ယနေ့နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (30/05/20)

မန်ချက်စတာယူနိုက်တက် ကွင်းလယ်သမား တော်မီနေးက သူလေးစား အားကျခဲ့ရတဲ့ ကွင်းလယ် ကစားသမားတွေအဖြစ် ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်း၊ အာဆင်နယ်ဂန္တဝင် ပက်ထရစ် ဗီအဲရာနဲ့ ရီးရဲမက်ဒရစ်ဂန္တဝင် ဇီဒန်းတို့ကို ရွေးချယ်သွားခဲ့ပါတယ်။

ဒေးဗစ်မိုယက်စ်ဟာ ယူနိုက်တက် ကျူးလွန်ခဲ့တဲ့ အမှားတစ်ရပ် ဖြစ်ပြီး အခုထိ အသင်းကို ခြောက်လှန့်နေဆဲ ဖြစ်တယ်လို့ ယူနိုက်တက် အသင်းသားဟောင်း ချီချာရီတို ဟာနန်ဒက်စ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ နွေက ယူနိုက်တက် အတွက် နည်းပြဆိုးရှား ခေါ်ယူပေးခဲ့တဲ့ တောင်ပံတိုက်စစ်သမား ဒန်နီရယ် ဂျိမ်းစ်ကို တချိန်က ယူနိုက်တက် တောင်ပံကစားသမား နာနီလက်သစ် အဖြစ် အင်္ဂလန်သတင်းဌာနတွေက ခိုင်းနှိုင်းပြောဆိုနေကြပါတယ်။

ယူနိုက်တက် ကစားသမားဟောင်းကြီး ရွိုင်ယန်ဂစ်က ကမ္ဘာပေါ်မှာ အရည်အချင်း အရှိဆုံး လူငယ်သွေးသစ် သုံးဦး အဖြစ် ဒေါ့မွန်အသင်းမှ တောင်ပံတိုက်စစ်သမားလေး ဆန်ချို၊ ယူနိုက်တက်တိုက်စစ်မှူး ရပ်ဖိုဒ့်နဲ့ ဇန်နဝါရီတုန်းက ယူနိုက်တက်နဲ့ ချိတ်ဆက်မှုတွေ ရှိထားခဲ့ဖူးတဲ့ ဟာလန်းတို့ သုံးဦးကို ရွေးချယ်ခဲ့ပါတယ်။

ယူနိုက်တက် ပစ်မှတ် ကစားသမား ဆန်ချိုက ၂၀၂၂ မှာ ဒေါ့မွန်နဲ့ စာချုပ် ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် သက်တမ်းတိုးမှာ မဟုတ်ဘဲ ပရီးမီးယားလိဂ် သို့ ပြောင်းရွှေ့လိုနေပါတယ်။ ဒေါ့မွန်ဘက်ကတော့ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ အောက် လျှော့မပေးနိုင်ဘူးလို့ ထပ်မံ အသိပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ဒီရာသီ အချက်အလက် မှတ်တမ်းများထွက်ပေါ်လာရာ ယူနိုက်တက် ညာအစွန် ခံစစ်သမားလေး ဘစ်ဆာကာက ဘောလုံးဖြတ်လုမှု ဒုတိယ အကောင်းဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင် နေပါတယ်။

ဂျူဗင်တပ်ကနေ ထွက်ခွာပြီး ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတဲ့ ကွင်းလယ်တိုက်စစ်သမား ဖက်ဒရီကို ကို ယူနိုက်တက်၊ ချယ်ဆီးနဲ့ အာဆင်နယ်အသင်းတို့က စောင့်ကြည့်နေကြပါတယ်။

Zawgyi – မန္ခ်က္စတာယူႏိုက္တက္ ကြင္းလယ္သမား ေတာ္မီေနးက သူေလးစား အားက်ခဲ့ရတဲ့ ကြင္းလယ္ ကစားသမားေတြအျဖစ္ ယူႏိုက္တက္ အသင္းေခါင္းေဆာင္ေဟာင္း ႐ြိဳင္ကိန္း၊ အာဆင္နယ္ဂႏၲဝင္ ပက္ထရစ္ ဗီအဲရာနဲ႔ ရီးရဲမက္ဒရစ္ဂႏၲဝင္ ဇီဒန္းတို႔ကို ေ႐ြးခ်ယ္သြားခဲ့ပါတယ္။

ေဒးဗစ္မိုယက္စ္ဟာ ယူနိုက္တက္ က်ဴးလြန္ခဲ့တဲ့ အမွားတစ္ရပ္ ျဖစ္ျပီး အခုထိ အသင္းကို ေျခာက္လွန္႔ေနဆဲ ျဖစ္တယ္လို႔ ယူနိုက္တက္ အသငး္သားေဟာင္း ခ်ီခ်ာရီတို ဟာနန္ဒက္စ္က ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ျပီးခဲ့တဲ့ ေႏြက ယူနုိက္တက္ အတြက္ နည္းျပဆိုးရွား ေခၚယူေပးခဲ့တဲ့ ေတာင္ပံတိုက္စစ္သမား ဒန္နီရယ္ ဂ်ိမ္းစ္ကို တခ်ိန္က ယူနုိက္တက္ ေတာင္ပံကစားသမား နာနီလက္သစ္ အျဖစ္ အဂၤလန္သတင္းဌာနေတြက ခိုင္းနိႈင္းေျပာဆိုေနၾကပါတယ္။

ယူႏုိက္တက္ ကစားသမားေဟာင္းၾကီး ရိြဳင္ယန္ဂစ္က ကမၻာေပၚမွာ အရည္အခ်င္း အရွိဆံုး လူငယ္ေသြးသစ္ သံုးဦး အျဖစ္ ေဒါ့မြန္အသင္းမွ ေတာင္ပံတိုက္စစ္သမားေလး ဆန္ခ်ိဳ၊ ယူႏုိက္တက္တိုက္စစ္မွဴး ရပ္ဖိုဒ့္နဲ႔ ဇန္နဝါရီတုန္းက ယူႏုိက္တက္နဲ႔ ခ်ိတ္ဆက္မႈေတြ ရွိထားခဲ့ဖူးတဲ့ ဟာလန္းတို႔ သံုးဦးကို ေရြးခ်ယ္ခဲ့ပါတယ္။

ယူနိုက္တက္ ပစ္မွတ္ ကစားသမား ဆန္ခ်ိဳက ၂၀၂၂ မွာ ေဒါ့မြန္နဲ႕ စာခ်ဳပ္ ကုန္ဆံုးေတာ့မွာ ျဖစ္ေပမယ့္ သက္တမ္းတိုးမွာ မဟုတ္ဘဲ ပရီးမီးယားလိဂ္ သို႔ ေျပာင္းေရႊ႕လိုေနပါတယ္။ ေဒါ့မြန္ဘက္ကေတာ့ ဆန္ခ်ိဳအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၁၀၀ ေအာက္ ေလွ်ာ့မေပးနုိင္ဘူးလို႔ ထပ္မံ အသိေပးလိုက္ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ ဒီရာသီ အခ်က္အလက္ မွတ္တမ္းမ်ားထြက္ေပၚလာရာ ယူႏုိက္တက္ ညာအစြန္ ခံစစ္သမားေလး ဘစ္ဆာကာက ေဘာလံုးျဖတ္လုမႈ ဒုတိယ အေကာင္းဆံုး ကစားသမားအျဖစ္ မွတ္တမ္းဝင္ ေနပါတယ္။

ဂ်ဴဗင္တပ္ကေန ထြက္ခြာျပီး ပရီးမီးယားလိဂ္သို႔ ေျပာင္းေရႊ႕ဖို႔ စိတ္အားထက္သန္ေနတဲ့ ကြင္းလယ္တိုက္စစ္သမား ဖက္ဒရီကို ကို ယူနိုက္တက္၊ ခ်ယ္ဆီးနဲ႕ အာဆင္နယ္အသင္းတို႔က ေစာင့္ၾကည့္ေနၾကပါတယ္။