ယူနိုက်တက် ဗဟိုခံစစ် အတွဲသစ်ကို ထရိန်နင်မှာ လေ့ကျင့်ပြင်ဆင်ပေးနေတဲ့ ဆိုးရှား

မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးရှားဟာ ဘောလုံးပွဲတွေ ပြန်စတင်ချိန် အမှီ အသင့် ဖြစ်နေဖို့ ဗဟိုခံစစ် အတွဲသစ်ကို ထရိန်နင်မှာ သေချာ လေ့ကျင့် ပြင်ဆင်ပေးနေတယ်လို့ သိရပါတယ်။ ဆိုးရှားက ပွဲတွေ ပြန်စရင် ဗဟိုခံစစ်မှာ အလဲလှယ် ကစားနိုင်မယ့် အတွဲသစ် ရထားဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

အသင်းထရိန်နင် ခံစစ်လေးယောက်တန်း အခင်းအကျင်းမှာ ဆိုးရှားက လင်ဒီလော့ဖ်နဲ့ ဘိုင်လီကို ဗဟိုခံစစ်မှာ ထား သုံးကြည့်နေပါတယ်။ အစွန်ကတော့ ဝမ်ဘစ်ဆာကာနဲ့ ဝီလီယံကို တွဲဖက်ထားပြီး ဗဟိုခံစစ်မှာ မက်ဂွဲရား ဒါမှမဟုတ် ရှော မကစားနိုင်ရင် ဆိုတဲ့ အနေအထားကို ဆိုးရှားက ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဇွန်မှာ ပွဲတွေ ပြန်မစခင် အသင်းထရိန်နင်မှာ နည်းပြ ဆိုးရှားက ပေါင်းစပ်မှု အသစ် အခင်းအကျင်းအသစ်တွေကိုလည်း အရှိန်မြှင့် ပြင်ဆင်နေတယ်လို့ သတင်းကောင်း ကြားရပါတယ်။ အင်္ဂလန် သတင်းဌာနတွေ ဖော်ထုတ်မှု အရတော့ ထရိန်နင်မှာ လင်ဒီလော့ဖ်၊ ဘိုင်လေ၊ ဝမ်ဘစ်ဆာကာနဲ့ ဝီလီယံတို့ကို အတူတွဲကာ လေ့ကျင့်ရေးပွဲ ကစားစေခဲ့တယ် သိရပါတယ်။

ဘိုင်လီနဲ့ လင်ဒီလော့ဖ်ကို တွဲဖက်စေတာ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်ဖြစ်ပြီး ယူနိုက်တက် အဓိက အားထားနေရတဲ့ မက်ဂွဲရားကို အနားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီရာသီမှာ ဘိုင်လီနဲ့ လင်ဒီလော့ဖ် တို့ တွဲ မကစားဖူးသေးဘဲ မက်ဂွဲရားသာ ပွဲ တော်တော်များများမှာ ဝင် ကစားနေခဲ့ရပါတယ်။

ယူနိုက်တက်က ဒီရာသီ ဥရောပမှာ ခံစစ် အကောင်းဆုံးမှတ်တမ်းရ အသင်းတွေထဲ ပါဝင်ထားပြီး နည်းပြ ဆိုးရှားကတော့ ဒီလို အချက်အလက် ကောင်းတွေကို ဆက်လက် ထိန်းသွားရန် စိတ်အားထက်သန်နေပါတယ်။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ နည္းျပ ဆိုးရွားဟာ ေဘာလံုးပြဲေတြ ျပန္စတင္ခ်ိန္ အမွီ အသင့္ ျဖစ္ေနဖို႔ ဗဟုိခံစစ္ အတြဲသစ္ကို ထရိန္နင္မွာ ေသခ်ာ ေလ့က်င့္ ျပင္ဆင္ေပးေနတယ္လို႔ သိရပါတယ္။ ဆိုးရွားက ပြဲေတြ ျပန္စရင္ ဗဟိုခံစစ္မွာ အလဲလွယ္ ကစားနုိင္မယ့္ အတြဲသစ္ ရထားဖို႔ ၾကိဳးစားေနတာ ျဖစ္ပါတယ္။

အသင္းထရိန္နင္ ခံစစ္ေလးေယာက္တန္း အခင္းအက်င္းမွာ ဆိုးရွားက လင္ဒီေလာ့ဖ္နဲ႕ ဘိုင္လီကို ဗဟိုခံစစ္မွာ ထား သံုးၾကည့္ေနပါတယ္။ အစြန္ကေတာ့ ၀မ္ဘစ္ဆာကာနဲ႕ ၀ီလီယံကို တြဲဖက္ထားျပီး ဗဟိုခံစစ္မွာ မက္ဂြဲရား ဒါမွမဟုတ္ ေရွာ မကစားနုိင္ရင္ ဆိုတဲ့ အေနအထားကို ဆိုးရွားက ျပင္ဆင္ေနတာ ျဖစ္ပါတယ္။

ဇြန္မွာ ပြဲေတြ ျပန္မစခင္ အသင္းထရိန္နင္မွာ နည္းျပ ဆိုးရွားက ေပါင္းစပ္မႈ အသစ္ အခင္္းအက်င္းအသစ္ေတြကိုလည္း အရွိန္ျမွင့္ ျပင္ဆင္ေနတယ္လို႔ သတင္းေကာင္း ၾကားရပါတယ္။ အဂၤလန္ သတင္းဌာနေတြ ေဖာ္ထုတ္မႈ အရေတာ့ ထရိန္နင္မွာ လင္ဒီေလာ့ဖ္၊ ဘိုင္ေလ၊ ၀မ္ဘစ္ဆာကာနဲ႕ ၀ီလီယံတို႔ကို အတူတြဲကာ ေလ့က်င့္ေရးပြဲ ကစားေစခဲ့တယ္ သိရပါတယ္။

ဘိုင္လီနဲ႕ လင္ဒီေလာ့ဖ္ကို တြဲဖက္ေစတာ စိတ္၀င္စားစရာ ေကာင္းတဲ့ အခ်က္ျဖစ္ျပီး ယူနုိက္တက္ အဓိက အားထားေနရတဲ့ မက္ဂြဲရားကို အနားေပးနုိင္မွာ ျဖစ္ပါတယ္။ ဒီရာသီမွာ ဘိုင္လီနဲ႕ လင္ဒီေလာ့ဖ္ တို႔ တြဲ မကစားဖူးေသးဘဲ မက္ဂြဲရားသာ ပြဲ ေတာ္ေတာ္မ်ားမ်ားမွာ ၀င္ ကစားေနခဲ့ရပါတယ္။

ယူနုိုက္တက္က ဒီရာသီ ဥေရာပမွာ ခံစစ္ အေကာင္းဆံုးမွတ္တမ္းရ အသင္းေတြထဲ ပါ၀င္ထားျပီး နည္းျပ ဆိုးရွားကေတာ့ ဒီလို အခ်က္အလက္ ေကာင္းေတြကို ဆက္လက္ ထိန္းသြားရန္ စိတ္အားထက္သန္ေနပါတယ္။