Rumours: ရီးရဲလ်ကနေ ထွက်ပြီး အသင်းဟောင်း ချယ်ဆီးထံ ပြန်လာချင်နေတဲ့ အီဒင်ဟာဇက်

အီဒင်ဟာဇက်က ဒီနွေမှာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာပြီး အသင်းဟောင်း ချယ်ဆီးထံ ပြန်သွားဖို့ ပစ်မှတ်ထားကြောင်း စပိန်သတင်းတွေက ဖော်ထုတ်လိုက်ပါတယ်။

ဘယ်လ်ဂျီယံ လက်ရွေးစင် ကစားသမားဟာ ၂၀၁၉ နွေမှာ ချယ်ဆီးကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၃၀ နဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။ ဒါပေမယ့် စပိန်ရောက်တည်းက ဟာဇက်ဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပြီး ဒီရာသီ လာလီဂါမှာ ၁၀ ပွဲသာ ပွဲထွက်ကစားထားရပါတယ်။

အသက် ၃၀ အရွယ် ကွင်းလယ်တိုက်စစ်သမားဟာ ဒီလ အစောပိုင်းက ရီးရဲလ်ရဲ့ ချယ်ဆီးကို ရှုံးတဲ့ ချန်ပီယံလိဂ် ပွဲ အပြီးမှာ အသင်းဖော်ဟောင်း ဇူးမားနဲ့ ရယ်မောနေခဲ့လို့ ရီးရဲလ် ပရိသတ်တွေက အမျက်ထွက်ခဲ့ကြပြီး ပြန် တောင်းပန်ခဲ့ရပါတယ်။

စပိန် ရုပ်သံသတင်း တစ်ခုကတော့ ဟာဇက်ဟာ ဒီနွေမှာ ရီးရဲလက်ကနေ ထွက်ခွာဖို့ ကြိုးစားနေပြီး သူ လိုလားတာကတော့ အသင်းဟောင်း ချယ်ဆီးထံ ပြန်ချင်နေတာ ဖြစ်ကြောင်း ဖော်ထုတ်ထားပါတယ်။ ဟာဇက်ဟာ စတန်းဖို့ဘရစ်ချ်မှာ ၇ ရာသီ ကစားခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် ဖလား ၂ ကြိမ်နဲ့ အက်ဖ်အေဖလား၊ ယူရိုပါလိဂ်ဖလားတွေ ဆွတ်ခူးခဲ့တာပါ။

ဒီလအစောပိုင်း သတင်းတွေမှာလည်း ရီးရဲလ်မက်ဒရစ်ဟာ အသင်းမှာ အစွမ်းမပြနိုင်တဲ့ ဟာဇက်ကို နွေမှာ ရှင်းထုတ်ဖို့ စဉ်းစားနေပြီ ဖြစ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

မက်ဒရစ်က တိုက်စစ်မှာ ဟာလန်း၊ အမ် ဘတ်ပီလို ကြယ်ပွင့်တွေ ထပ်မံ ခေါ်ယူအားဖြည့်လိုနေတာကြောင့် ဟာဇက် အပါအဝင် လူကာဂျိုဗစ်၊ ဘေးလ်၊ ဆီးဘယ်လော့ စတဲ့ ကစားသမားတွေ ရောင်းချဖို့ ရည်ရွယ်ထားပါတယ်။

Zawgyi – အီဒင္ဟာဇက္က ဒီေႏြမွာ ရီးရဲလ္မက္ဒရစ္ကေန ထြက္ခြာျပီး အသင္းေဟာင္း ခ်ယ္ဆီးထံ ျပန္သြားဖို႔ ပစ္မွတ္ထားေၾကာင္း စပိန္သတင္းေတြက ေဖာ္ထုတ္လိုက္ပါတယ္။

ဘယ္လ္ဂ်ီယံ လက္ေရြးစင္ ကစားသမားဟာ ၂၀၁၉ ေႏြမွာ ခ်ယ္ဆီးကေန ရီးရဲလ္မက္ဒရစ္ထံ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၁၃၀ နဲ႕ ေျပာင္းေရႊ႕သြားခဲ့တာပါ။ ဒါေပမယ့္ စပိန္ေရာက္တည္းက ဟာဇက္ဟာ ဒဏ္ရာေတြနဲ႕ ရုန္းကန္ေနရျပီး ဒီရာသီ လာလီဂါမွာ ၁၀ ပြဲသာ ပြဲထြက္ကစားထားရပါတယ္။

အသက္ ၃၀ အရြယ္ ကြင္းလယ္တိုက္စစ္သမားဟာ ဒီလ အေစာပိုင္းက ရီးရဲလ္ရဲ႕ ခ်ယ္ဆီးကို ရွံဳးတဲ့ ခ်န္ပီယံလိဂ္ ပြဲ အျပီးမွာ အသင္းေဖာ္ေဟာင္း ဇူးမားနဲ႕ ရယ္ေမာေနခဲ့လို႔ ရီးရဲလ္ ပရိသတ္ေတြက အမ်က္ထြက္ခဲ့ၾကျပီး ျပန္ ေတာင္းပန္ခဲ့ရပါတယ္။

စပိန္ ရုပ္သံသတင္း တစ္ခုကေတာ့ ဟာဇက္ဟာ ဒီေႏြမွာ ရီးရဲလက္ကေန ထြက္ခြာဖို႔ ၾကိဳးစားေနျပီး သူ လိုလားတာကေတာ့ အသင္းေဟာင္း ခ်ယ္ဆီးထံ ျပန္ခ်င္ေနတာ ျဖစ္ေၾကာင္း ေဖာ္ထုတ္ထားပါတယ္။ ဟာဇက္ဟာ စတန္းဖို႔ဘရစ္ခ်္မွာ ၇ ရာသီ ကစားခဲ့တာ ျဖစ္ျပီး ပရီးမီးယားလိဂ္ ဖလား ၂ ၾကိမ္နဲ႕ အက္ဖ္ေအဖလား၊ ယူရိုပါလိဂ္ဖလားေတြ ဆြတ္ခူးခဲ့တာပါ။

ဒီလအေစာပိုင္း သတင္းေတြမွာလည္း ရီးရဲလ္မက္ဒရစ္ဟာ အသင္းမွာ အစြမ္းမျပနုိင္တဲ့ ဟာဇက္ကို ေႏြမွာ ရွင္းထုတ္ဖို႔ စဥ္းစားေနျပီ ျဖစ္ေၾကာင္း ေဖာ္ျပခဲ့ၾကပါတယ္။

မက္ဒရစ္က တိုက္စစ္မွာ ဟာလန္း၊ အမ္ ဘတ္ပီလို ၾကယ္ပြင့္ေတြ ထပ္မံ ေခၚယူအားျဖည့္လိုေနတာေၾကာင့္ ဟာဇက္ အပါအ၀င္ လူကာဂ်ိဳဗစ္၊ ေဘးလ္၊ ဆီးဘယ္ေလာ့ စတဲ့ ကစားသမားေတြ ေရာင္းခ်ဖို႔ ရည္ရြယ္ထားပါတယ္။