ချယ်ဆီးပိုင်ရှင် အေဘရာမိုဗစ်က ကလပ်ရဲ့ မန်နေဂျာတူချယ်ကို ပံ့ပိုးပေးမှုကြီးအဖြစ် ဒီနွေမှာ အသုံးစရိတ်ကြီးတစ်ခု ထုတ်ပေးသွားမယ်လို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ နွေတုန်းက မန်နေဂျာလမ်းပတ်ကို ပေါင် ၂၅၃ သန်း ထုတ်ပေးခဲ့ပြီး ဟာဗက်၊ ဗာနာ၊ ချီဝဲလ်၊ မန်ဒီ၊ ဇီယက်တို့လို ကစားသမားတွေ ခေါ်ယူခွင့် ပေးခဲ့သေးတာပါ။ မန်နေဂျာလမ်းပတ် စိတ်ကြိုက် လူစာရင်းအတွက် ငွေအား အလုံးအရင်း ထုတ်ပေးခဲ့ပေမယ့်လည်း ကလပ်ရဲ့ ရပ်တည်မှု နိမ့်ကျလာခြင်းကြောင့် ရာထူးကနေ ထုတ်ပယ်ခဲ့တယ်။
လမ်းပတ်ရဲ့ လူစာရင်းကိုပဲ အဓိက ကိုင်တွယ်ရမယ့် တူချယ်ဟာ ဒီနွေမှာတော့ အသုံးစရိတ် ပေါင် ၁၅၀ သန်း ထပ်ရမယ်လို့ သိထားရတယ်။ အဆိုပါ ငွေကြေးတွေကို ဂျီးရူး၊ အေဘရာဟမ်တို့ ထွက်ခွာမှုကြောင့် အားနည်းသွားမယ့် အထောင်တိုက်စစ်မှူးသစ် ခေါ်ယူရေးအတွက် တူချယ် အသုံးပြုသွားဖွယ်ရှိကြောင်းလည်း ကြားသိရတယ်။
အသက် ၂၀ အရွယ် ဒေါ့မွန်တိုက်စစ်သမားဟာ နွေမှာ ထွက်ခွာမယ့် အဂွယ်ရိုနေရာ အစားထိုးဖို့ရာ မန်စီးတီးရဲ့ ဦးစားပေး ပစ်မှတ်လည်းဖြစ်တယ်။ ဟာလန်းကို ခေါ်ယူဖို့အတွက် မန်စီးတီးဟာ ပြည်တွင်းပြိုင်ဘက် ချယ်ဆီးအသင်းနဲ့အပြိုင် ကြိုးစားရမှာဖြစ် အင်္ဂလန်ကလပ်တွေက နော်ဝေသား တိုက်စစ်သမားအတွက် ပြောင်းရွှေ့ကြေး ညိနှိုင်းခွင့်ရနိုင်မယ်လို့ ယုံကြည်နေကြဆဲဖြစ်ပါတယ်။
ချယ်ဆီးအသင်းဟာ တူချယ်ရဲ့ စွမ်းဆောင်ရည်တွေကို အထင်ကြီးနေပြီး နှစ်နှစ် သက်တမ်းတိုးနဲ့ နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့် ပါဝင်တဲ့ စာချုပ်သစ်ပေးဖို့လည်း ပြင်ဆင်နေသေးတာဖြစ်ပါတယ်။

ZAWGYI – ခ်ယ္ဆီးပိုင္ရွင္ ေအဘရာမိုဗစ္က ကလပ္ရဲ႕ မန္ေနဂ်ာတူခ်ယ္ကို ပံ့ပိုးေပးမႈၾကီးအျဖစ္ ဒီေႏြမွာ အသံုးစရိတ္ၾကီးတစ္ခု ထုတ္ေပးသြားမယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပပါတယ္။
ျပီးခဲ့တဲ့ ေႏြတုန္းက မန္ေနဂ်ာလမ္းပတ္ကို ေပါင္ ၂၅၃ သန္း ထုတ္ေပးခဲ့ျပီး ဟာဗက္၊ ဗာနာ၊ ခ်ီဝဲလ္၊ မန္ဒီ၊ ဇီယက္တို႔လို ကစားသမားေတြ ေခၚယူခြင့္ ေပးခဲ့ေသးတာပါ။ မန္ေနဂ်ာလမ္းပတ္ စိတ္ၾကိဳက္ လူစာရင္းအတြက္ ေငြအား အလံုးအရင္း ထုတ္ေပးခဲ့ေပမယ့္လည္း ကလပ္ရဲ႕ ရပ္တည္မႈ နိမ့္က်လာျခင္းေၾကာင့္ ရာထူးကေန ထုတ္ပယ္ခဲ့တယ္။
လမ္းပတ္ရဲ႕ လူစာရင္းကိုပဲ အဓိက ကိုင္တြယ္ရမယ့္ တူခ်ယ္ဟာ ဒီေႏြမွာေတာ့ အသံုးစရိတ္ ေပါင္ ၁၅၀ သန္း ထပ္ရမယ္လို႔ သိထားရတယ္။ အဆိုပါ ေငြေၾကးေတြကို ဂ်ီးရူး၊ ေအဘရာဟမ္တုိ႔ ထြက္ခြာမႈေၾကာင့္ အားနည္းသြားမယ့္ အေထာင္တိုက္စစ္မွဴးသစ္ ေခၚယူေရးအတြက္ တူခ်ယ္ အသံုးျပဳသြားဖြယ္ရွိေၾကာင္းလည္း ၾကားသိရတယ္။
အသက္ ၂၀ အရြယ္ ေဒါ့မြန္တိုက္စစ္သမားဟာ ေႏြမွာ ထြက္ခြာမယ့္ အဂြယ္ရိုေနရာ အစားထိုးဖို႔ရာ မန္စီးတီးရဲ႕ ဦးစားေပး ပစ္မွတ္လည္းျဖစ္တယ္။ ဟာလန္းကို ေခၚယူဖို႔အတြက္ မန္စီးတီးဟာ ျပည္တြင္းျပိဳင္ဘက္ ခ်ယ္ဆီးအသင္းနဲ႔အျပိဳင္ ၾကိဳးစားရမွာျဖစ္ အဂၤလန္ကလပ္ေတြက ေနာ္ေဝသား တိုက္စစ္သမားအတြက္ ေျပာင္းေရႊ႔ေၾကး ညိႏိႈင္းခြင့္ရႏိုင္မယ္လို႔ ယံုၾကည္ေနၾကဆဲျဖစ္ပါတယ္။
ခ်ယ္ဆီးအသင္းဟာ တူခ်ယ္ရဲ႕ စြမ္းေဆာင္ရည္ေတြကို အထင္ၾကီးေနျပီး ႏွစ္ႏွစ္ သက္တမ္းတိုးနဲ႔ ေနာက္ထပ္ တစ္ႏွစ္ သက္တမ္းတိုးခြင့္ ပါဝင္တဲ့ စာခ်ဳပ္သစ္ေပးဖို႔လည္း ျပင္ဆင္ေနေသးတာျဖစ္ပါတယ္။
