မန်စီးတီးကို ကျော်ပြီး ယူနိုက်တက် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်နိုင်သေးတဲ့ လမ်းကြောင်း

၂၀၂၀-၂၀၂၁ ဘောလုံးရာသီက ပြီးဆုံးဖို့ နီးစပ်လာနေပြီဖြစ်ကာ ဒီရာသီရဲ့ လိဂ်ချန်ပီယံအသင်းဟာ မန်ချက်စတာကလပ်တစ်သင်းဖြစ်လာဖို့ သေချာနေခဲ့ပါပြီ။

လိဂ်ကို ဦးဆောင်နေတဲ့ မန်စီးတီးဟာ ရမှတ် ၈၀ ရထားပြီး လက်ကျန်ပွဲ ၃ ပွဲပဲ ကစားဖို့ ကျန်ရှိနေတာပါ။ ၎င်းတို့ ယှဉ်ပြိုင်ရမယ့်ပွဲတွေက နယူးကာဆယ် (အဝေးကွင်း)၊ ဘရိုက်တန် (အဝေးကွင်း)၊ အဲဗာတန် (အိမ်ကွင်း) ပွဲတွေဖြစ်တယ်။ အဆိုပါပွဲတွေထဲက တစ်ပွဲကို အနိုင်ရမယ်ဆိုရင်ကို မန်စီးတီးက လိဂ်ချန်ပီယံဖြစ်ပါလိမ့်မယ်။

အမှတ်ပေးဇယား ဒုတိယနေရာမှာ ရှိနေတဲ့ မန်ချက်စတာကလပ် ယူနိုက်တက်ဟာ အမှတ်ပေးပွဲ ၃၄ ပွဲ ကစားအပြီးမှာ လိဂ်ဦးဆောင်သူ မန်စီးတီးနောက် ၁၀ မှတ်အကွာမှာ ရှိနေတာပါ။ ယူနိုက်တက်က လက်ကျန်ပွဲ ၄ ပွဲ ကစားဖို့ ကျန်ရှိနေပြီး လက်စတာ (အိမ်ကွင်း)၊ လီဗာပူး (အိမ်ကွင်း)၊ ဖူလ်ဟမ် (အိမ်ကွင်း) နှင့် ဝုဗ် (အဝေးကွင်း) တို့ဖြင့် ကစားဖို့ ကျန်ရှိနေတာဖြစ်တယ်။

မန်စီးတီးက ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေပေမယ့် နောက်ဆုံး တွက်ချက်မှုတွေအရ ချန်ပီယံဖြစ်နိုင်ချေထဲမှာ ယူနိုက်တက်လည်း ပါဝင်နေဆဲဖြစ်တယ်လို့ သိရတယ်။ ယူနိုက်တက်ရဲ့ ချန်ပီယံဖြစ်နိုင်ချေက ဝ.၂% ဖြစ်ကာ ဘွန်ကီတွေကတော့ ပေါက်ကြေးလည်း ဖွင့်ထားပေးနေဆဲဖြစ်ပါတယ်။

လက်ကျန်ပွဲ အနေအထားအရ အကယ်လို့ ယူနိုက်တက်က ပွဲစဉ်အားလုံးကို အနိုင်ရပြီး မန်စီးတီးက လက်ကျန် ၃ ပွဲမှာ ရမှတ် ၁ မှတ်ထက် ပိုမရဘူးဆိုရင် အမှတ်ပေးဖလားဟာ အနီရောင် မန်ချက်စတာသားတွေလက်ထဲ ရောက်ရှိသွားမှာ ဖြစ်တယ်လို့လည်း ဘွန်ကီပေါက်ကြေးနှင့် ပူးတွဲပါ ရှင်းလင်းချက်တွေမှာ သွေးဆောင်မှုတွေ လုပ်ထားတာဖြစ်ပါတယ်။

Latest Premier League winner odds

  • Man City – 1/5000
  • Man Utd – 500/1

ZAWGYI – ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီက ျပီးဆံုးဖို႔ နီးစပ္လာေနျပီျဖစ္ကာ ဒီရာသီရဲ႕ လိဂ္ခ်န္ပီယံအသင္းဟာ မန္ခ်က္စတာကလပ္တစ္သင္းျဖစ္လာဖို႔ ေသခ်ာေနခဲ့ပါျပီ။

လိဂ္ကို ဦးေဆာင္ေနတဲ့ မန္စီးတီးဟာ ရမွတ္ ၈၀ ရထားျပီး လက္က်န္ပြဲ ၃ ပြဲပဲ ကစားဖို႔ က်န္ရွိေနတာပါ။ ၄င္းတို႔ ယွဥ္ျပိဳင္ရမယ့္ပြဲေတြက နယူးကာဆယ္ (အေဝးကြင္း)၊ ဘရိုက္တန္ (အေဝးကြင္း)၊ အဲဗာတန္ (အိမ္ကြင္း) ပြဲေတြျဖစ္တယ္။ အဆိုပါပြဲေတြထဲက တစ္ပြဲကို အႏုိင္ရမယ္ဆိုရင္ကို မန္စီးတီးက လိဂ္ခ်န္ပီယံျဖစ္ပါလိမ့္မယ္။

အမွတ္ေပးဇယား ဒုတိယေနရာမွာ ရွိေနတဲ့ မန္ခ်က္စတာကလပ္ ယူႏိုက္တက္ဟာ အမွတ္ေပးပြဲ ၃၄ ပြဲ ကစားအၿပီးမွာ လိဂ္ဦးေဆာင္သူ မန္စီးတီးေနာက္ ၁၀ မွတ္အကြာမွာ ရွိေနတာပါ။ ယူႏုိက္တက္က လက္က်န္ပြဲ ၄ ပြဲ ကစားဖို႔ က်န္ရွိေနျပီး လက္စတာ (အိမ္ကြင္း)၊ လီဗာပူး (အိမ္ကြင္း)၊ ဖူလ္ဟမ္ (အိမ္ကြင္း) ႏွင့္ ဝုဗ္ (အေဝးကြင္း) တို႔ျဖင့္ ကစားဖို႔ က်န္ရွိေနတာျဖစ္တယ္။

မန္စီးတီးက ခ်န္ပီယံျဖစ္ဖို႔ ေရပန္းအစားဆံုးျဖစ္ေနေပမယ့္ ေနာက္ဆံုး တြက္ခ်က္မႈေတြအရ ခ်န္ပီယံျဖစ္ႏုိင္ေခ်ထဲမွာ ယူႏုိက္တက္လည္း ပါဝင္ေနဆဲျဖစ္တယ္လို႔ သိရတယ္။ ယူႏုိက္တက္ရဲ႕ ခ်န္ပီယံျဖစ္ႏုိင္ေခ်က ၀.၂% ျဖစ္ကာ ဘြန္ကီေတြကေတာ့ ေပါက္ေၾကးလည္း ဖြင့္ထားေပးေနဆဲျဖစ္ပါတယ္။

လက္က်န္ပြဲ အေနအထားအရ အကယ္လို႔ ယူႏိုက္တက္က ပြဲစဥ္အားလုံးကို အႏိုင္ရၿပီး မန္စီးတီးက လက္က်န္ ၃ ပြဲမွာ ရမွတ္ ၁ မွတ္ထက္ ပိုမရဘူးဆိုရင္ အမွတ္ေပးဖလားဟာ အနီေရာင္ မန္ခ်က္စတာသားေတြလက္ထဲ ေရာက္ရွိသြားမွာ ျဖစ္တယ္လို႔လည္း ဘြန္ကီေပါက္ေၾကးႏွင့္ ပူးတြဲပါ ရွင္းလင္းခ်က္ေတြမွာ ေသြးေဆာင္မႈေတြ လုပ္ထားတာျဖစ္ပါတယ္။