အရန်ဆိုလည်း ယူနိုက်တက်မှာ နေချင်တယ်ဆိုတဲ့ အသင်းသားကို ဆာအဲလက်စ် တားတဲ့ကြားက မိုယက်စ်နဲ့ ဝုဒ်ဝပ် ရောင်းထုတ်ခဲ့

မန်ချက်စတာ ယူနိုက်တက်ဟာ ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားတဲ့ ၂၀၁၃ က စလို့ အကြိမ်ကြိမ် ခက်ခဲတဲ့ ကာလများစွာ ဖြတ်သန်းနေခဲ့ရပါတယ်။ ဆာအဲလက်စ် အနားယူစ ဒေးဗစ် မိုယက်စ် တာဝန်ယူစ စတေးခံသွားရတဲ့ ယူနိုက်တက် အသင်းသားတွေထဲ အပါအဝင် တစ်ဦး ဖြစ်တဲ့ ဟာနန်ဒက်စ်က ယူနိုက်တက်ကနေ သူ မခွာချင်ခဲ့တဲ့ အကြောင်းများ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

ယူနိုက်တက် ပရိသတ် အချစ်တော် ကစားသမားတစ်ဦး ဖြစ်တဲ့ ဟာနန်ဒက်စ်ဟာ အသင်းမှာ အရန်ခုံမှာ နေရလည်း နေချင်တဲ့ထိ စိတ်အားထက်သန်ခဲ့ကာ ဆာအဲလက်စ်ကိုလည်း အသင်းက မခွာချင်ကြောင်း ရင်ဖွင့်ခဲ့ပါသေးတယ်။ ဆာအဲလက်စ် ဖာဂူဆန် ကိုယ်တိုင် မိုယက်စ်နဲ့ အက် ဝုဒ်ဝပ်တို့ကတော့ မက္ကဆီကိုသားကို အိုးထရက်ဖို့ဒ်ကနေ နှင်ခဲ့ပါတယ်။

၂၀၁၄ မှာ ရီးရဲလ်မက်ဒရစ်ထံ ဟာနန်ဒက်စ်က အငှားနဲ့ ထွက်ခွာခဲ့ရတာ ဖြစ်ပြီး ထိုစဉ်တည်းက ယူနိုက်တက်ထံ ပြန်ခေါ်ဖို့ အစီအစဉ်မရှိဘဲ စေလွှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက် လီဗာကူဆင် အသင်းထံ အပြီး ပြောင်းရွှေ့ ဖြစ်ခဲ့တာပါ။ ယူနိုက်တက်ကနေ ထိုသို့ ခပ်မြန်မြန် မထွက်ခွာချင်ခဲ့ပေမယ့် မိုယက်စ်က ၎င်းကို ထားဖို့ ငြင်းခဲ့တယ်လို့ ချီချာရီတို ဟာနန်ဒက်စ်က ဖွင့်ဟခဲ့ပါတယ်။

” ကျနော် ဆာအဲလက်စ် ဆီကိုတောင် စကားပြောဖို့ သွားခဲ့တယ် သူက ကျနော် စိတ်ဆင်းရဲနေတယ် ဆိုတာ သိခဲ့တယ်လေ။ ကျနော် ရောင်းချခံရတော့မယ် ဆိုတာ သူလည်း သိခဲ့တယ်။ ရီးရဲလ်မက်ဒရစ်ကို အငှားတင် မဟုတ်ဘူး သဘောပေါက်ခဲ့တယ်။ ကျနော်တို့ အဲဒီ အကြောင်း ပြောဖြစ်ကြတယ်။

ဒါက ရီးရဲလ်မက်ဒရစ်နော်.. ကျနော် ဘာတွေများ စဉ်းစားနေတာလဲ လို့လည်း တွေးမိတယ်။ မက္ကဆီကိုသား တစ်ယောက် အတွက် ဒါက အခွင့်အရေးကြီးပါ။ ကျနော်က မန်ချက်စတာယူနိုက်တက်မှာ ဆို အရန် တစ်ယောက် အနေနဲ့ နေရမယ်ဆိုလည်း လက်ခံနိုင်ပါတယ်။ ဆာအဲလက်စ်ကတော့ သူ နောင်တရတာတွေထဲ ကျနော့်ကို ကစားခွင့် ပို ပေးခဲ့ရမှာလို့ တွေးမိတာလည်း ပါတယ်လို့ ပြောခဲ့တယ်။ သူက မိုယက်စ်ကို ပြောကြည့်ပေးမယ်ပေါ့ ကျနော် ခုထက် ပို ကစားဖို့ပဲ လိုတာပါလို့။

သူက ကျနော်က မန်ယူနိုက်တက်ရဲ့ အရေးကြီး ကစားသမား တစ်ယောက် ဖြစ်တယ်၊ ပွဲကစားခွင့် ပိုရသင့်တယ်လို့ ပြောပေးခဲ့တယ်။ ဒါပေမယ့် ဒေးဗစ် မိုယက်စ်နဲ့ အက်ဝုဒ်ဝပ်တို့ နှစ်ယောက်လုံးက လက်မခံခဲ့ဘူး။ သူတို့က ကျနော့် ကို မကစားခိုင်းခဲ့ဘူး။ ” လို့ ဟာနန်ဒက်စ် က ဖွင့်ဟခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဆာအဲလက်စ် အနားယူပြီးတဲ့နောက် ဒေးဗစ် မိုယက်စ်ကို နည်းပြ အဖြစ် ခန့်ခဲ့တာက အမှားကျူးလွန်ခဲ့တာပဲ ဖြစ်ပြီး မိုယက်စ်ဟာ ယူနိုက်တက် နည်းပြ ဖြစ်လာဖို့ လုံလောက်မှု မရှိခဲ့ဘူးလို့လည်း ဟာနန်ဒက်စ် က ပြောဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ဆာအဲလက္စ္ ဖာဂူဆန္ အနားယူသြားတဲ့ ၂၀၁၃ က စလို႔ အၾကိမ္ၾကိမ္ ခက္ခဲတဲ့ ကာလမ်ားစြာ ျဖတ္သန္းေနခဲ့ရပါတယ္။ ဆာအဲလက္စ္ အနားယူစ ေဒးဗစ္ မိုယက္စ္ တာ၀န္ယူစ စေတးခံသြားရတဲ့ ယူနုိက္တက္ အသင္းသားေတြထဲ အပါအ၀င္ တစ္ဦး ျဖစ္တဲ့ ဟာနန္ဒက္စ္က ယူနိုက္တက္ကေန သူ မခြာခ်င္ခဲ့တဲ့ အေၾကာင္းမ်ား ထုတ္ေဖာ္ ေျပာဆိုလာခဲ့ပါတယ္။

ယူနိုက္တက္ ပရိသတ္ အခ်စ္ေတာ္ ကစားသမားတစ္ဦး ျဖစ္တဲ့ ဟာနန္ဒက္စ္ဟာ အသင္းမွာ အရန္ခုံမွာ ေနရလည္း ေနခ်င္တဲ့ထိ စိတ္အားထက္သန္ခဲ့ကာ ဆာအဲလက္စ္ကိုလည္း အသင္းက မခြာခ်င္ေၾကာင္း ရင္ဖြင့္ခဲ့ပါေသးတယ္။ ဆာအဲလက္စ္ ဖာဂူဆန္ ကိုယ္တိုင္ မိုယက္စ္နဲ႕ အက္ ၀ုဒ္၀ပ္တို႔ကေတာ့ မကၠဆီကိုသားကို အိုးထရက္ဖို႔ဒ္ကေန နွင္ခဲ့ပါတယ္။

၂၀၁၄ မွာ ရီးရဲလ္မက္ဒရစ္ထံ ဟာနန္ဒက္စ္က အငွားနဲ႕ ထြက္ခြာခဲ့ရတာ ျဖစ္ျပီး ထိုစဥ္တည္းက ယူနိုက္တက္ထံ ျပန္ေခၚဖို႔ အစီအစဥ္မရွိဘဲ ေစလႊတ္ခံခဲ့ရတာ ျဖစ္ပါတယ္။ အဲဒီေနာက္ လီဗာကူဆင္ အသင္းထံ အျပီး ေျပာင္းေရႊ႕ ျဖစ္ခဲ့တာပါ။ ယူနိုက္တက္ကေန ထိုသို႔ ခပ္ျမန္ျမန္ မထြက္ခြာခ်င္ခဲ့ေပမယ့္ မိုယက္စ္က ၄င္းကို ထားဖို႔ ျငင္းခဲ့တယ္လို႔ ခ်ီခ်ာရီတို ဟာနန္ဒက္စ္က ဖြင့္ဟခဲ့ပါတယ္။

” က်ေနာ္ ဆာအဲလက္စ္ ဆီကိုေတာင္ စကားေျပာဖို႔ သြားခဲ့တယ္ သူက က်ေနာ္ စိတ္ဆင္းရဲေနတယ္ ဆိုတာ သိခဲ့တယ္ေလ။ က်ေနာ္ ေရာင္းခ်ခံရေတာ့မယ္ ဆိုတာ သူလည္း သိခဲ့တယ္။ ရီးရဲလ္မက္ဒရစ္ကို အငွားတင္ မဟုတ္ဘူး သေဘာေပါက္ခဲ့တယ္။ က်ေနာ္တို႔ အဲဒီ အေၾကာင္း ေျပာျဖစ္ၾကတယ္။

ဒါက ရီးရဲလ္မက္ဒရစ္ေနာ္.. က်ေနာ္ ဘာေတြမ်ား စဥ္းစားေနတာလဲ လို႔လည္း ေတြးမိတယ္။ မကၠဆီကိုသား တစ္ေယာက္ အတြက္ ဒါက အခြင့္အေရးၾကီးပါ။ က်ေနာ္က မန္ခ်က္စတာယူနိုက္တက္မွာ ဆို အရန္ တစ္ေယာက္ အေနနဲ႕ ေနရမယ္ဆိုလည္း လက္ခံနိုင္ပါတယ္။ ဆာအဲလက္စ္ကေတာ့ သူ ေနာင္တရတာေတြထဲ က်ေနာ့္ကို ကစားခြင့္ ပို ေပးခဲ့ရမွာလို႔ ေတြးမိတာလည္း ပါတယ္လို႔ ေျပာခဲ့တယ္။ သူက မိုယက္စ္ကို ေျပာၾကည့္ေပးမယ္ေပါ့ က်ေနာ္ ခုထက္ ပို ကစားဖို႔ပဲ လိုတာပါလို႔။

သူက က်ေနာ္က မန္ယူနိုက္တက္ရဲ႕ အေရးၾကီး ကစားသမား တစ္ေယာက္ ျဖစ္တယ္၊ ပြဲကစားခြင့္ ပိုရသင့္တယ္လို႔ ေျပာေပးခဲ့တယ္။ ဒါေပမယ့္ ေဒးဗစ္ မိုယက္စ္နဲ႕ အက္၀ုဒ္၀ပ္တို႔ နွစ္ေယာက္လံုးက လက္မခံခဲ့ဘူး။ သူတို႔က က်ေနာ့္ ကို မကစားခိုင္းခဲ့ဘူး။ ” လိို႔ ဟာနန္ဒက္စ္ က ဖြင့္ဟခဲ့ပါတယ္။

ယူနိုက္တက္ဟာ ဆာအဲလက္စ္ အနားယူျပီးတဲ့ေနာက္ ေဒးဗစ္ မိုယက္စ္ကို နည္းျပ အျဖစ္ ခန္႔ခဲ့တာက အမွားက်ဴးလြန္ခဲ့တာပဲ ျဖစ္ျပီး မိုယက္စ္ဟာ ယူနိုက္တက္ နည္းျပ ျဖစ္လာဖို႔ လံုေလာက္မႈ မရွိခဲ့ဘူးလို႔လည္း ဟာနန္ဒက္စ္ က ေျပာဆိုခဲ့ပါတယ္။