ဂျော်ဂျင်ဟို အတွက် ဂျူဗင်တပ်က ကစားသမား သုံးဦး အလိုက်ပေး ဆွေးနွေး

ချယ်ဆီးအသင်း ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ အလိုရှိနေတဲ့ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းဟာ ကစားသမား သုံးယောက်ထဲက တစ်ယောက်ခေါ်ဖို့ အလိုက်ပေး ကမ်းလှမ်းထားခဲ့ကာ ဆွေးနွေးနေကြောင်း အီတလီသတင်းတွေမှာ ဖော်ပြလာပါတယ်။

ဂျူဗင်တပ် နည်းပြ ဆာရီဟာ တပည့်ဟောင်း ဂျော်ဂျင်ဟိုကို ခေါ်ယူလိုတာကြောင့် ဂျူဗင်တပ်အသင်းသား သုံးယောက် ဖြစ်တဲ့ ဒေါက်ဂလပ် ကော်စတာ၊ ရာဘီရော့နဲ့ ဖက်ဒရီကို တို့ကို အလိုက်ပေး ကမ်းလှမ်းတာ ဖြစ်ပြီး ထိုထဲက တစ်ယောာက်ကို ရွေးရမှာ ဖြစ်ပါတယ်။ ထို သုံးယောက်လုံးကလည်း ဆာရီရဲ့ ရေရှည် အစီအစဉ်တွေထဲ မပါဝင်ဘဲ ရောင်းချဖို့ ရှိနေတာပါ။

ချယ်ဆီးအသင်းဟာ ထိုသုံးယောက်ထဲက ကော်စတာကို စိတ်ဝင်စားဖို့တော့ အများဆုံး ဖြစ်ပါတယ်။ ဒီနွေမှာ ဝီလီယံနဲ့ ပက်ဒရိုတို့လို တိုက်စစ်သမားတွေကို ဆုံးရှုံးရဖို့ ရှိနေတာကြောင့် အစားထိုးနိုင်မယ့် ကစားသမား လိုအပ်နေပါတယ်။

ရာဘီရော့ဘ်ကလည်း အသက် ၂၅ နှစ်သာ ရှိသေးတာကြောင့် ရေရှည်မှာ တန်ကြေးတက်ဦးမှာ ဖြစ်တဲ့ အပြင် ဂျော်ဂျင်ဟိုနေရာ ဆက်ခံ နိုင်မယ့် သူ ဖြစ်လာနိုင်ပါတယ်။ ဖက်ဒရီကို ကလည်း ချယ်ဆီးရဲ့ စောင့်ကြည့် ကစားသမားစာရင်းထဲ ပါဝင်နေပြီး ၎င်းကို ယူနိုက်တက်ကလည်း စိတ်ဝင်စားနေပါတယ်။

ဂျော်ဂျင်ဟို ဟာ နည်းပြ ဆာရီနဲ့ အတူ နာပိုလီအသင်းမှာတည်းက လက်တွဲ ခြေစွမ်းပြခဲ့ဖူးတာ ဖြစ်ပြီး နည်းပြ အကြိုက် ကစားသမား ဖြစ်တာကြောင့် ဆာရီ ချယ်ဆီးအသင်းထံ ပြောင်းလာစဉ်က တပါတည်း ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီး ကွင်းလယ်မှာ ကန်တေ၊ ကိုဗာဆစ်တို့ အပြင် ဘီလီ ဂေးလ်မားလည်း တက်လာတာကြောင့် လမ်းပတ် အနေနဲ့ လိုအပ်တဲ့ ကစားသမား ဖြည့်ဆည်းနိုင်ဖိုပ ဂျော်ဂျင်ဟိုနဲ့ လှုပ်ရှားသွားဖွယ်လည်း ရှိပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္း ကြင္းလယ္ ကစားသမား ေဂ်ာ္ဂ်င္ဟိုကို ေခၚယူဖို႔ အလိုရွိေနတဲ့ စီးရီးေအကလပ္ ဂ်ဴဗင္တပ္အသင္းဟာ ကစားသမား သံုးေယာက္ထဲက တစ္ေယာက္ေခၚဖို႔ အလုိက္ေပး ကမ္းလွမ္းထားခဲ့ကာ ေဆြးေႏြးေနေၾကာင္း အီတလီသတင္းေတြမွာ ေဖာ္ျပလာပါတယ္။

ဂ်ဴဗင္တပ္ နည္းျပ ဆာရီဟာ တပည့္ေဟာင္း ေဂ်ာ္ဂ်င္ဟိုကို ေခၚယူလိုတာေၾကာင့္ ဂ်ဴဗင္တပ္အသင္းသား သံုးေယာက္ ျဖစ္တဲ့ ေဒါက္ဂလပ္ ေကာ္စတာ၊ ရာဘီေရာ့နဲ႕ ဖက္ဒရီကို တို႔ကို အလိုက္ေပး ကမ္းလွမ္းတာ ျဖစ္ျပီး ထိုထဲက တစ္ေယာာက္ကို ေရြးရမွာ ျဖစ္ပါတယ္။ ထို သံုးေယာက္လံုးကလည္း ဆာရီရဲ႕ ေရရွည္ အစီအစဥ္ေတြထဲ မပါ၀င္ဘဲ ေရာင္းခ်ဖို႔ ရွိေနတာပါ။

ခ်ယ္ဆီးအသင္းဟာ ထိုသံုးေယာက္ထဲက ေကာ္စတာကို စိတ္၀င္စားဖို႔ေတာ့ အမ်ားဆံုး ျဖစ္ပါတယ္။ ဒီေႏြမွာ ၀ီလီယံနဲ႕ ပက္ဒရိုတို႔လို တိုက္စစ္သမားေတြကို ဆံုးရွံဳးရဖုိ႔ ရွိေနတာေၾကာင့္ အစားထိုးနုိင္မယ့္ ကစားသမား လိုအပ္ေနပါတယ္။

ရာဘီေရာ့ဘ္ကလည္း အသက္ ၂၅ နွစ္သာ ရွိေသးတာေၾကာင့္ ေရရွည္မွာ တန္ေၾကးတက္ဦးမွာ ျဖစ္တဲ့ အျပင္ ေဂ်ာ္ဂ်င္ဟိုေနရာ ဆက္ခံ နုိင္မယ့္ သူ ျဖစ္လာနုိင္ပါတယ္။ ဖက္ဒရီကို ကလည္း ခ်ယ္ဆီးရဲ႕ ေစာင့္ၾကည့္ ကစားသမားစာရင္းထဲ ပါ၀င္ေနျပီး ၄င္းကို ယူနိုက္တက္ကလည္း စိတ္၀င္စားေနပါတယ္။

ေဂ်ာ္ဂ်င္ဟို ဟာ နည္းျပ ဆာရီနဲ႕ အတူ နာပိုလီအသင္းမွာတည္းက လက္တြဲ ေျခစြမ္းျပခဲ့ဖူးတာ ျဖစ္ျပီး နည္းျပ အၾကိဳက္ ကစားသမား ျဖစ္တာေၾကာင့္ ဆာရီ ခ်ယ္ဆီးအသင္းထံ ေျပာင္းလာစဥ္က တပါတည္း ေခၚယူခဲ့တာ ျဖစ္ပါတယ္။

ခ်ယ္္ဆီး ကြင္းလယ္မွာ ကန္ေတ၊ ကိုဗာဆစ္တို႔ အျပင္ ဘီလီ ေဂးလ္မားလည္း တက္လာတာေၾကာင့္ လမ္းပတ္ အေနနဲ႕ လိုအပ္တဲ့ ကစာသမား ျဖည့္ဆည္းနုိင္ဖိုပ ေဂ်ာ္ဂ်င္ဟိုနဲ႕ လႈပ္ရွားသြားဖြယ္လည္း ရွိပါတယ္။