ယူနိုက်တက်ရဲ့ နွေ နံပါတ် ၁ ပစ်မှတ် အဖြစ် ဆိုးရှား တောင်းဆိုထားတဲ့ ပေါင် သန်း ၄၀ တန် ခံစစ်မှူး

မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်နွေမှာ ရီးရဲလ်မက်ဒရစ် ခံစစ်မှူး ရာဖေးလ် ဗာရိန်းကို ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားဟာ အိုးထရက်ဖို့ဒ်မှာ နောက်ရာသီကျ မက်ဂွဲရားနဲ့ တွဲဖက်ဖို့ ဗာရိန်းကို အလိုရှိကြောင်း အသင်း တာဝန်ရှိသူတွေထံ တောင်းဆိုထားပါတယ်။

ပြင်သစ်လက်ရွေးစင် အသင်းနဲ့ အတူ ၂၀၁၈ ကမ္ဘာ့ဖလား ဗိုလ်စွဲခဲ့တဲ့ ဗာရိန်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလုံး ရီးရဲလ်မှာ ကစားခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင်ဖို့ ထွက်ခွာလိုကြောင်း ရီးရဲလ်အား အသိပေးထားပါတယ်။

အသက် ၂၈ နှစ် အရွယ် ခံစစ်မှူးဟာ ရီးရဲလ်နဲ့ လက်ရှိစာချုပ်က တစ်နှစ်သာ ကျန်ရှိတာကြောင့် မန်ယူနိုက်တက်ကတော့ ပေါင် သန်း ၄၀ လောက်နဲ့ ကမ်းလှမ်းရင် ဖြစ်နိုင်တယ်လို့ ယုံကြည်မှု ရှိနေပါတယ်။ ယခင်ကလည်း ယူနိုက်တက်ဟာ ဗာရိန်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပြီး ဒီနွေမှာ ထပ်မံ ကြိုးပမ်းရင် တတိယ အကြိမ် ဖြစ်လာမှာပါ။

ဆိုးရှားက အမှတ်ပေးဖလား စိန်ခေါ်ဖို့ ဆိုရင် ဒီနွေမှာ ကမ္ဘာ့အဆင့် ကစားသမား နှစ်ဦး သုံးဦး ခေါ်ယူဖို့ လိုအပ်ကြောင်း ဝန်ခံထားပြီး ဗဟိုခံစစ်မှူး တစ်ဦး ဦးစားပေး ခေါ်ယူဖို့ ရှိနေပါတယ်။ ညက လီဗာပူးကို ၄-၂ နဲ့ ရှုံးတဲ့ ပွဲမှာ မက်ဂွဲရား မပါနိုင်ချိန် ယူနိုက်တက်ရဲ့ ခံစစ်ပိုင်း လစ်ဟာမှုက ပိုမိုသိသာစေခဲ့ပါတယ်။

မက်ဂွဲရား တန်ဖိုးဟာ ၎င်း မပါနိုင်ချိန် နောက်ဆုံး နှစ်ပွဲမှာ ပိုမိုသိသာစေခဲ့ပြီး ဒီနှစ်ပွဲမှာတင် ပေးဂိုး ၆ ဂိုး ထိ ရှိထားပါတယ်။ အင်္ဂလန်သားဟာ ယူနိုက်တက်ရဲ့ ဖလား မျှော်လင့်ချက် ဖြစ်တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ အမှီတော့ ပြန် ကစားနိုင်ဖွယ် ရှိပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ လာမယ့္ေႏြမွာ ရီးရဲလ္မက္ဒရစ္ ခံစစ္မွဴး ရာေဖးလ္ ဗာရိန္းကို ေပါင္ သန္း ၄၀ နဲ႕ ကမ္းလွမ္းမႈ ျပဳလုပ္ဖို႔ ျပင္ဆင္ေနပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားဟာ အိုးထရက္ဖို႔ဒ္မွာ ေနာက္ရာသီက် မက္ဂြဲရားနဲ႕ တြဲဖက္ဖို႔ ဗာရိန္းကို အလိုရွိေၾကာင္း အသင္း တာ၀န္ရွိသူေတြထံ ေတာင္းဆိုထားပါတယ္။

ျပင္သစ္လက္ေရြးစင္ အသင္းနဲ႕ အတူ ၂၀၁၈ ကမၻာ့ဖလား ဗိုလ္စြဲခဲ့တဲ့ ဗာရိန္းဟာ ျပီးခဲ့တဲ့ ဆယ္စုနွစ္ တစ္ခုလံုး ရီးရဲလ္မွာ ကစားခဲ့တာ ျဖစ္ျပီး လက္ရွိမွာေတာ့ စိန္ေခၚမႈ အသစ္ေတြ ရင္ဆိုင္ဖို႔ ထြက္ခြာလိုေၾကာင္း ရီးရဲလ္အား အသိေပးထားပါတယ္။

အသက္ ၂၈ နွစ္ အရြယ္ ခံစစ္မွဴးဟာ ရီးရဲလ္နဲ႕ လက္ရွိစာခ်ဳပ္က တစ္နွစ္သာ က်န္ရွိတာေၾကာင့္ မန္ယူနိုက္တက္ကေတာ့ ေပါင္ သန္း ၄၀ ေလာက္နဲ႕ ကမ္းလွမ္းရင္ ျဖစ္နုိင္တယ္လို႔ ယံုၾကည္မႈ ရွိေနပါတယ္။ ယခင္ကလည္း ယူနိုက္တက္ဟာ ဗာရိန္းကို ေခၚယူဖို႔ ၾကိဳးပမ္းခဲ့ဖူးျပီး ဒီေႏြမွာ ထပ္မံ ၾကိဳးပမ္းရင္ တတိယ အၾကိမ္ ျဖစ္လာမွာပါ။

ဆိုးရွားက အမွတ္ေပးဖလား စိန္ေခၚဖို႔ ဆိုရင္ ဒီေႏြမွာ ကမၻာ့အဆင့္ ကစားသမား ႏွစ္ဦး သံုးဦး ေခၚယူဖို႔ လိုအပ္ေၾကာင္း ၀န္ခံထားျပီး ဗဟိုခံစစ္မွဴး တစ္ဦး ဦးစားေပး ေခၚယူဖို႔ ရွိေနပါတယ္။ ညက လီဗာပူးကို ၄-၂ နဲ႕ ရွံဳးတဲ့ ပြဲမွာ မက္ဂြဲရား မပါနုိင္ခ်ိန္ ယူနိုက္တက္ရဲ႕ ခံစစ္ပိုင္း လစ္ဟာမႈက ပိုမိုသိသာေစခဲ့ပါတယ္။

မက္ဂြဲရား တန္ဖိုးဟာ ၄င္း မပါနိုင္ခ်ိန္ ေနာက္ဆံုး နွစ္ပြဲမွာ ပိုမိုသိသာေစခဲ့ျပီး ဒီနွစ္ပြဲမွာတင္ ေပးဂိုး ၆ ဂိုး ထိ ရွိထားပါတယ္။ အဂၤလန္သားဟာ ယူနိုက္တက္ရဲ႕ ဖလား ေမွ်ာ္လင့္ခ်က္ ျဖစ္တဲ့ ယူရိုပါလိဂ္ ဗိုလ္လုပြဲ အမွီေတာ့ ျပန္ ကစားနိုင္ဖြယ္ ရွိပါတယ္။