ယူနိုက်တက်နဲ့ မန်စီးတီးကို အသာရဖို့ ရှိနေတဲ့ ချယ်ဆီးရဲ့ ဗဟိုခံစစ်မှူးသစ် ခေါ်ယူရေး ကိစ္စ

ချယ်ဆီးဟာ တိုက်စစ်ပိုင်းကိုပဲ အဓိက ဦးစားပေး ခေါ်ယူမှာဖြစ်ပြီး လက်တလေမှာ တိုက်စစ်သမားနဲ့ ဘယ်အစွန်လူတွေအတွက် ကြိုးစားမှုတွေ စတင်ထားပါတယ်။

ဒါပေမယ့်လည်း လူငယ်တွေများနေတဲ့ ခံစစ်ပိုင်းမှာ ဗဟိုခံစစ်ကြောင်းကို ဦးဆောင်ပေးမယ့် ခံစစ်မှူးတစ်ဦးကို ခေါ်ယူဖို့ကလည်း ဦးစားပေး ကိစ္စအဖြစ် သက်မှတ်ထားတာဖြစ်တယ်။ ချယ်ဆီးဟာ ဗဟိုခံစစ်အတွက် နာပိုလီအသင်းမှ ကူလီဘိုင်လေကို နှစ်သက်မှုရှိနေတာဖြစ်တယ်။

ဒီရာသီ ဘောက်ဆင်ဒေးနေ့က စီးရီးအေပွဲအဖြစ် အင်တာမီလန်ကို အရေးနိမ့်တဲ့ပွဲမှာ ကိုလီဘာလေရဲ့အသင်းက အရေးနိမ့်ခဲ့သလို အဆိုပါပွဲမှာ ခံစစ်သမားဟာ လူမျိုးရေးခွဲခြားခံရမှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဆီနီဂေါ ခံစစ်မှူးက အီတလီကို စွန့်ခွာဖို့ကို စတင် ဆုံးဖြတ်လာခဲ့ခြင်းဖြစ်တယ်။

အီတလီသတင်းထောက် Massimo Brambati ကတော့ “ ကူလီဘိုင်လေက နာပိုလီကနေ ထွက်ခွာပါလိမ်မယ်။ သူ့ကို အဓိက စိတ်ဝင်စားနေတဲ့ အသင်းတွေက မန်စီးတီး၊ ချယ်ဆီးနဲ့ ယူနိုက်တက်တို့ဖြစ်တယ်။ ဒါပေမယ့် ခံစစ်မှူးကို ခေါ်ယူနိုင်ရေးမှာ ချယ်ဆီးက ကျန်တဲ့ အသင်းတွေထက် သိသိသာသာ ရေပန်းစားပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ကိုရိုနာကပ်ဘေးကြောင့် နာပိုလီဟာ နွေမှာ အသုံးစရိတ် ရှာဖို့နဲ့ ဝန်လျော့မှုတွေကို လုပ်ဆောင်သွားရဖို့ ရှိနေပါတယ်။ နာပိုလီဥက္ကဌက ရှင်းထုတ်မယ့် စာရင်းမှာ ကူလီဘိုင်လေကိုလည်း ထိပ်ဆုံး တစ်နေရာက ထည့်သွင်းထားတာပါ။ ယခင်က ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ လောက်ထိ ဈေးခေါ်ခံထားရပေမယ့် ၂၀၂၃ ခုနှစ်ထိပဲ စီးရီးအေကလပ်နဲ့ စာချုပ်ရှိထားတဲ့ ခံစစ်မှူးရဲ့ တန်ကြေးဟာ ဒီနွေမှာတော့ ယူရို ၅၆ သန်းထက်ကို ကျဆင်းနိုင်တာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးဟာ တိုက္စစ္ပိုင္းကိုပဲ အဓိက ဦးစားေပး ေခၚယူမွာျဖစ္ျပီး လက္တေလမွာ တိုက္စစ္သမားနဲ႔ ဘယ္အစြန္လူေတြအတြက္ ၾကိဳးစားမႈေတြ စတင္ထားပါတယ္။

ဒါေပမယ့္လည္း လူငယ္ေတြမ်ားေနတဲ့ ခံစစ္ပိုင္းမွာ ဗဟိုခံစစ္ေၾကာင္းကို ဦးေဆာင္ေပးမယ့္ ခံစစ္မွဴးတစ္ဦးကို ေခၚယူဖို႔ကလည္း ဦးစားေပး ကိစၥအျဖစ္ သက္မွတ္ထားတာျဖစ္တယ္။ ခ်ယ္ဆီးဟာ ဗဟိုခံစစ္အတြက္ နာပိုလီအသင္းမွ ကူလီဘိုင္ေလကို ႏွစ္သက္မႈရွိေနတာျဖစ္တယ္။

ဒီရာသီ ေဘာက္ဆင္ေဒးေန႔က စီးရီးေအပြဲအျဖစ္ အင္တာမီလန္ကို အေရးနိမ့္တဲ့ပြဲမွာ ကိုလီဘာေလရဲ႕အသင္းက အေရးနိမ့္ခဲ့သလို အဆိုပါပြဲမွာ ခံစစ္သမားဟာ လူမ်ိဳးေရးခြဲျခားခံရမႈေတြကို ရင္ဆိုင္ခဲ့ရပါတယ္။ ဆီနီေဂါ ခံစစ္မွဴးက အီတလီကို စြန္႔ခြာဖို႔ကို စတင္ ဆံုးျဖတ္လာခဲ့ျခင္းျဖစ္တယ္။

အီတလီသတင္းေထာက္ Massimo Brambati ကေတာ့ “ ကူလီဘိုင္ေလက နာပိုလီကေန ထြက္ခြာပါလိမ္မယ္။ သူ႔ကို အဓိက စိတ္ဝင္စားေနတဲ့ အသင္းေတြက မန္စီးတီး၊ ခ်ယ္ဆီးနဲ႔ ယူႏုိက္တက္တို႔ျဖစ္တယ္။ ဒါေပမယ့္ ခံစစ္မွဴးကို ေခၚယူႏုိင္ေရးမွာ ခ်ယ္ဆီးက က်န္တဲ့ အသင္းေတြထက္ သိသိသာသာ ေရပန္းစားပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ကိုရိုနာကပ္ေဘးေၾကာင့္ နာပိုလီဟာ ေႏြမွာ အသံုးစရိတ္ ရွာဖို႔နဲ႔ ဝန္ေလ်ာ့မႈေတြကို လုပ္ေဆာင္သြားရဖို႔ ရွိေနပါတယ္။ နာပိုလီဥကၠဌက ရွင္းထုတ္မယ့္ စာရင္းမွာ ကူလီဘိုင္ေလကိုလည္း ထိပ္ဆံုး တစ္ေနရာက ထည့္သြင္းထားတာပါ။ ယခင္က ေျပာင္းေရႊ႔ေၾကး ယူရို သန္း ၁၀၀ ေလာက္ထိ ေစ်းေခၚခံထားရေပမယ့္ ၂၀၂၃ ခုႏွစ္ထိပဲ စီးရီးေအကလပ္နဲ႔ စာခ်ဳပ္ရွိထားတဲ့ ခံစစ္မွဴးရဲ႕ တန္ေၾကးဟာ ဒီေႏြမွာေတာ့ ယူရို ၅၆ သန္းထက္ကို က်ဆင္းႏုိင္တာျဖစ္ပါတယ္။