မန်ချက်စတာ ယူနိုက်တက်ဟာ မန်စီးတီးနဲ့ ချယ်ဆီးတို့နဲ့ အပြိုင် စပါးတိုက်စစ်မှူး ကိန်းကို လစာကြီးပေးကာ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
ဝက်စ်ဟမ်းနဲ့ နည်းပြ မိုယက်စ်ဟာ ဒီနွေ ဈေးကွက်မှာ ချယ်ဆီး တိုက်စစ်မှူး အေဗရာဟမ်ကို ခေါ်ယူဖို့ ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်လိုက်ပါတယ်။ အင်္ဂလန်သားဟာ ဝက်စ်ဟမ်း တိုက်စစ်ကို အင်အားတိုးစေမယ်လို့ မိုယက်စ်က ယုံကြည်နေပါတယ်။

လီဗာပူး အသင်းမှာ နွေမှာ ကစားသမား ခေါ်ယူ အားဖြည့်မှုတွေ လုပ်ရမှာ ဖြစ်ပေမယ့် အပြောင်းအရွှေ့ အသုံးစရိတ် ဘယ်လောက် ရမယ် ဆိုတာ မသိသေးကြောင်း ယာဂင်ကလော့ပ်က ဖွင့်ဟလိုက်ပါတယ်။
ယူနိုက်တက်ဟာ မြို့ခံ ပြိုင်ဘက် မန်စီးတီးကို ယှဉ်နိုင်ဖို့ ဆိုရင် စီးတီးရဲ့ ရူဘန်ဒိုင်ယာ့ဇ်၊ လီဗာပူးက ဗန်ဒိုက်တို့လိုမျိုး ဗဟိုခံစစ်မှူးကောင်း လိုအပ်နေသေးပြီး လင်ဒီလော့ဖ်ကို နှစ်သက်ပေမယ့် အခုအတိုင်း မဖြစ်နိုင်ကြောင်း အိုဝင်ဟားဂရေ့ဗ်က ထောက်ပြခဲ့ပါတယ်။
လက်စတာနဲ့ ပွဲမှာ အချင်းများခဲ့တဲ့ ဖြစ်စဉ်ကြောင့် အသင်း ကစားသမားတွေကို အကြိမ်ကြိမ် မထိန်းနိုင် ဖြစ်နေတဲ့ ချယ်ဆီး အသင်းဟာ ဒီတစ်ကြိမ်မှာ အမှတ်လျှော့ ပြစ်ဒဏ် ခံရဖွယ် ရှိတယ်လို့ အင်္ဂလန်သတင်းတွေက ဖော်ပြနေပါတယ်။
ဝက်စ်ဟမ်းမှာ အငှား ကစားနေတဲ့ ယူနိုက်တက် တိုက်စစ်သမား လင်ဂတ်ဟာ လန်ဒန်မှာ ခြေစွမ်းကောင်းတွေ ပြသနေနိုင်တာကြောင့် ဝက်စ်ဟမ်းမှာ ဆက်နေဖို့ လိုလားဟန် ပြသနေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ မန္စီးတီးနဲ႕ ခ်ယ္ဆီးတို႔နဲ႕ အျပိဳင္ စပါးတိုက္စစ္မွဴး ကိန္းကို လစာၾကီးေပးကာ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနပါတယ္။
၀က္စ္ဟမ္းနဲ႕ နည္းျပ မိုယက္စ္ဟာ ဒီေႏြ ေစ်းကြက္မွာ ခ်ယ္ဆီး တိုက္စစ္မွဴး ေအဗရာဟမ္ကို ေခၚယူဖို႔ ဦးစားေပး ပစ္မွတ္ အျဖစ္ သတ္မွွတ္လိုက္ပါတယ္။ အဂၤလန္သားဟာ ၀က္စ္ဟမ္း တိုက္စစ္ကို အင္အားတိုးေစမယ္လို႔ မိုယက္စ္က ယံုၾကည္ေနပါတယ္။
လီဗာပူး အသင္းမွာ ေႏြမွာ ကစားသမား ေခၚယူ အားျဖည့္မႈေတြ လုပ္ရမွာ ျဖစ္ေပမယ့္ အေျပာင္းအေရႊ႕ အသံုးစရိတ္ ဘယ္ေလာက္ ရမယ္ ဆိုတာ မသိေသးေၾကာင္း ယာဂင္ကေလာ့ပ္က ဖြင့္ဟလိုက္ပါတယ္။
ယူနိုက္တက္ဟာ ျမိဳ႔ခံ ျပိဳင္ဘက္ မန္စီးတီးကို ယွဥ္နိုင္ဖို႔ ဆိုရင္ စီးတီးရဲ႕ ရူဘန္ဒိုင္ယာ့ဇ္၊ လီဗာပူးက ဗန္ဒိုက္တို႔လိုမ်ိဳး ဗဟိုခံစစ္မွဴးေကာင္း လိုအပ္ေနေသးျပီး လင္ဒီေလာ့ဖ္ကို နွစ္သက္ေပမယ့္ အခုအတိုင္း မျဖစ္နုိင္ေၾကာင္း အို၀င္ဟားဂေရ႕ဗ္က ေထာက္ျပခဲ့ပါတယ္။
လက္စတာနဲ႕ ပြဲမွာ အခ်င္းမ်ားခဲ့တဲ့ ျဖစ္စဥ္ေၾကာင့္ အသင္း ကစားသမားေတြကို အၾကိမ္ၾကိမ္ မထိန္းနိုင္ ျဖစ္ေနတဲ့ ခ်ယ္ဆီး အသင္းဟာ ဒီတစ္ၾကိမ္မွာ အမွတ္ေလွ်ာ့ ျပစ္ဒဏ္ ခံရဖြယ္ ရွိတယ္လို႔ အဂၤလန္သတင္းေတြက ေဖာ္ျပေနပါတယ္။
၀က္စ္ဟမ္းမွာ အငွား ကစားေနတဲ့ ယူနုိက္တက္ တိုက္စစ္သမား လင္ဂတ္ဟာ လန္ဒန္မွာ ေျခစြမ္းေကာင္းေတြ ျပသေနနိုင္တာေၾကာင့္ ၀က္စ္ဟမ္းမွာ ဆက္ေနဖို႔ လိုလားဟန္ ျပသေနပါတယ္။
