မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာက အင်္ဂါနေ့မှာ ကစားမယ့် ချန်ပီယံလိဂ် ဆီမီးဒုကျော့မှာလည်း ပီအက်စ်ဂျီကို အနိုင်ယူပြီး ကလပ်သမိုင်း ပထမဆုံး အကြိမ် အဖြစ် ဥရောပ ဗိုလ်လုပွဲ တက်နိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။ မန်စီးတီးဟာ ပထမအကျော့မှာလည်း ပီအက်စ်ဂျီကို အဝေးကွင်းမှာ သွားကစားပြီး ၂-၁ နဲ့ အနိုင်ယူထားခဲ့တာပါ။
ဒီတစ်ပတ် ဆီမီးဒုတိယအကျော့ ပွဲဟာ မန်စီးတီးအတွက် အခက်ခဲဆုံး စိန်ခေါ်မှု တစ်ခု ဖြစ်မယ်လို့လည်း ဂွာဒီယိုလာက စီးတီးအသင်းသားတွေအား သတိပေးစကား ဆိုထားပါတယ်။

ဒီတစ်ကြိမ် ဗိုလ်လုပွဲ တက်နိုင်ရင် ဂွာဒီယိုလာ အနေနဲ့လည်း ဘာစီလိုနာအသင်းနဲ့ အတူ ၂၀၁၁ ဗိုလ်လုပွဲ တက်ခဲ့တဲ့ အကြိမ် နောက်ပိုင်း ပထမဆုံး အကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်မှာလည်း ဖြစ်ပါတယ်။
” ကျနော့် အတွေ့အကြုံ အရ ဆိုရင် ဆီမီးဖိုင်နယ် ပွဲတွေက အမြဲ ခက်ခဲပါတယ်။ ပထမအကျော့က ရလဒ်နဲ့ ဆက် ကစားရတာ ဖြစ်ပြီး ဗိုလ်လုပွဲကိုလည်း စိတ်ထဲက ရှိနေတယ်။ ဒီတော့ တခါတလေ ကိုယ်ကစားနေတဲ့ ပွဲကို နိုင်အောင် ကစားရမယ့် အချိန်မှာ လုပ်ရမှာတွေကို မေ့သွားတတ်တယ်။
ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ဆိုတာကတော့ အမြဲကို ခက်ခဲတာပဲ၊ အမြဲ အဲဒီလိုပဲ။ ဗိုလ်လုပွဲကတော့ လုံး၀ ခြားနားသွားတယ်။ ” လို့ ဂွာဒီယိုလာက ပွဲကြိုစကား ပြောကြားခဲ့ပါတယ်။
မန်စီးတီးဟာ ဆီမီး ပထမအကျော့ ပဲရစ်မှာ သွားကစားတုန်းက ပထမပိုင်း ပြီးချိန်မှာ ၁-၀ နဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ထူးချွန်တဲ့ စွမ်းဆောင်ရည်များနဲ့ ပြန်လာနိုင်ခဲ့ပြီး အဖိုးတန် အဝေးဂိုး ၂ ဂိုး သွင်းကာ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

Zawgyi – မန္စီးတီး နည္းျပ ပက္ ဂြာဒီယိုလာက အဂၤါေန႔မွာ ကစားမယ့္ ခ်န္ပီယံလိဂ္ ဆီမီးဒုေက်ာ့မွာလည္း ပီအက္စ္ဂ်ီကို အနုိင္ယူျပီး ကလပ္သမိုင္း ပထမဆံုး အၾကိမ္ အျဖစ္ ဥေရာပ ဗိုလ္လုပြဲ တက္နိုင္မယ္လို႔ ယံုၾကည္မႈ ရွိေနပါတယ္။ မန္စီးတီးဟာ ပထမအေက်ာ့မွာလည္း ပီအက္စ္ဂ်ီကို အေ၀းကြင္းမွာ သြားကစားျပီး ၂-၁ နဲ႕ အနုိင္ယူထားခဲ့တာပါ။
ဒီတစ္ပတ္ ဆီမီးဒုတိယအေက်ာ့ ပြဲဟာ မန္စီးတီးအတြက္ အခက္ခဲဆံုး စိန္ေခၚမႈ တစ္ခု ျဖစ္မယ္လို႔လည္း ဂြာဒီယိုလာက စီးတီးအသင္းသားေတြအား သတိေပးစကား ဆိုထားပါတယ္။
ဒီတစ္ၾကိမ္ ဗိုလ္လုပြဲ တက္နုိင္ရင္ ဂြာဒီယိုလာ အေနနဲ႕လည္း ဘာစီလိုနာအသင္းနဲ႕ အတူ ၂၀၁၁ ဗိုလ္လုပြဲ တက္ခဲ့တဲ့ အၾကိမ္ ေနာက္ပိုင္း ပထမဆံုး အၾကိမ္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ ေရာက္မွာလည္း ျဖစ္ပါတယ္။
” က်ေနာ့္ အေတြ႔အၾကံဳ အရ ဆိုရင္ ဆီမီးဖိုင္နယ္ ပြဲေတြက အျမဲ ခက္ခဲပါတယ္။ ပထမအေက်ာ့က ရလဒ္နဲ႕ ဆက္ ကစားရတာ ျဖစ္ျပီး ဗိုလ္လုပြဲကိုလည္း စိတ္ထဲက ရွိေနတယ္။ ဒီေတာ့ တခါတေလ ကိုယ္ကစားေနတဲ့ ပြဲကို နုိင္ေအာင္ ကစားရမယ့္ အခ်ိန္မွာ လုပ္ရမွာေတြကို ေမ့သြားတတ္တယ္။
ဆီမီးဖိုင္နယ္ ဒုတိယ အေက်ာ့ ဆိုတာကေတာ့ အျမဲကို ခက္ခဲတာပဲ၊ အျမဲ အဲဒီလိုပဲ။ ဗိုလ္လုပြဲကေတာ့ လံုး၀ ျခားနားသြားတယ္။ ” လို႔ ဂြာဒီယိုလာက ပြဲၾကိဳစကား ေျပာၾကားခဲ့ပါတယ္။
မန္စီးတီးဟာ ဆီမီး ပထမအေက်ာ့ ပဲရစ္မွာ သြားကစားတုန္းက ပထမပိုင္း ျပီးခ်ိန္မွာ ၁-၀ နဲ႕ အေရးနိမ့္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ထူးခၽြန္တဲ့ စြမ္းေဆာင္ရည္မ်ားနဲ႕ ျပန္လာနုိင္ခဲ့ျပီး အဖိုးတန္ အေ၀းဂိုး ၂ ဂိုး သြင္းကာ အနုိင္ယူခဲ့တာ ျဖစ္ပါတယ္။
