ပြင်သစ် လက်ရွေးစင် ကွင်းလယ်သမား ပေါလ် ပေါ့ဘာရဲ့ ရီးရဲလ်မက်ဒရစ် အိပ်မက်က တကယ် ဖြစ်လာနိုင်သေးကြောင်း သူ့ရဲ့ အေးဂျင့် ရွိုင်းအိုလာကတော့ ထပ်မံ ဆွလိုက်ပြန်ပါတယ်။ ရီးရဲလ်ရဲ့ တိုက်စစ်သမား ဟာဇက်နဲ့ ယူနိုက်တက်ရဲ့ ပေါ့ဘာတို့ အလဲအထပ် ပြုလုပ်သင့်တယ်လို့ ရွိုင်းအိုလာက အကြံစကားပြောရင်း ထုတ်ဖော် တိုက်တွန်းလာပြန်တာ ဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ စာချုပ်သစ် မချုပ်ဆိုသေးတဲ့ ပေါ့ဘာဟာ လာမယ့် သီတင်းပတ်များနဲ့ အပြောင်းအရွှေ့ ကာလတွေ အတွင်း သတင်းကြီးဦးမှာ ဖြစ်ပြီး အသက် ၂၈ နှစ် ရှိပြီ ဖြစ်တဲ့ ကွင်းလယ် သမား အတွက် အနာဂတ် အစီအစဉ်တွေကို ရွေးချယ် ချမှတ်ဖို့လည်း အချိန်ကျနေပြီ ဖြစ်ပါတယ်။
ပေါ့ဘာနဲ့ ရီးရဲလ်မက်ဒရစ်တို့ သတင်းတွေက ခါတိုင်းလို ဆက်လက် လှုပ်ခတ်နေဦးမှာ ဖြစ်ပြီး ပေါ့ဘာကို အသင်းပြောင်းစေချင်လွန်းတဲ့ အေးဂျင့် ဖြစ်သူ ရွိုင်းအိုလာကတော့ ရီးရဲလ် နဲ့ ညှိဖို့ တက်ကြွနေဆဲ ဖြစ်ပါတယ်။
အခုထိ ပေါ့ဘာ ဘာလို့ ရီးရဲလ်မက်ဒရစ် ထံ မရောက်သေးလဲ အမေးကို လတ်တလော အင်တာဗျူးမှာ ရွိုင်းအိုလာက – ” ဒါက မက်ဒရစ်အတွက် ဖြစ်ရမယ့် မေးခွန်းပါ။ တချန်တည်းမှာပဲ ပေါ့ဘာက ယူနိုက်တက်မှာ ချစ်ခြင်း မေတ္တာရော ယုံကြည်မှုတွေပါ ရရှိနေပါတယ်။ ဒါပေမယ့် တခြား ကလပ်အသင်းတွေလည်း ရှိနေသေးတယ်။
ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်ကြားမှာ အပြောင်းအရွှေ့ကြီး အတွက် သဘောတူညီမှုရဖို့ သိပ်ခက်ခဲခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကလပ်အသင်းကြီးတွေက သူတို့ ကြယ်ပွင့် ကစားသမားတွေကို တခြားကလပ်တွေထံ မလွှတ်ချင်ကြဘူး။
ကျနော် ခင်ဗျားကို နောက်နေတာ မဟုတ်ဘူး။ ပေါ့ဘာ အတွက် ရီးရဲလ် သွားဖို့ ဆိုတာ အမြဲ စိတ်ဝင်စားတဲ့ ကိစ္စပဲ။ ဇီဒန်းကြောင့်လည်း ပါတယ်။ သူက ပေါ့ဘာရဲ့ ငယ်ဘဝတည်းက ဟီးရိုးလေ။ ” လို့ တုန့်ပြန်ခဲ့ပါတယ်။
အနာဂတ်မှာ အပြောင်းအရွှေ့ သဘောတူညီမှု ရလာနိုင်လား အမေးကို ၎င်းက ” ဒါက ကျနော် မပြောတတ်ဘူး။ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတာတော့ ဘောလုံးမှာ မရှိပါဘူး။ ဖြစ်နိုင်တာတွေ အကုန်လုံးကို ထည့်တွက်ထားဖို့ လိုတယ်။ တကယ်လို့ မနက်ဖြန် ရီးရဲလ်ကလည်း ဟာဇက်နဲ့ ပေါ့ဘာကို လဲမယ် ဆိုပါစို့၊ ဥပမာပေါ့။ ဒါဆို လေးဘက်စလုံး သဘောကျမှာပဲ မဟုတ်ဘူးလား။ ” လို့ သွေးတိုးစမ်း စကားနဲ့ ဖြေကြားခဲ့ပါတယ်။
ပေါ့ဘာရဲ့ လက်ရှိစာချုပ်က ၂၀၂၂ နွေမှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး လက်ရှိမှာတော့ ယူနိုက်တက် ကွင်းလယ်မှာ ဖာနန်ဒက်စ်နဲ့ အတူ ခြေစွမ်းပြနေပါတယ်။
Zawgyi – ျပင္သစ္ လက္ေရြးစင္ ကြင္းလယ္သမား ေပါလ္ ေပါ့ဘာရဲ႕ ရီးရဲလ္မက္ဒရစ္ အိပ္မက္က တကယ္ ျဖစ္လာနုိင္ေသးေၾကာင္း သူ႔ရဲ႕ ေအးဂ်င့္ ရြိဳင္းအိုလာကေတာ့ ထပ္မံ ဆြလိုက္ျပန္ပါတယ္။ ရီးရဲလ္ရဲ႕ တိုက္စစ္သမား ဟာဇက္နဲ႕ ယူနိုက္တက္ရဲ႕ ေပါ့ဘာတို႔ အလဲအထပ္ ျပဳလုပ္သင့္တယ္လို႔ ရြိဳင္းအိုလာက အၾကံစကားေျပာရင္း ထုတ္ေဖာ္ တိုက္တြန္းလာျပန္တာ ျဖစ္ပါတယ္။
ယူနိုက္တက္နဲ႕ စာခ်ဳပ္သစ္ မခ်ဳပ္ဆိုေသးတဲ့ ေပါ့ဘာဟာ လာမယ့္ သီတင္းပတ္မ်ားနဲ႕ အေျပာင္းအေရႊ႕ ကာလေတြ အတြင္း သတင္းၾကီးဦးမွာ ျဖစ္ျပီး အသက္ ၂၈ နွစ္ ရွိျပီ ျဖစ္တဲ့ ကြင္းလယ္ သမား အတြက္ အနာဂတ္ အစီအစဥ္ေတြကို ေရြးခ်ယ္ ခ်မွတ္ဖို႔လည္း အခ်ိန္က်ေနျပီ ျဖစ္ပါတယ္။
ေပါ့ဘာနဲ႕ ရီးရဲလ္မက္ဒရစ္တို႔ သတင္းေတြက ခါတိုင္းလို ဆက္လက္ လႈပ္ခတ္ေနဦးမွာ ျဖစ္ျပီး ေပါ့ဘာကို အသင္းေျပာင္းေစခ်င္လြန္းတဲ့ ေအးဂ်င့္ ျဖစ္သူ ရြိဳင္းအိုလာကေတာ့ ရီးရဲလ္ နဲ႕ ညွိဖို႔ တက္ၾကြေနဆဲ ျဖစ္ပါတယ္။
အခုထိ ေပါ့ဘာ ဘာလို႔ ရီးရဲလ္မက္ဒရစ္ ထံ မေရာက္ေသးလဲ အေမးကို လတ္တေလာ အင္တာဗ်ဴးမွာ ရြိဳင္းအိုလာက – ” ဒါက မက္ဒရစ္အတြက္ ျဖစ္ရမယ့္ ေမးခြန္းပါ။ တခ်န္တည္းမွာပဲ ေပါ့ဘာက ယူနိုက္တက္မွာ ခ်စ္ျခင္း ေမတၱာေရာ ယံုၾကည္မႈေတြပါ ရရွိေနပါတယ္။ ဒါေပမယ့္ တျခား ကလပ္အသင္းေတြလည္း ရွိေနေသးတယ္။
ယူနိုက္တက္နဲ႕ ရီးရဲလ္္မက္ဒရစ္ၾကားမွာ အေျပာင္းအေရႊ႕ၾကီး အတြက္ သေဘာတူညီမႈရဖို႔ သိပ္ခက္ခဲခဲ့တယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ကလပ္အသင္းၾကီးေတြက သူတို႔ ၾကယ္ပြင့္ ကစားသမားေတြကို တျခားကလပ္ေတြထံ မလႊတ္ခ်င္ၾကဘူး။
က်ေနာ္ ခင္ဗ်ားကို ေနာက္ေနတာ မဟုတ္ဘူး။ ေပါ့ဘာ အတြက္ ရီးရဲလ္ သြားဖို႔ ဆိုတာ အျမဲ စိတ္၀င္စားတဲ့ ကိစၥပဲ။ ဇီဒန္းေၾကာင့္လည္း ပါတယ္။ သူက ေပါ့ဘာရဲ႕ ငယ္ဘ၀တည္းက ဟီးရိုးေလ။ ” လို႔ တုန္႔ျပန္ခဲ့ပါတယ္။
အနာဂတ္မွာ အေျပာင္းအေရႊ႕ သေဘာတူညီမႈ ရလာနိုင္လား အေမးကို ၄င္းက ” ဒါက က်ေနာ္ မေျပာတတ္ဘူး။ ဒါေပမယ့္ မျဖစ္နိုင္ဘူးဆိုတာေတာ့ ေဘာလံုးမွာ မရွိပါဘူး။ ျဖစ္နုိင္တာေတြ အကုန္လံုးကို ထည့္တြက္ထားဖို႔ လိုတယ္။ တကယ္လို႔ မနက္ျဖန္ ရီးရဲလ္ကလည္း ဟာဇက္နဲ႕ ေပါ့ဘာကို လဲမယ္ ဆိုပါစို႔၊ ဥပမာေပါ့။ ဒါဆို ေလးဘက္စလံုး သေဘာက်မွာပဲ မဟုတ္ဘူးလား။ ” လို႔ ေသြးတိုးစမ္း စကားနဲဲ႕ ေျဖၾကားခဲ့ပါတယ္။
ေပါ့ဘာရဲ႕ လက္ရွိစာခ်ဳပ္က ၂၀၂၂ ေႏြမွာ ကုန္ဆုံးေတာ့မွာ ျဖစ္ျပီး လက္ရွိမွာေတာ့ ယူနိုက္တက္ ကြင္းလယ္မွာ ဖာနန္ဒက္စ္နဲ႕ အတူ ေျခစြမ္းျပေနပါတယ္။