UNICODE – အင်တာမီလန် အကြီးအကဲ Piero Ausilio ကိုယ်တိုင်က လာမယ့် စီးရီးအေပွဲ ၁၂ ပွဲမှာ ဆန်းချက် ခြေစွမ်းပြနိုင်မယ်ဆိုရင် အပြီးသတ် ခေါ်ယူဖို့ စဉ်းစားမယ်လို့ ထုတ်ပြောသွားခဲ့တယ်။
အင်တာမီလန်ဟာ ဆန်းချက်ကို တစ်ပတ် ပေါင် ၁ သိန်း လုပ်ခ ပေးချေပေးဖို့ သဘောတူညီမှုနဲ့ ခေါ်ယူထားခဲ့ပေမယ့် တစ်ရာသီလုံးမှာ သူဟာ ၁၅ ပွဲပဲ ကစားပေးထားနိုင်ပါတယ်။ အဆိုပါ ၁၅ ပွဲမှာလည်း ကိုယ်တိုင် ၁ ဂိုးပဲ သွင်းယူထားနိုင်ကာ ဂိုးထောက်ပံ့မှု ၃ ကြိမ် လုပ်ပေးထားတာဖြစ်တယ်။
မန်နေဂျာဆိုးရှားကတော့ အင်တာမီလန်ကနေ ပြန်လာမယ့် ဆန်းချက်ကို ကလပ်မှာ အခွင့်အရေး ပေးမယ်လို့ ပြောဆိုထားခဲ့ပြီး ဒီကနေ့မှာတော့ အင်တာ အကြီးအကဲထံကနေ ရာသီသိမ်းချိန်ထိ စွမ်းဆောင်ရည်ကောင်းတွေ ပြန်လည် ပြသနိုင်မယ်ဆိုရင် ဆန်းချက်ကို ခေါ်ယူလိုက်ဖို့ကိုလည်း စိတ်ဝင်စားနေတယ်လို့ ဝန်ခံခဲ့တာပါ။
Ausilio က ‘ ဆန်းချက် အပါအဝင် ကစားသမားတိုင်းကို ဆက်လက် ထိန်းသိမ်းလိုပါတယ်။ လာမယ့် လတွေအတွက် သူ့ကိုလည်း ထည့်တွက်ထားပါတယ်။ ကာလအတန်ကြာ သူက ဒဏ်ရာရနေခဲ့တယ်။ ဒါပေမယ် ဘာစီလိုနာနဲ့ ဆမ့်ဒိုးရီးယား ပွဲတွေ မတိုင်ခင်မှာ သူက အကောင်းဆုံး လုပ်ခဲ့ပါတယ်။
အူးဒီးနီးနဲ့ အာဆင်နယ်အသင်းတွေမှာ ဆန်းချက်ရဲ့ အကောင်းဆုံး ပုံစံတွေကို မြင်တွေထားခဲ့ရတယ်။ သူက အချိန်တွေ အများကြီး မရထားပါဘူး။ ဒါပေမယ့် အခုချိန်ကနေစပြီး သူ့ရဲ့ အလားအလာတွေကို ပြသဖို့ အခွင့်အရေး ရပါပြီ အဲ့တာပြီးရင်တော့ သူနဲ့ ပက်သက်ပြီး ဆုံးဖြတ်မှုတွေ ပြုလုပ်ပါမယ် ’ လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အင်တာဘက်က ထုတ်ဖော်ပြောဆိုမှုဟာ ယူနိုက်တက်နဲ့ ဆန်းချက်အတွက် သတင်းကောင်း ဖြစ်ဖွယ် ရှိနေပါတယ်။ ယူနိုက်တက်ဟာ ဆန်းချက်အတွက် တစ်ပတ်ကို ပေါင် ၃၅၀၀၀၀ ကနေ ဆုကြေးတွေအပါ ပေါင် ၅ သိန်းထိ ပေးရနိုင်တဲ့ စာချုပ် ရှိထားတာပါ။ ချီလီသားကို လက်လွတ်ရမယ်ဆိုရင် ကုန်ကျစရိတ် သန်းပေါင်းများစွာကို သက်သာသွားမှာပဲ ဖြစ်ပါတယ်။
ZAWGYI – အင္တာမီလန္ အၾကီးအကဲ Piero Ausilio ကိုယ္တိုင္က လာမယ့္ စီးရီးေအပြဲ ၁၂ ပြဲမွာ ဆန္းခ်က္ ေျခစြမ္းျပႏုိင္မယ္ဆိုရင္ အျပီးသတ္ ေခၚယူဖို႔ စဥ္းစားမယ္လို႔ ထုတ္ေျပာသြားခဲ့တယ္။
အင္တာမီလန္ဟာ ဆန္းခ်က္ကို တစ္ပတ္ ေပါင္ ၁ သိန္း လုပ္ခ ေပးေခ်ေပးဖို႔ သေဘာတူညီမႈနဲ႔ ေခၚယူထားခဲ့ေပမယ့္ တစ္ရာသီလံုးမွာ သူဟာ ၁၅ ပြဲပဲ ကစားေပးထားႏုိင္ပါတယ္။ အဆိုပါ ၁၅ ပြဲမွာလည္း ကိုယ္တိုင္ ၁ ဂိုးပဲ သြင္းယူထားႏုိင္ကာ ဂိုးေထာက္ပံ့မႈ ၃ ၾကိမ္ လုပ္ေပးထားတာျဖစ္တယ္။
မန္ေနဂ်ာဆိုးရွားကေတာ့ အင္တာမီလန္ကေန ျပန္လာမယ့္ ဆန္းခ်က္ကို ကလပ္မွာ အခြင့္အေရး ေပးမယ္လို႔ ေျပာဆိုထားခဲ့ျပီး ဒီကေန႔မွာေတာ့ အင္တာ အၾကီးအကဲထံကေန ရာသီသိမ္းခ်ိန္ထိ စြမ္းေဆာင္ရည္ေကာင္းေတြ ျပန္လည္ ျပသႏုိင္မယ္ဆိုရင္ ဆန္းခ်က္ကို ေခၚယူလိုက္ဖို႔ကိုလည္း စိတ္ဝင္စားေနတယ္လို႔ ဝန္ခံခဲ့တာပါ။
Ausilio က ‘ ဆန္းခ်က္ အပါအဝင္ ကစားသမားတိုင္းကို ဆက္လက္ ထိန္းသိမ္းလိုပါတယ္။ လာမယ့္ လေတြအတြက္ သူ႔ကိုလည္း ထည့္တြက္ထားပါတယ္။ ကာလအတန္ၾကာ သူက ဒဏ္ရာရေနခဲ့တယ္။ ဒါေပမယ္ ဘာစီလိုနာနဲ႔ ဆမ့္ဒိုးရီးယား ပြဲေတြ မတိုင္ခင္မွာ သူက အေကာင္းဆံုး လုပ္ခဲ့ပါတယ္။
အူးဒီးနီးနဲ႔ အာဆင္နယ္အသင္းေတြမွာ ဆန္းခ်က္ရဲ႕ အေကာင္းဆံုး ပံုစံေတြကို ျမင္ေတြထားခဲ့ရတယ္။ သူက အခ်ိန္ေတြ အမ်ားၾကီး မရထားပါဘူး။ ဒါေပမယ့္ အခုခ်ိန္ကေနစျပီး သူ႔ရဲ႕ အလားအလာေတြကို ျပသဖို႔ အခြင့္အေရး ရပါျပီ အဲ့တာျပီးရင္ေတာ့ သူနဲ႔ ပက္သက္ျပီး ဆံုးျဖတ္မႈေတြ ျပဳလုပ္ပါမယ္ ’ လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
အင္တာဘက္က ထုတ္ေဖာ္ေျပာဆိုမႈဟာ ယူႏုိက္တက္နဲ႔ ဆန္းခ်က္အတြက္ သတင္းေကာင္း ျဖစ္ဖြယ္ ရွိေနပါတယ္။ ယူႏုိက္တက္ဟာ ဆန္းခ်က္အတြက္ တစ္ပတ္ကို ေပါင္ ၃၅၀၀၀၀ ကေန ဆုေၾကးေတြအပါ ေပါင္ ၅ သိန္းထိ ေပးရႏုိင္တဲ့ စာခ်ဳပ္ ရွိထားတာပါ။ ခ်ီလီသားကို လက္လြတ္ရမယ္ဆိုရင္ ကုန္က်စရိတ္ သန္းေပါင္းမ်ားစြာကို သက္သာသြားမွာပဲ ျဖစ္ပါတယ္။