ပရီးမီးယားလိဂ် ထိပ်သီးတွေရဲ့ ပစ်မှတ် တိုက်စစ်မှူးအိုစီမန်နဲ့ ပတ်သတ်ပြီး လိုင်လီပိုင်ရှင် သတိပေး

နိုင်ဂျီးရီးယား တိုက်စစ်မူှး ဗစ်တာ အိုစီမန် ကို ခေါ်ယူလိုတဲ့ ကလပ်အသင်း အများအပြား ရှိနေတာကြောင့် လိုင်လီအသင်း ပိုင်ရှင် ဂျာရပ် လိုပက်စ် ကတော့ ဒီနွေမှာ သူ့ ကစားသမားကို ဈေးပေါပေါနဲ့ ခေါ်လို့ရမယ် မထင်ကြနဲ့လို့ သတိပေးစကား ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အသက် ၂၁ နှစ် အရွယ် တိုက်စစ်မူှးဟာ ဒီရာသီ လီဂူးဝမ်းမှာ အစွမ်းပြခဲ့တာကြောင့် ပရီးမီးယားလိဂ်မှ ချယ်ဆီး၊ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ အပါအဝင် ဥရောပတခွင်မှ ထိပ်သီးအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှု ခံယူနေရပါတယ်။

လိုင်လီဟာ ဒီတလော နှစ်တွေ အတွင်း ခြေစွမ်းထက် ကစားသမား အများအပြား မွေးထုတ်ထားနိုင်တဲ့ အသင်း ဖြစ်ပြီး ပြီးခဲ့တဲ့ နွေက ပီပီကို အာဆင်နယ်ထံ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်း နဲ့ ရောင်းထုတ်ခဲ့သလို ကစားသမား ရောင်းချခြင်းကနေ ငွေကြေး အများအပြား ပြန်ရှာဖွေထားတဲ့ အသင်း ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အကြပ်အတည်းကြောင့် ဒီနွေ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ပြောင်းရွှေ့ကြေးတွေ ထင်သလောက် မရနိုင်ဘူး ယူဆချက်တွေ ရှိနေပေမယ့် လိုင်လီအသင်း ပိုင်ရှင်ကတော့ ကစားသမားရဲ့ ပေါက်ဈေးတန်ကြေးထက် လျှော့ ရောင်းမှာ မဟုတ်ဘူးလို့ ဆိုနေပါတယ်။

” အိုစီမန် အတွက် ကမ်းလှမ်းမှုတွေက အများကြီးပဲ။ ကျနော်တို့ ဇန်နဝါရီကပဲ အင်္ဂလိပ် တစ်သင်းနဲ့ စပိန် တစ်သင်းကို ငြင်းထားတယ်။ ဒီနွေမှာတော့ ပိုများတဲ့ ကမ်းလှမ်းမှုတွေ ရှိဦးမှာပါ။ အခု သူ့ကို ခေါ်ဖို့ ဈေးပေးနေတဲ့ အသင်းနာမည်တွေ ကျနော် ထုတ်တော့ မပြောနိုင်ဘူးပေါ့ အများကြီး ရှိတယ်ပဲ ပြောနိုင်တယ်။ ချန်ပီယံ ကလပ်အသင်း သုံးသင်းကတော့ သူ့အတွက် ကမ်းလှမ်းထားတယ်။

ဒါပေမယ့် ကျနော်က အရောင်းသမား မဟုတ်ဘူး။ ပြီးခဲ့တဲ့နှစ်က ဆို နစ်ကိုးလပ်စ် ပီပီ အတွက် ကျနော်တို့ ကမ်းလှမ်းမှုတွေ အများကြီး ရခဲ့တယ် ဆိုတာ လူတွေက မယုံကြဘူး။ ဒါပေမယ့် တကယ်ကို အများကြီးပါ။

အခုလည်း အိုစီမန်က အဲဒီလိုပါပဲ။ သတင်းတွေ ကြားကြသလိုပဲ ကျနော်တို့ တန်ကြေးမြင့် ကမ်းလှမ်းမှုတွေ လက်ခံ ရရှိနေပါတယ်။ ပီပီတုန်းကလိုပဲ ကျနော်တို့ ကိုင်တွယ် သွားမှာပါ။ ” လို့ လိုင်လီအသင်း ပိုင်ရှင်က ပြောဆိုခဲ့ပါတယ်။

Zawgyi – နိုင္ဂ်ီးရီးယား တိုက္စစ္မဴွး ဗစ္တာ အိုစီမန္ ကို ေခၚယူလိုတဲ့ ကလပ္အသင္း အမ်ားအျပား ရွိေနတာေၾကာင့္ လိုင္လီအသင္း ပိုင္ရွင္ ဂ်ာရပ္ လိုပက္စ္ ကေတာ့ ဒီေႏြမွာ သူ႔ ကစားသမားကို ေစ်းေပါေပါနဲ႕ ေခၚလို႔ရမယ္ မထင္ၾကနဲ႕လို႔ သတိေပးစကား ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။

အသက္ ၂၁ နွစ္ အရြယ္ တိုက္စစ္မဴွးဟာ ဒီရာသီ လီဂူး၀မ္းမွာ အစြမ္းျပခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္မွ ခ်ယ္ဆီး၊ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ လီဗာပူးတို႔ အပါအ၀င္ ဥေရာပတခြင္မွ ထိပ္သီးအသင္းၾကီးေတြရဲ႕ စိတ္၀င္စားမႈ ခံယူေနရပါတယ္။

လိုင္လီဟာ ဒီတေလာ နွစ္ေတြ အတြင္း ေျခစြမ္းထက္ ကစားသမား အမ်ားအျပား ေမြးထုတ္ထားနိုင္တဲ့ အသင္း ျဖစ္ျပီး ျပီးခဲ့တဲ့ ေႏြက ပီပီကို အာဆင္နယ္ထံ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၂ သန္း နဲ႕ ေရာင္းထုတ္ခဲ့သလို ကစားသမား ေရာင္းခ်ျခင္းကေန ေငြေၾကး အမ်ားအျပား ျပန္ရွာေဖြထားတဲ့ အသင္း ျဖစ္ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ အၾကပ္အတည္းေၾကာင့္ ဒီေႏြ အေျပာင္းအေရႊ႕ ေစ်းကြက္ထဲမွာ ေျပာင္းေရႊ႕ေၾကးေတြ ထင္သေလာက္ မရနုိင္ဘူး ယူဆခ်က္ေတြ ရွိေနေပမယ့္ လိုင္လီအသင္း ပိုင္ရွင္ကေတာ့ ကစားသမားရဲ႕ ေပါက္ေစ်းတန္ေၾကးထက္ ေလွ်ာ့ ေရာင္းမွာ မဟုတ္ဘူးလို႔ ဆိုေနပါတယ္။

” အိုစီမန္ အတြက္ ကမ္းလွမ္းမႈေတြက အမ်ားၾကီးပဲ။ က်ေနာ္တုိ႔ ဇန္န၀ါရီကပဲ အဂၤလိပ္ တစ္သင္းနဲ႕ စပိန္ တစ္သင္းကို ျငင္းထားတယ္။ ဒီေႏြမွာေတာ့ ပိုမ်ားတဲ့ ကမ္းလွမ္းမႈေတြ ရွိဦးမွာပါ။ အခု သူ႔ကို ေခၚဖို႔ ေစ်းေပးေနတဲ့ အသင္းနာမည္ေတြ က်ေနာ္ ထုတ္ေတာ့ မေျပာနုိင္ဘူးေပါ့ အမ်ားၾကီး ရွိတယ္ပဲ ေျပာနုိင္တယ္။ ခ်န္ပီယံ ကလပ္အသင္း သံုးသင္းကေတာ့ သူ႔အတြက္ ကမ္းလွမ္းထားတယ္။

ဒါေပမယ့္ က်ေနာ္က အေရာင္းသမား မဟုတ္ဘူး။ ျပီးခဲ့တဲ့နွစ္က ဆို နစ္ကိုးလပ္စ္ ပီပီ အတြက္ က်ေနာ္တို႔ ကမ္းလွမ္းမႈေတြ အမ်ားၾကီး ရခဲ့တယ္ ဆိုတာ လူေတြက မယံုၾကဘူး။ ဒါေပမယ့္ တကယ္ကို အမ်ားၾကီးပါ။

အခုလည္း အိုစီမန္က အဲဒီလိုပါပဲ။ သတင္းေတြ ၾကားၾကသလိုပဲ က်ေနာ္တို႔ တန္ေၾကးျမင့္ ကမ္းလွမ္းမႈေတြ လက္ခံ ရရွိေနပါတယ္။ ပီပီတုန္းကလိုပဲ က်ေနာ္တို႔ ကိုင္တြယ္ သြားမွာပါ။ ” လို႔ လိုင္လီအသင္း ပိုင္ရွင္က ေျပာဆိုခဲ့ပါတယ္။