ချယ်ဆီးအသင်းဟာ ဒီရာသီ ရောက်ရှိထားတဲ့ ဖလား ဗိုလ်လုပွဲ နှစ်ခုကနေ နှစ်ခုလုံး ဗိုလ်စွဲနိုင်ရင် အသင်းသားတွေ ဆုကြေး များစွာ ရရှိမှာ ဖြစ်ပါတယ်။ ချယ်ဆီးက ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲတွေ ရောက်ရှိထားတာပါ။
ချယ်ဆီးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်ကာ မန်စီးတီးနဲ့ တွေ့မှာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲ ရောက်ထားလို့ ဆုကြေး ပေါင် ၅ သန်း ရထားပြီးတဲ့ တူချယ်နဲ့ ချယ်ဆီး အသင်းသားတွေဟာ ဥရောပ ချန်ပီယံ ဖြစ်ရင် နောက်ထပ် ဆုကြေး ၅ သန်းရရှိဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မေ ၁၅ ရက်နေ့မှာ ကစားရမယ့် လက်စတာနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ဗိုလ်စွဲခဲ့ရင် ချယ်ဆီး အသင်းက ဘောနပ်စ် ဆုကြေး ပေါင် ၁ သန်း ရမယ်လို့ ဒေးလီး မေးလ်က ဖော်ုထတ်ထားပါတယ်။
ဒါကြောင့် ဖလားနှစ်လုံးသာ ရရင် ဆုကြေး စုစုပေါင်း ပေါင် ၁၁ သန်းထိ ရောက်သွားမှာ ဖြစ်ပြီး ဆုကြေးငွေဟာ ပွဲနေ့ ပါဝင်ကစားတဲ့ ချယ်ဆီး အသင်းသားတွေထဲ ညီတူမျှတူ ခွဲဝေကြမှာ ဖြစ်ရာ တစ်ယောက် ပေါင် ၅ သိန်း ဝန်းကျင် ရရှိဖို့ ရှိနေပါတယ်။
ဒီလို ထပ်ဆင့် ဆုကြေး ပေါ်လစီတွေက ချန်ပီယံလိဂ် ပြိုင်ဘက် မန်စီးတီးနဲ့တော့ သိသိသာသာ ကွဲပြားနေတာ ဖြစ်ပြီး စီးတီးက ကစားသမား တစ်ယောက်စီကို အသင်းနဲ့ စာချုပ် ချုပ်တိုင်း တစ်ဦးချင်းဆုကြေးတွေသာ ထည့်သွင်းထားပါတယ်။
ပက် ဂွာဒီယိုလာရဲ့ အသင်းကလည်း မန်စီးတီးရဲ့ ကလပ်အသင်း သမိုင်း ပထမဆုံး အကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်လာတာ ဖြစ်လို့ ကျားကုတ်ကျားခဲ ယှဉ်ပြိုင် ကစားမှာတော့ ဖြစ်ပါတယ်။ တူချယ်က ပြီးခဲ့တဲ့လထဲ အက်ဖ်အေဖလား ဆီမီးမှာ တွေ့စဉ်ကတော့ မန်စီးတီးကို ဖြုတ်ချပြီး ဗိုလ်လုပွဲ တက်ခဲ့တာပါ။
ချယ်ဆီးအသင်းဟာ ခံစစ်ကြောင်း အထိုင်ကျပြီးနောက် အောင်မြင်မှုဆီ တရွေ့ရွေ့ တက်လာတာ ဖြစ်ပြီး တူချယ် နည်းပြ ဖြစ်လာတည်းက ကစားထားတဲ့ ၂၄ ပွဲမှာ ပေးဂိုး မရှိတာ ၁၈ ပွဲ ရှိထားပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒီရာသီ ေရာက္ရွိထားတဲ့ ဖလား ဗိုလ္လုပြဲ နွစ္ခုကေန နွစ္ခုလံုး ဗိုလ္စြဲနုိင္ရင္ အသင္းသားေတြ ဆုေၾကး မ်ားစြာ ရရွိမွာ ျဖစ္ပါတယ္။ ခ်ယ္ဆီးက ခ်န္ပီယံလိဂ္နဲ႕ အက္ဖ္ေအဖလား ဗိုလ္လုပြဲေတြ ေရာက္ရွိထားတာပါ။
ခ်ယ္ဆီးဟာ ျပီးခဲ့တဲ့ ဗုဒၶဟူးေန႔ကပဲ ရီးရဲလ္မက္ဒရစ္ကို အနုိင္ယူျပီး ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ တက္ေရာက္ကာ မန္စီးတီးနဲ႕ ေတြ႔မွာ ျဖစ္ပါတယ္။ ဗိုလ္လုပြဲ ေရာက္ထားလို႔ ဆုေၾကး ေပါင္ ၅ သန္း ရထားျပီးတဲ့ တူခ်ယ္နဲ႕ ခ်ယ္ဆီး အသင္းသားေတြဟာ ဥေရာပ ခ်န္ပီယံ ျဖစ္ရင္ ေနာက္ထပ္ ဆုေၾကး ၅ သန္းရရွိဦးမွာ ျဖစ္ပါတယ္။
ဒါ့အျပင္ ေမ ၁၅ ရက္ေန႔မွာ ကစားရမယ့္ လက္စတာနဲ႕ အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာ ဗိုလ္စြဲခဲ့ရင္ ခ်ယ္ဆီး အသင္းက ေဘာနပ္စ္ ဆုေၾကး ေပါင္ ၁ သန္း ရမယ္လို႔ ေဒးလီး ေမးလ္က ေဖာ္ုထတ္ထားပါတယ္။
ဒါေၾကာင့္ ဖလားႏွစ္လံုးသာ ရရင္ ဆုေၾကး စုစုေပါင္း ေပါင္ ၁၁ သန္းထိ ေရာက္သြားမွာ ျဖစ္ျပီး ဆုေၾကးေငြဟာ ပြဲေန႔ ပါ၀င္ကစားတဲ့ ခ်ယ္ဆီး အသင္းသားေတြထဲ ညီတူမွ်တူ ခြဲေ၀ၾကမွာ ျဖစ္ရာ တစ္ေယာက္ ေပါင္ ၅ သိန္း ၀န္းက်င္ ရရွိဖို႔ ရွိေနပါတယ္။
ဒီလို ထပ္ဆင့္ ဆုေၾကး ေပၚလစီေတြက ခ်န္ပီယံလိဂ္ ျပိဳင္ဘက္ မန္စီးတီးနဲ႕ေတာ့ သိသိသာသာ ကြဲျပားေနတာ ျဖစ္ျပီး စီးတီးက ကစားသမား တစ္ေယာက္စီကို အသင္းနဲ႕ စာခ်ဳပ္ ခ်ဳပ္တိုင္း တစ္ဦးခ်င္းဆုေၾကးေတြသာ ထည့္သြင္းထားပါတယ္။
ပက္ ဂြာဒီယိုလာရဲ႕ အသင္းကလည္း မန္စီးတီးရဲ႕ ကလပ္အသင္း သမိုင္း ပထမဆံုး အၾကိမ္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ ေရာက္လာတာ ျဖစ္လို႔ က်ားကုတ္က်ားခဲ ယွဥ္ျပိဳင္ ကစားမွာေတာ့ ျဖစ္ပါတယ္။ တူခ်ယ္က ျပီးခဲ့တဲ့လထဲ အက္ဖ္ေအဖလား ဆီမီးမွာ ေတြ႔စဥ္ကေတာ့ မန္စီးတီးကို ျဖဳတ္ခ်ျပီး ဗိုလ္လုပြဲ တက္ခဲ့တာပါ။
ခ်ယ္ဆီးအသင္းဟာ ခံစစ္ေၾကာင္း အထိုင္က်ျပီးေနာက္ ေအာင္ျမင္မႈဆီ တေရြ႕ေရြ႕ တက္လာတာ ျဖစ္ျပီး တူခ်ယ္ နည္းျပ ျဖစ္လာတည္းက ကစားထားတဲ့ ၂၄ ပြဲမွာ ေပးဂိုး မရွိတာ ၁၈ ပြဲ ရွိထားပါတယ္။
