ယူနိုက်တက်ပစ်မှတ် ဆောက သုံးရက်အတွင်း သူ့အနာဂတ်ကို ကြေညာပေးမယ်လို့ ကြေညာ

UNICODE – ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်၊ လာလီဂါကလပ် ဘာစီလိုနာတို့နဲ့ သတင်းကြီးနေတဲ့ ကွင်းလယ်လူ ဆောက သုံးရက်အတွင်း သူ့အနာဂတ်ကို ကြေညာပေးမယ်လို့ တရားဝင် ထုတ်ပြောလိုက်ပြီ ဖြစ်ပါတယ်။

စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမားကို ခေါ်ယူလိုတဲ့ ဥရောပ အင်အားကြီးအသင်း များစွာရှိနေပြီး ဘာစီလိုနာနဲ့ ယူနိုက်တက်နည်းတူ စီးရီးအေကလပ် ဂျူဗင်တပ်၊ ပြင်သစ်ကလပ် ပီအက်စ်ဂျီတို့ကလည်း စိတ်ဝင်စားထားတာပါ။ အထူးသဖြင့် ကစားသမားဟာ ယူနိုက်တက်ကို ပြောင်းဖို့ သဘောတူညီမှု ရထားတယ်ဆိုတဲ့ သတင်းတွေကိုပါ ကြားသိထားရတာဖြစ်တယ်။

ဆော နီဂွက်စ်ကိုယ်တိုင်က ” အသင်းသစ်ကို သုံးရက်အတွင်း ကြေညာပေးပါမယ် ” လို့ သူ့ရဲ့ တရားဝင် တွစ်တာအကောင့်ကနေ ရေးသားသွားခဲ့တာဖြစ်တယ်။ ဒီသတင်းက စပိန်ကလပ်ရဲ့ ပရိသတ်တွေကြားမှာ ပျံ့နှံ့ခဲ့ပြီး အတော်လေး ပွဲဆူခဲ့ပါတယ်။

တွစ်တာကနေပဲ သူ့ရဲ့ ပရိသတ်တွေကို လာမယ့် ၇၂ နာရီအတွင်း အသင်းသစ် ကြေညာပေးမယ်လို့ ဆိုခဲ့တဲ့ ဆောဟာ ဒီရာသီမှာ အက်သလက်တီကိုအတွက် ပြိုင်ပွဲစုံ ၃၇ ပွဲ ပါဝင်ကစားပေးထားပြီး ကိုယ်တိုင် ၄ ဂိုး သွင်းယူပေးထားသူပါ။

စပိန်ဘက်က ပြောင်းရွှေ့ကြေး ပေါင် ၁၃၅ သန်းဝန်းကျင် အလိုရှိပေမယ့် ယူနိုက်တက်ဘက်က ပေါင် ၇၀ သန်းလောက်နဲ့ ကမ်းလှမ်းမယ်လို့ သတင်းထွက်ထားတယ်။ ဒါပေမယ့်လည်း ဆောကို ခေါ်ယူဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲမှာ ဝါရင့် ကွင်းလယ်လူတွေကို လက်လွတ်တော့မယ့် ဘာစီလိုနာကိုလည်း ဖယ်ထုတ်ထားလို့ မရတာ ဖြစ်တယ်။

ယူနိုက်တက်နဲ့ ပေါ့ဘာတို့ လမ်းခွဲမယ်ဆိုတဲ့ ကိစ္စတွေနောက်မှာ မန်ချက်စတာ အခြေစိုက်ကလပ်က ဆောကို ပြန်ခေါ်ဖို့ ကြိုးစားနေတာဖြစ်ပြီး စပိန်သားရဲ့ အနာဂတ်ကြေညာမှုဟာ နောက်ထပ်သော အပြောင်းအရွှေ့တွေ များစွာရဲ့ ပထမဆုံးသော ဂယက်လည်း ဖြစ်လာနိုင်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ကလပ္ ယူႏုိက္တက္၊ လာလီဂါကလပ္ ဘာစီလိုနာတို႔နဲ႔ သတင္းၾကီးေနတဲ့ ကြင္းလယ္လူ ေဆာက သံုးရက္အတြင္း သူ႔အနာဂတ္ကို ေၾကညာေပးမယ္လို႔ တရားဝင္ ထုတ္ေျပာလိုက္ျပီ ျဖစ္ပါတယ္။

စပိန္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားကို ေခၚယူလိုတဲ့ ဥေရာပ အင္အားၾကီးအသင္း မ်ားစြာရွိေနျပီး ဘာစီလိုနာနဲ႔ ယူႏုိက္တက္နည္းတူ စီးရီးေအကလပ္ ဂ်ဴဗင္တပ္၊ ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီတို႔ကလည္း စိတ္ဝင္စားထားတာပါ။ အထူးသျဖင့္ ကစားသမားဟာ ယူႏုိက္တက္ကို ေျပာင္းဖို႔ သေဘာတူညီမႈ ရထားတယ္ဆိုတဲ့ သတင္းေတြကိုပါ ၾကားသိထားရတာျဖစ္တယ္။

ေဆာ နီဂြက္စ္ကိုယ္တိုင္က ” အသင္းသစ္ကို သံုးရက္အတြင္း ေၾကညာေပးပါမယ္ ” လို႔ သူ႔ရဲ႕ တရားဝင္ တြစ္တာအေကာင့္ကေန ေရးသားသြားခဲ့တာျဖစ္တယ္။ ဒီသတင္းက စပိန္ကလပ္ရဲ႕ ပရိသတ္ေတြၾကားမွာ ပ်ံ႔ႏွံ႔ခဲ့ျပီး အေတာ္ေလး ပြဲဆူခဲ့ပါတယ္။

တြစ္တာကေနပဲ သူ႔ရဲ႕ ပရိသတ္ေတြကို လာမယ့္ ၇၂ နာရီအတြင္း အသင္းသစ္ ေၾကညာေပးမယ္လို႔ ဆိုခဲ့တဲ့ ေဆာဟာ ဒီရာသီမွာ အက္သလက္တီကိုအတြက္ ျပိဳင္ပြဲစံု ၃၇ ပြဲ ပါဝင္ကစားေပးထားျပီး ကိုယ္တိုင္ ၄ ဂိုး သြင္းယူေပးထားသူပါ။

စပိန္ဘက္က ေျပာင္းေရႊ႔ေၾကး ေပါင္ ၁၃၅ သန္းဝန္းက်င္ အလိုရွိေပမယ့္ ယူႏုိက္တက္ဘက္က ေပါင္ ၇၀ သန္းေလာက္နဲ႔ ကမ္းလွမ္းမယ္လို႔ သတင္းထြက္ထားတယ္။ ဒါေပမယ့္လည္း ေဆာကို ေခၚယူဖို႔ ေရပန္းစားေနတဲ့ အသင္းေတြထဲမွာ ဝါရင့္ ကြင္းလယ္လူေတြကို လက္လြတ္ေတာ့မယ့္ ဘာစီလိုနာကိုလည္း ဖယ္ထုတ္ထားလို႔ မရတာ ျဖစ္တယ္။

ယူႏုိက္တက္နဲ႔ ေပါ့ဘာတို႔ လမ္းခြဲမယ္ဆိုတဲ့ ကိစၥေတြေနာက္မွာ မန္ခ်က္စတာ အေျခစိုက္ကလပ္က ေဆာကို ျပန္ေခၚဖို႔ ၾကိဳးစားေနတာျဖစ္ျပီး စပိန္သားရဲ႕ အနာဂတ္ေၾကညာမႈဟာ ေနာက္ထပ္ေသာ အေျပာင္းအေရႊ႔ေတြ မ်ားစြာရဲ႕ ပထမဆံုးေသာ ဂယက္လည္း ျဖစ္လာႏုိင္ပါတယ္။