ယနေ့နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (31/05/20)

ဂျူဗင်တပ်က ယူနိုက်တက်ကွင်းလယ်သမား ပေါ့ဘာကို ခေါ်ယူဖို့အတွက် ရာဘီရော့ကို အလဲအထပ် အဖြစ် ထည့်သွင်း ကမ်းလှမ်းထားပြီး ယူနိုက်တက်ကလည်း စိတ်ဝင်စားမှု ပြသထားကြောင်း အီတလီ သတင်းတွေက ဖော်ပြနေပါတယ်။

အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးဟာ ဆန်းချက်ကို အလဲအထပ်နဲ့ ယူနိုက်တက်ထံ လက်လွှတ်ခဲ့ရစဉ်က တိုက်စစ်မှူး မာရှယ်ကို တောင်းဆိုခဲ့တာ ဖြစ်ပြီး အဆုံးမှာတော့ မီခီတာရန်နဲ့ သဘောတူညီဖြစ်ခဲ့တာလို့ သိရပါတယ်။

ဇွန် ၁၇ ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲတွေ ပြန်စတင်မှာ ဖြစ်လို့ တကယ့်ပွဲတွေ မတိုင်ခင် ကလပ်အသင်းများက ခြေစမ်းပွဲများ ကစားလို နေကြပြီး ယူနိုက်တက်ကလည်း ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားရန် စီစဉ်လိုနေပါတယ်။

အီတလီဘက်မှ စကိုင်းစပေါ့ သတင်းထောက် အဆိုအရ တိုက်စစ်မှူး တီမိုဝါနာက လီဗာပူးအသင်းသာ သူ့အတွက် စာချုပ်ဖျက်သိမ်းကြေး ပေး မခေါ်ယူလိုဘူးဆိုရင် မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့လည်း လက်ခံစဉ်းစားသွားမယ်လို့ သိရပါတယ်။

အစ်ဟာလိုနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ရဲ့ အငှါးစာချုပ်က ကုန်ဆုံးပြီ ဖြစ်ပေမယ့် ယူနိုက်တက်ကတော့ နောက်နှစ် ဇန်နဝါရီထိ နိုင်ဂျီးရီးယားသားကို ဆက်ခေါ်နိုင်ဖို့ အတွက် ကြိုးစားနေပါတယ်။

ဘာစီလိုနာမှ ဘရာဇီး ကွင်းလယ် ကစားသမား ကော်တင်ညိုကို မန်ချက်စတာ ယူနိုက်တက် မခေါ်ယူဖို့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က သတိပေးလိုက်ပြီး ကော်တင်ညို အနေနဲ့လည်း ၎င်းရဲ့ အပြောင်းအရွှေ့ ကိစ္စတွေကို သေချာ စဉ်းစားသင့်ကြောင်း သတိပေးခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲထိ တက်ရောက်ခဲ့ရင် သြဂုတ် ၂၅ ရက်မှာ ယှဉ်ပြိုင် ရမှာ ဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ နောက်ရာသီ ပွဲစဉ်တွေက စက်တင်ဘာ ၁၂ မှာ စတင်မှာ ဖြစ်လို့ အားလပ်ရက် အနည်းငယ်သာ ရမှာ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ဘိုင်ယန်ကွင်းလယ်ဟောင်း ရှဝိုင်းစတိုင်ဂါက ပရိုဘောလုံးလောကရဲ့ စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေကို လွမ်းဆွတ် နေကြောင်း ဝန်ခံလိုက်ပြီး ဘောလုံးအသင်း မန်နေဂျာ အဖြစ် တချိန်မှာ ပြန်လာဖို့ စိတ်ဝင်စားနေပါတယ်။

Zawgyi – ဂ်ဴဗင္တပ္က ယူနိုက္တက္ကြင္းလယ္သမား ေပါ့ဘာကို ေခၚယူဖို႔အတြက္ ရာဘီေရာ့ကို အလဲအထပ္ အျဖစ္ ထည့္သြင္း ကမ္းလွမ္းထားျပီး ယူနိုက္တက္ကလည္း စိတ္၀င္စားမႈ ျပသထားေၾကာင္း အီတလီ သတင္းေတြက ေဖာ္ျပေနပါတယ္။

အာဆင္နယ္နည္းျပေဟာင္း အာဆင္၀င္းဂါးဟာ ဆန္းခ်က္ကို အလဲအထပ္နဲ႕ ယူနိုက္တက္ထံ လက္လႊတ္ခဲ့ရစဥ္က တိုက္စစ္မွဴး မာရွယ္ကို ေတာင္းဆိုခဲ့တာ ျဖစ္ျပီး အဆံုးမွာေတာ့ မီခီတာရန္နဲ႕ သေဘာတူညီျဖစ္ခဲ့တာလို႔ သိရပါတယ္။

ဇြန္ ၁၇ ရက္ေန႔မွာ ပရီးမီးယားလိဂ္ ပြဲေတြ ျပန္စတင္မွာ ျဖစ္လို႔ တကယ့္ပြဲေတြ မတိုင္ခင္ ကလပ္အသင္းမ်ားက ေျခစမ္းပြဲမ်ား ကစားလို ေနၾကျပီး ယူနုိက္တက္ကလည္း ခ်စ္ၾကည္ေရး ေျခစမ္းပြဲ ကစားရန္ စီစဥ္လိုေနပါတယ္။

အီတလီဘက္မွ စကိုင္းစေပါ့ သတင္းေထာက္ အဆိုအရ တိုက္စစ္မွဴး တီမို၀ါနာက လီဗာပူးအသင္းသာ သူ႔အတြက္ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပး မေခၚယူလိုဘူးဆိုရင္ မန္ခ်က္စတာ ယူနုိက္တက္ထံ ေျပာင္းေရႊ႕ဖို႔လည္း လက္ခံစဥ္းစားသြားမယ္လို႔ သိရပါတယ္။

အစ္ဟာလိုနဲ႔ မန္ခ်က္စတာ ယူနိုက္တက္ အသင္းတို႔ရဲ႕ အငွါးစာခ်ဳပ္က ကုန္ဆံုးျပီ ျဖစ္ေပမယ့္ ယူနိုက္တက္ကေတာ့ ေနာက္နွစ္ ဇန္န၀ါရီထိ နိုင္ဂ်ီးရီးယားသားကို ဆက္ေခၚနုိင္ဖို႔ အတြက္ ၾကိဳးစားေနပါတယ္။

ဘာစီလိုနာမွ ဘရာဇီး ကြင္းလယ္ ကစားသမား ေကာ္တင္ညိဳကို မန္ခ်က္စတာ ယူနုိက္တက္ မေခၚယူဖို႔ တိုက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္က သတိေပးလိုက္ျပီး ေကာ္တင္ညိဳ အေနနဲ႕လည္း ၎ရဲ႕ အေျပာင္းအေ႐ႊ႕ ကိစၥေတြကို ေသခ်ာ စဥ္းစားသင့္ေၾကာင္း သတိေပးခဲ့ပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္အသင္းဟာ ယူရိုပါလိဂ္ ဗိုလ္လုပြဲထိ တက္ေရာက္ခဲ့ရင္ ၾသဂုတ္ ၂၅ ရက္မွာ ယွဥ္ျပိဳင္ ရမွာ ျဖစ္ျပီး ပရီးမီးယားလိဂ္ရဲ႕ ေနာက္ရာသီ ပြဲစဥ္ေတြက စက္တင္ဘာ ၁၂ မွာ စတင္မွာ ျဖစ္လို႔ အားလပ္ရက္ အနည္းငယ္သာ ရမွာ ျဖစ္ပါတယ္။

ယူနိုက္တက္နဲ႕ ဘိုင္ယန္ကြင္းလယ္ေဟာင္း ရွ၀ိုင္းစတိုင္ဂါက ပရိုေဘာလံုးေလာကရဲ႕ စိတ္လႈပ္ရွားစရာ အခိုက္အတန္႔ေတြကို လြမ္းဆြတ္ ေနေၾကာင္း ၀န္ခံလိုက္ျပီး ေဘာလံုးအသင္း မန္ေနဂ်ာ အျဖစ္ တခ်ိန္မွာ ျပန္လာဖို႔ စိတ္၀င္စားေနပါတယ္။