ရီးရဲလ်မက်ဒရစ်နဲ့ ချယ်ဆီးအသင်းတို့ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ ပထမအကျော့ ပွဲစဉ် အဖြစ် ဒီနေ့ည/ မနက်ဖြန် ဧပြီ ၂၈ ရက် နံနက် အစော ၁း၃၀ နာရီမှာ ယှဉ်ပြိုင် ကစားကြတော့မှာပါ။
အချက်အလက်တွေ အရတော့ ဒီပွဲဟာ ချယ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ကြား စတုတ္ထအကြိမ်မြောက် ဥရောပပွဲ တွေ့ဆုံ မှု ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ အခြားအသင်းတွေထက် စာရင် ချယ်ဆီးနဲ့ တွေ့တိုင်း သူတို့ သမိုင်းမှာ နိုင်ပွဲ မရှိသေးဘဲ ယခင် သုံးပွဲ ဆုံတွေ့ရာမှာ ၁ ပွဲ သရေ၊ နှစ်ပွဲ ရှုံး ရလဒ် ရှိထားပါတယ်။
ချယ်ဆီးအသင်းဟာ ဒီရာသီမှာ သူတို့ရဲ့ ၈ ပွဲမြောက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ ကစားရတာ ဖြစ်ပြီး အင်္ဂလိပ်ကလပ် အသင်းတွေထဲ အများဆုံး ကစားထားရတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ ဒီတစ်ကြိမ် က သူတို့ရဲ့ ၁၄ ကြိမ်မြောက် ဆီမီးဖိုင်နယ် ပွဲ ဖြစ်ပြီး ပြိုင်ပွဲ သမိုင်းမှာ အများဆုံး ကစားထားရတာလည်း ဖြစ်ပါတယ်။
ချယ်ဆီးအသင်းဟာ ဒီပွဲမှာ ကွင်းလယ် ကစားသမား ကိုဗာဆစ် တံကောက်ကြော ဒဏ်ရာကြောင့် ထည့်သွင်း ကစားနိုင်မှာ မဟုတ်ဘဲ ကိုဗာဆစ်ကတော့ အသင်းဟောင်းနဲ့ ရင်ဆိုင် ကစားခွင့် လွဲချော်သွားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် တဖက်မှာတော့ ချယ်ဆီး တိုက်စစ်သမားဟောင်း ဟာဇက်ဟာ ခြေစွမ်းကောင်းတွေ ပြန်ရလာနေပြီး ရီးရဲလ် မက်ဒရစ် အသင်းဘက်က ပါဝင် ကစားလာဖွယ် ရှိပါတယ်။ ဟာဇက်ဟာ ပြိုင်ဘက်အသင်းတွေကို ဘယ်လောက် မွှေနှောက် ကစားနိုင်စွမ်း ရှိတယ် ဆိုတာ သိထားကြပြီး ဖြစ်တာကြောင့် တူချယ်ရဲ့ ခံစစ် ကြောင်းက ကောင်းကောင်းကြီး အစမ်းသပ်ခံရဖွယ် ရှိပါတယ်။

Zawgyi – ရီးရဲလ္မက္ဒရစ္နဲ႕ ခ်ယ္ဆီးအသင္းတို႔ဟာ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ပြဲ ပထမအေက်ာ့ ပြဲစဥ္ အျဖစ္ ဒီေန႕ည/ မနက္ျဖန္ ဧျပီ ၂၈ ရက္ နံနက္ အေစာ ၁း၃၀ နာရီမွာ ယွဥ္ျပိဳင္ ကစားၾကေတာ့မွာပါ။
အခ်က္အလက္ေတြ အရေတာ့ ဒီပြဲဟာ ခ်ယ္ဆီးနဲ႕ ရီးရဲလ္မက္ဒရစ္ အသင္းတို႔ၾကား စတုတၳအၾကိမ္ေျမာက္ ဥေရာပပြဲ ေတြ႔ဆံု မႈ ျဖစ္ပါတယ္။
ရီးရဲလ္မက္ဒရစ္ဟာ အျခားအသငး္ေတြထက္ စာရင္ ခ်ယ္ဆီးနဲ႕ ေတြ႔တိုင္း သူတို႔ သမိုင္းမွာ နုိင္ပြဲ မရွိေသးဘဲ ယခင္ သံုးပြဲ ဆံုေတြ႔ရာမွာ ၁ ပြဲ သေရ၊ နွစ္ပြဲ ရွံဳး ရလဒ္ ရွိထားပါတယ္။
ခ်ယ္ဆီးအသင္းဟာ ဒီရာသီမွာ သူတို႔ရဲ႕ ၈ ပြဲေျမာက္ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ပြဲ ကစားရတာ ျဖစ္ျပီး အဂၤလိပ္ကလပ္ အသင္းေတြထဲ အမ်ားဆံုး ကစားထားရတာ ျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ကေတာ့ ဒီတစ္ၾကိမ္ က သူတို႔ရဲ႕ ၁၄ ၾကိမ္ေျမာက္ ဆီမီးဖိုင္နယ္ ပြဲ ျဖစ္ျပီး ျပိဳင္ပြဲ သမိုင္းမွာ အမ်ားဆံုး ကစားထားရတာလည္း ျဖစ္ပါတယ္။
ခ်ယ္ဆီးအသင္းဟာ ဒီပြဲမွာ ကြင္းလယ္ ကစားသမား ကိုဗာဆစ္ တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ ထည့္သြင္း ကစားနိုင္မွာ မဟုတ္ဘဲ ကိုဗာဆစ္ကေတာ့ အသင္းေဟာင္းနဲ႕ ရင္ဆိုင္ ကစားခြင့္ လြဲေခ်ာ္သြားခဲ့တာ ျဖစ္ပါတယ္။
ဒါေပမယ့္ တဖက္မွာေတာ့ ခ်ယ္ဆီး တိုက္စစ္သမားေဟာင္း ဟာဇက္ဟာ ေျခစြမ္းေကာင္းေတြ ျပန္ရလာေနျပီး ရီးရဲလ္ မက္ဒရစ္ အသင္းဘက္က ပါ၀င္ ကစားလာဖြယ္ ရွိပါတယ္။ ဟာဇက္ဟာ ျပိဳင္ဘက္အသင္းေတြကို ဘယ္ေလာက္ ေမႊေနွာက္ ကစားနုိင္စြမ္း ရွိတယ္ ဆိုတာ သိထားၾကျပီး ျဖစ္တာေၾကာင့္ တူခ်ယ္ရဲ႕ ခံစစ္ ေၾကာင္းက ေကာငး္ေကာင္းၾကီး အစမ္းသပ္ခံရဖြယ္ ရွိပါတယ္။
