အာဆင်နယ် ဂျာစီနဲ့ ထိုက်တန်ပါပြီ လို့ နည်းပြ အာတီတာ ချီးကျူးတာ ခံလိုက်ရတဲ့ အသင်းသား

အာဆင်နယ်အသင်းရဲ့ အိုင်ဗရီကို့စ်သား တိုက်စစ်သမား နစ်ကိုးလပ်စ် ပီပီဟာ ညက ဆဲလ်ဟက်ပါ့ခ်မှာ သွားရောက် ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ အာဆင်နယ် အတွက် အရေးပါတဲ့ ဂိုး ၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ထိုပွဲမှာ အာဆင်နယ်က ၃ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

နည်းပြ အာတီတာကတော့ နစ်ကိုးလပ်စ် ပီပီဟာ အာဆင်နယ် ဂျာစီကို ဝတ်ဆင်ပြီး ထိုက်တန်တဲ့ ခြေစွမ်းတွေ ပြသလာနေပြီ ဖြစ်ကြောင်း ပွဲ အပြီးမှာ ချီးကျူးစကား ဆိုခဲ့ပါတယ်။ အဝေးကွင်း နိုင်ပွဲကောင်း ရခဲ့ပေမယ့် အာဆင်နယ် နောက်ရာသီ ယူရိုပါလိဂ် ဝင်ကစားဖို့ကတော့ မဖြစ်နိုင်သလောက် ရှိနေပါတယ်။

ပီပီက နောက်ဆုံး ကစားထားတဲ့ ၁၀ ပွဲမှာ ၆ ဂိုး သွင်းယူထားပြီး ဖြည်းဖြည်းမှန်မှန်နဲ့ ခြေစွမ်း တည်ငြိမ်မှုတွေလည်း ပြသလာနေပြီ ဖြစ်ပါတယ်။

တောင်ပံတိုက်စစ်သမား ပီပီဟာ အာဆင်နယ်ဂျာစီ ဝင်ဖို့ ထိုက်တန်တဲ့ အရည်အသွေးကောင်းတွေ ထုတ်ပြနေပြီလား မေးမြန်းခံရရာ အာတီတာက – ” ကျနော် သိပ်ကျေနပ်ရတဲ့ အကြောင်း နှစ်ချက် ရှိတယ်။ ပထမ တစ်ချက်က ပီပီ ဒီလို ခြေစွမ်း တည်ငြိမ်မှုတွေ ရဖို့ကာ ခရီးရှည်ကြီး ဖြတ်သန်းလာရတာပါ။ သူ ပွဲတွေထဲမှာ ပြသနေတဲ့ ခြေစွမ်းက ပရီးမီးယားလိဂ် တင်မက ဥရောပပွဲတွေမှာ ကောင်းကောင်း လုပ်ပြခဲ့တယ်။

ဒုတိယ တစ်ချက်ကတော့ သူ့ စိတ်သဘောထား ခံယူချက် ပြောင်းလဲလိုက်တာ။ ဘက်ပေါင်းစုံကနေကြည့်ပြီး ပွဲ တစ်ပွဲ ပြီးတိုင်းမှာ သူက ပြန်လေ့လာ စိစစ်တယ်။ တစ်ဦးချင်း အနေနဲ့လည်း သူက ကြိုးစားျချင်စိတ် ရှိသလို အကောင်းဆုံး လုပ်ပြချင်တယ်။ ကျနော်ကတော့ သူက ကောင်းမွန်တဲ့ ပေါင်းစပ်မှု ပိုင်ဆိုင်ထားတယ်လို့ပဲ မြင်ပါတယ်။ ” လို့ သုံးသပ် ဖြေကြားခဲ့ပါတယ်။

ပဲလေ့စ်နဲ့ ပွဲ နှစ်ဂိုး သွင်းခဲ့တဲ့ ပီပီဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ အာဆင်နယ်အတွက် သွင်းဂိုး ၁၄ ဂိုးထိ ရှိလာခဲ့ပါတယ်။

Zawgyi – အာဆင္နယ္အသင္းရဲ႕ အိုင္ဗရီကို႔စ္သား တိုက္စစ္သမား နစ္ကိုးလပ္စ္ ပီပီဟာ ညက ဆဲလ္ဟက္ပါ့ခ္မွာ သြားေရာက္ ကစားခဲ့တဲ့ ခရစၥတယ္ပဲေလ့စ္နဲ႕ ပြဲမွာ အာဆင္နယ္ အတြက္ အေရးပါတဲ့ ဂိုး ၂ ဂိုး သြင္းယူေပးခဲ့ပါတယ္။ ထိုပြဲမွာ အာဆင္နယ္က ၃ဂိုး ၁ဂိုးနဲ႕ အနိုင္ရရွိခဲ့ပါတယ္။

နည္းျပ အာတီတာကေတာ့ နစ္ကိုးလပ္စ္ ပီပီဟာ အာဆင္နယ္ ဂ်ာစီကို ၀တ္ဆင္ျပီး ထိုက္တန္တဲ့ ေျခစြမ္းေတြ ျပသလာေနျပီ ျဖစ္ေၾကာင္း ပြဲ အျပီးမွာ ခ်ီးက်ဴးစကား ဆိုခဲ့ပါတယ္။ အေ၀းကြင္း နုိင္ပြဲေကာင္း ရခဲ့ေပမယ့္ အာဆင္နယ္ ေနာက္ရာသီ ယူရိုပါလိဂ္ ၀င္ကစားဖို႕ကေတာ့ မျဖစ္နုိင္သေလာက္ ရွိေနပါတယ္။

ပီပီက ေနာက္ဆံုး ကစားထားတဲ့ ၁၀ ပြဲမွာ ၆ ဂိုး သြင္းယူထားျပီး ျဖည္းျဖည္းမွန္မွန္နဲ႕ ေျခစြမ္း တည္ျငိမ္မႈေတြလည္း ျပသလာေနျပီ ျဖစ္ပါတယ္။

ေတာင္ပံတိုက္စစ္သမား ပီပီဟာ အာဆင္နယ္ဂ်ာစီ ၀င္ဖို႔ ထိုက္တန္တဲ့ အရည္အေသြးေကာင္းေတြ ထုတ္ျပေနျပီလား ေမးျမန္းခံရရာ အာတီတာက – ” က်ေနာ္ သိပ္ေက်နပ္ရတဲ့ အေၾကာင္း နွစ္ခ်က္ ရွိတယ္။ ပထမ တစ္ခ်က္က ပီပီ ဒီလို ေျခစြမ္း တည္ျငိမ္မႈေတြ ရဖို႔ကာ ခရီးရွည္ၾကီး ျဖတ္သန္းလာရတာပါ။ သူ ပြဲေတြထဲမွာ ျပသေနတဲ့ ေျခစြမ္းက ပရီးမီးယားလိဂ္ တင္မက ဥေရာပပြဲေတြမွာ ေကာငး္ေကာင္း လုပ္ျပခဲ့တယ္။

ဒုတိယ တစ္ခ်က္ကေတာ့ သူ႔ စိတ္သေဘာထား ခံယူခ်က္ ေျပာင္းလဲလိုက္တာ။ ဘက္ေပါင္းစံုကေနၾကည့္ျပီး ပြဲ တစ္ပြဲ ျပီးတိုင္းမွာ သူက ျပန္ေလ့လာ စိစစ္တယ္။ တစ္ဦးခ်င္း အေနနဲ႕လည္း သူက ၾကိဳးစား်ခ်င္စိတ္ ရွိသလို အေကာင္းဆံုး လုပ္ျပခ်င္တယ္။ က်ေနာ္ကေတာ့ သူက ေကာင္းမြန္တဲ့ ေပါင္းစပ္မႈ ပိုင္ဆိုင္ထားတယ္လို႔ပဲ ျမင္ပါတယ္။ ” လို႔ သံုးသပ္ ေျဖၾကားခဲ့ပါတယ္။

ပဲေလ့စ္နဲ႕ ပြဲ နွစ္ဂိုး သြင္းခဲ့တဲ့ ပီပီဟာ ဒီရာသီ ျပိဳင္ပြဲစံုမွာ အာဆင္နယ္အတြက္ သြင္းဂိုး ၁၄ ဂိုးထိ ရွိလာခဲ့ပါတယ္။