ေနာက္ဆက္တြဲ သတင္းအျဖစ္ ဆက္လက္ ပါဝင္ေစမယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။
ရီးရဲလ္မက္ဒရစ္ ဥကၠဌ ပီရက္ဇ္ကေတာ့ စူပါလိဂ္ကို ပါဝင္ယွဥ္ျပိဳင္ရင္ လက္ေရြးစင္ေတြကေန ထုတ္ပယ္ခံရမယ္ဆိုတဲ့ ယူအီးအက္ဖ္ေအရဲ႕ ျခိမ္းေျခာက္မႈကိုလည္း ျငင္းဆန္ထားတယ္။ ၄င္းကေတာ့ အဆိုပါ ဖိနွိပ္မႈေတြ စတင္လာခဲ့မယ္ဆိုရင္ေတာင္ ဥပေဒ ပညာရွင္ေတြျဖင့္ ရင္ဆိုင္သြားဖို႔ ျပင္ဆင္ထားေၾကာင္းလည္း ဖြင့္ဟထားပါတယ္။
