အိုးထရက်ဖို့ဒ်က ဂိုးဒါဇင်ဝက်သွင်းတဲ့ ဥရောပနိုင်ပွဲ အပြီး မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

မန်ချက်စတာ ယူနိုက်တက်ဟာ ညက အိုးထရက်ဖို့ဒ်ကွင်းမှာ ရိုးမားအသင်းနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ယှဉ်ပြိုင် ကစားခဲ့ရာမှာ ဂိုးဒါဇင်ဝက် သွင်းပြီး ၆-၂ နဲ့ နိုင်ပွဲကြီး ရခဲ့ကာ ဗိုလ်လုပွဲသို့ ခြေတစ်လှမ်း ပြင်နိုင်လိုက်ပြီ ဖြစ်ပါတယ်။

ယူနိုက်တက် အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၉ မိနစ်တည်းက ဘရူနို ဖာနန်ဒက်စ်က သွင်းပေးခဲ့တာ ဖြစ်ပြီး ကျန်ဂိုးတွေကို ဒုတိယပိုင်းမှ ကာဗာနီ က ၂ ဂိုး၊ ပေါ့ဘာ၊ ဂရင်းဝုဒ်နဲ့ ဖာနန်ဒက်စ်တို့က တစ်ဂိုးစီ ဒုတိယပိုင်းမှာ သွင်းယူခဲ့တာပါ။

ပေါစခိုးလ်ကတော့ ယူနိုက်တက် နည်းပြ ဆိုးရှားဟာ ညာတောင်ပံမှာ မေဆန် ဂရင်းဝုဒ်ကို ကျော်ပြီး မားကပ် ရက်ဖို့ဒ်ကို နေရာပေးခြင်းက မှားယွင်းတယ်လို့ ယုံကြည်ကြောင်း ပြောဆိုလိုက်ပါတယ်။

ရိုးမားဘက် နှစ်ဂိုး သွင်းခဲ့တဲ့ ဝါရင့် တိုက်စစ်မှူး ကာဗာနီကို အသင်းမှာ ဆက်နေဖို့ နည်းပြ ဆိုးရှားက တိုက်တွန်းလိုက်ပြီး အိုးထရက်ဖို့ဒ်မှာ ပရိသတ်တွေရှေ့ ဂိုးသွင်းရတဲ့ ခံစားချက်ကို ဆက်နေပြီး ကြည့်ဖို့ စည်းရုံးလိုက်ပါတယ်။

ပွဲထွက် လူစာရင်းမှာ အသင်းက ဘယ်ကစားသမားတွေ ပါဝင် ကစားသင့်တယ် ရွေးချယ်ရတာ လွယ်ပေမယ့် ဘယ်သူတွေ မပါဝင်သင့်ဘူး ရွေးရတာ ခက်ခဲတဲ့ ကိစ္စ ဖြစ်ကြောင်း ဆိုးရှားက သူ့ရဲ့ ကွင်းလယ် ရွေးချယ်မှုကို ဝေဖန်ခဲ့တဲ့ ပေါစခိုးလ်နဲ့ အိုဝင်ဟားဂရေ့ဗ်ကို တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ကွင်းလယ် ကစားသမား ပေါ့ဘာက ဘောလုံးကို ဘယ်အချိန်မှာ ဘယ်လို ဖြတ်ထုတ်ရမယ် မသိတာက သူ့အတွက် ပြသနာ ရှိနေဆဲ ဖြစ်ကြောင်း ရိုးမားနဲ့ ပွဲ အပြီးမှာ ဝန်ခံစကား ဆိုလိုက်ပါတယ်။ ထိုပွဲမှာ ပေါ့ဘာရဲ့ ဖြတ်ထုတ်မှုကနေ ရိုးမားဘက်ကို ပင်နယ်တီ ဂိုး တစ်ဂိုး ခွင့်ပြုပေးခဲ့ရပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ညက အိုးထရက္ဖုိ႔ဒ္ကြင္းမွာ ရိုးမားအသင္းနဲ႕ ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္ ယွဥ္ျပိဳင္ ကစားခဲ့ရာမွာ ဂိုးဒါဇင္၀က္ သြင္းျပီး ၆-၂ နဲ႕ နုိင္ပြဲၾကီး ရခဲ့ကာ ဗိုလ္လုပြဲသို႔ ေျခတစ္လွမ္း ျပင္နုိင္လိုက္ျပီ ျဖစ္ပါတယ္။

ယူနိုက္တက္ အတြက္ ဦးေဆာင္ဂိုးကို ပြဲအစ ၉ မိနစ္တည္းက ဘရူနို ဖာနန္ဒက္စ္က သြင္းေပးခဲ့တာ ျဖစ္ျပီး က်န္ဂိုးေတြကို ဒုတိယပိုင္းမွ ကာဗာနီ က ၂ ဂိုး၊ ေပါ့ဘာ၊ ဂရင္း၀ုဒ္နဲ႕ ဖာနန္ဒက္စ္တို႔က တစ္ဂိုးစီ ဒုတိယပိုင္းမွာ သြင္းယူခဲ့တာပါ။

ေပါစခိုးလ္ကေတာ့ ယူနိုက္တက္ နည္းျပ ဆိုးရွားဟာ ညာေတာင္ပံမွာ ေမဆန္ ဂရင္း၀ုဒ္ကို ေက်ာ္ျပီး မားကပ္ ရက္ဖို႔ဒ္ကို ေနရာေပးျခင္းက မွားယြင္းတယ္လို႔ ယံုၾကည္ေၾကာင္း ေျပာဆိုလိုက္ပါတယ္။

ရိုးမားဘက္ နွစ္ဂိုး သြင္းခဲ့တဲ့ ၀ါရင့္ တိုက္စစ္မွဴး ကာဗာနီကို အသင္းမွာ ဆက္ေနဖို႔ နည္းျပ ဆိုးရွားက တိုက္တြန္းလိုက္ျပီး အိုးထရက္ဖို႔ဒ္မွာ ပရိသတ္ေတြေရွ႕ ဂိုးသြင္းရတဲ့ ခံစားခ်က္ကို ဆက္ေနျပီး ၾကည့္ဖို႔ စည္းရံုးလိုက္ပါတယ္။

ပြဲထြက္ လူစာရင္းမွာ အသင္းက ဘယ္ကစားသမားေတြ ပါ၀င္ ကစားသင့္တယ္ ေရြးခ်ယ္ရတာ လြယ္ေပမယ့္ ဘယ္သူေတြ မပါ၀င္သင့္ဘူး ေရြးရတာ ခက္ခဲတဲ့ ကိစၥ ျဖစ္ေၾကာင္း ဆိုးရွားက သူ႔ရဲ႕ ကြင္းလယ္ ေရြးခ်ယ္မႈကို ေ၀ဖန္ခဲ့တဲ့ ေပါစခိုးလ္နဲ႕ အို၀င္ဟားဂေရ႔ဗ္ကို တုန္႔ျပန္ ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ ကြင္းလယ္ ကစားသမား ေပါ့ဘာက ေဘာလံုးကို ဘယ္အခ်ိန္မွာ ဘယ္လို ျဖတ္ထုတ္ရမယ္ မသိတာက သူ႔အတြက္ ျပသနာ ရွိေနဆဲ ျဖစ္ေၾကာင္း ရိုးမားနဲ႕ ပြဲ အျပီးမွာ ၀န္ခံစကား ဆိုလိုက္ပါတယ္။ ထိုပြဲမွာ ေပါ့ဘာရဲ႕ ျဖတ္ထုတ္မႈကေန ရိုးမားဘက္ကို ပင္နယ္တီ ဂိုး တစ္ဂိုး ခြင့္ျပဳေပးခဲ့ရပါတယ္။