ဇွန်လ ၁၉ ရက် စပါးနဲ့ပွဲ မတိုင်ခင် ချစ်ကြည်ရေးပွဲ တစ်ပွဲ ကစားဖို့ စီစဉ်နေတဲ့ ယူနိုက်တက်

UNICODE – ဇွန်လ ၁၇ ရက်နေ့မှာတော့ ပရီးမီးယားလိဂ်ပွဲတွေကို ပြန်လည် စတင်တော့မှာဖြစ်ပြီး ယူနိုက်တက်ရဲ့ ပွဲကတော့ ဇွန်လ ၁၉ ရက်နေ့ ည ၁း၃၀ နာရီမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပြန်လည်စတင်ချိန်မှာ ပထမဆုံးပွဲအဖြစ် ယူနိုက်တက်ဟာ စပါးအသင်း အိမ်ကွင်းထံသွားပြီး ယှဉ်ပြိုင်ရမှာပါ။ နှစ်သင်းကြားမှာ ရမှတ် ၄ မှတ်ပဲ ကွာဟခြင်းကြောင့် အရေးပါတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာပါမယ်။ ပွဲစဉ် ၃၀ ကနေစပြီး ပွဲစဉ် ၃၈ အတွင်းမှာ အရေးကြီးတဲ့ ကိစ္စတစ်ခုက ကလပ်တွေဟာ အိမ်ကွင်းအားသာချက်တွေ ရှိနေမှာ မဟုတ်တော့ပါဘူး။

ဘွန်ဒက်လီဂါ ပြန်လည် စတင်လာတဲ့ အနေအထားအရ အိမ်ကွင်း၊ အဝေးကွင်းတွေဟာ အဓိက အားသာချက် မဟုတ်တော့ဘူးဆိုတာ သိထားရတယ်။ ပရီးမီးယားလိဂ် ပြန်လည်စတင်ရင် အရေးကြီးဆုံးက ရာနှုန်းပြည့် ကြံ့ခိုင်မှုဖြစ်ပြီး ဆက်တိုက် ယှဉ်ပြိုင်ရမယ့် ပွဲတွေမှာ ဘယ်အသင်းက ကြံ့ခိုင်မှု အကောင်းဆုံးလဲဆိုတာက အရေးပါလာမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အရေးပါတဲ့ ကြံ့ခိုင်ရေးဆိုင်ရာ ကိစ္စအတွက် ပရီးမီးယားလိဂ် အသင်းတွေက နောက်လပွဲမတိုင်ခင် အချင်းချင်း ရာသီကြို ချစ်ကြည်ရေးပွဲလို ပွဲတွေ ကစားဖို့ အကြံရှိနေပါတယ်။ ဒီကိစ္စကို လောလောဆယ်မှာ ကလပ်အသင်း ၂၀ လုံးက သဘောတူထားတာ မဟုတ်ပါဘူး။

ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်က အခြားသော ပရီးမီးယားလိဂ်ကလပ်နဲ့ ခြေစမ်းပွဲ ကစားဖို့ အကြံကို တရားဝင် ကြေညာထားတာဖြစ်တယ်။ ယူနိုက်တက်က ဇွန်လ ၁၉ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် စပါးနဲ့ပွဲမတိုင်ခင် ကစားသမားတွေရဲ့ ကြံ့ခိုင်မှုကို စမ်းသပ်တဲ့ ပွဲတစ်ပွဲ ကစားဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

ZAWGYI – ဇြန္လ ၁၇ ရက္ေန႔မွာေတာ့ ပရီးမီးယားလိဂ္ပြဲေတြကို ျပန္လည္ စတင္ေတာ့မွာျဖစ္ျပီး ယူႏုိက္တက္ရဲ႕ ပြဲကေတာ့ ဇြန္လ ၁၉ ရက္ေန႔ ည ၁း၃၀ နာရီမွာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ ျပန္လည္စတင္ခ်ိန္မွာ ပထမဆံုးပြဲအျဖစ္ ယူႏုိက္တက္ဟာ စပါးအသင္း အိမ္ကြင္းထံသြားျပီး ယွဥ္ျပိဳင္ရမွာပါ။ ႏွစ္သင္းၾကားမွာ ရမွတ္ ၄ မွတ္ပဲ ကြာဟျခင္းေၾကာင့္ အေရးပါတဲ့ ပြဲေကာင္းတစ္ပြဲ ျဖစ္လာပါမယ္။ ပြဲစဥ္ ၃၀ ကေနစျပီး ပြဲစဥ္ ၃၈ အတြင္းမွာ အေရးၾကီးတဲ့ ကိစၥတစ္ခုက ကလပ္ေတြဟာ အိမ္ကြင္းအားသာခ်က္ေတြ ရွိေနမွာ မဟုတ္ေတာ့ပါဘူး။

ဘြန္ဒက္လီဂါ ျပန္လည္ စတင္လာတဲ့ အေနအထားအရ အိမ္ကြင္း၊ အေဝးကြင္းေတြဟာ အဓိက အားသာခ်က္ မဟုတ္ေတာ့ဘူးဆိုတာ သိထားရတယ္။ ပရီးမီးယားလိဂ္ ျပန္လည္စတင္ရင္ အေရးၾကီးဆုံးက ရာႏႈန္းျပည့္ ၾကံ႔ခိုင္မႈျဖစ္ျပီး ဆက္တိုက္ ယွဥ္ျပိဳင္ရမယ့္ ပြဲေတြမွာ ဘယ္အသင္းက ၾကံ႕ခိုင္မႈ အေကာင္းဆံုးလဲဆိုတာက အေရးပါလာမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း အေရးပါတဲ့ ၾကံ႕ခိုင္ေရးဆိုင္ရာ ကိစၥအတြက္ ပရီးမီးယားလိဂ္ အသင္းေတြက ေနာက္လပြဲမတိုင္ခင္ အခ်င္းခ်င္း ရာသီၾကိဳ ခ်စ္ၾကည္ေရးပြဲလို ပြဲေတြ ကစားဖို႔ အၾကံရွိေနပါတယ္။ ဒီကိစၥကို ေလာေလာဆယ္မွာ ကလပ္အသင္း ၂၀ လံုးက သေဘာတူထားတာ မဟုတ္ပါဘူး။

ပရီးမီးယားလိဂ္ကလပ္ ဘရိုက္တန္က အျခားေသာ ပရီးမီးယားလိဂ္ကလပ္နဲ႔ ေျခစမ္းပြဲ ကစားဖို႔ အၾကံကို တရားဝင္ ေၾကညာထားတာျဖစ္တယ္။ ယူႏုိက္တက္က ဇြန္လ ၁၉ ရက္ေန႔မွာ ယွဥ္ျပိဳင္ရမယ့္ စပါးနဲ႔ပြဲမတိုင္ခင္ ကစားသမားေတြရဲ႕ ၾကံ႕ခိုင္မႈကို စမ္းသပ္တဲ့ ပြဲတစ္ပြဲ ကစားဖို႔ စဥ္းစားေနတာျဖစ္ပါတယ္။