မန်စီးတီး အံ့အားသင့်ဖွယ် အရောင်းတင်လိုက်တဲ့ တိုက်စစ်သမား နှစ်ဦးကို အာဆင်နယ် က ခေါ်ယူလိုနေ

မန်စီးတီးအသင်းဟာ ဒီနွေ အပြောင်းအရွှေ့မှာ တိုက်စစ်သမားနှစ်ဦး ဖြစ်တဲ့ ရာဟင် စတားလင်းနဲ့ မာရက်ဇ်ကို ရောင်းချမယ့် စာရင်းမှာ အံ့အားသင့်ဖွယ် ထည့်သွင်းလိုက်ပြီး တိုက်စစ် အားဖြည့်လိုနေတဲ့ အာဆင်နယ် အသင်းကတော့ ဝင် လှုပ်ရှားဖို့ ကြံရွယ်နေပါတယ်။

စီးတီးနည်းပြ ပက် ဂွာဒီယိုလာ က အသင်းကောင်း အသင်းသစ် တစ်သင်း ပြန်တည်ဆောက် လိုနေပြီး လေးနှစ် အတွင်း ပရီးမီးယားလိဂ် ချန်ပီယံ ၃ ကြိမ် ဖြစ်ထားတဲ့ သူ့အသင်းဟာ အားသစ်လောင်းသင့်နေတယ်လို့ ယုံကြည်နေပါတယ်။

မန်စီးတီးရဲ့ တိုက်စစ် ကြယ်ပွင့် နှစ်ဦး ဖြစ်တဲ့ စတားလင်းနဲ့ မာရက်ဇ် တို့ နှစ်ဦးဟာ ဒီရာသီ စီးတီး အတွက် ပြိုင်ပွဲစုံ ၁၄ ဂိုး သွင်းထားပေးပေမယ့် စီးတီးရဲ့ အရောင်းစာရင်းထဲ ပါဝင်လာပါတယ်။ မန်စီးတီးဟာ ၎င်းတို့ နှစ်ဦး အတွက် ထိုက်သင့်တဲ့ ကမ်းလှမ်းမှု ရရင် ရောင်းချသွားဖို့ ဆုံးဖြတ်ထားကြောင်း ဒေးလီးမေးလ်က ဖော်ထုတ်ထားပါတယ်။

အီတီဟက်မှာ ဂွာဒီယိုလာရဲ့ လက်ထောက် အဖြစ် သုံးနှစ် လုပ်ဖူးပြီး လက်ရှိ အာဆင်နယ် နည်းပြ ဖြစ်နေတဲ့ အာတီတာကတော့ သူ့ရဲ့ အသင်းသားဟောင်းတွေကို လန်ဒန်သို့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဒါပေမယ့် အာဆင်နယ်ရဲ့ ဘဏ္ဍာရေး ရုန်းကန်မှုနဲ့ နောက်ရာသီ ဥရောပပြိုင်ပွဲ ကစားခွင့် မရှိတာက စီးတီး တိုက်စစ် ကြယ်ပွင့်တွေကို ကြိုးပမ်းရာမှာတော့ အဓိက အတားအဆီးတွေ ဖြစ်ဖို့ ရှိနေပါတယ်။

မန်စီးတီးဟာ ဂျီဆုနဲ့ လာပေါ်တေးကိုလည်း ထွက်ခွာခွင့် ပြုဖွယ် ရှိပြီး ဂွာဒီယိုလာက ဟယ်ရီကိန်း၊ ဟာလန်းနဲ့ ဂျက် ဂရေးလစ်ချ်တို့ကို ခေါ်ယူဖို့ စိတ်ကြိုက် ငွေအင်အား ရအောင် လှုပ်ရှားလိုနေပါတယ်။

Zawgyi – မန္စီးတီးအသင္းဟာ ဒီေႏြ အေျပာင္းအေရႊ႕မွာ တိုက္စစ္သမားနွစ္ဦး ျဖစ္တဲ့ ရာဟင္ စတားလင္းနဲ႕ မာရက္ဇ္ကို ေရာင္းခ်မယ့္ စာရင္းမွာ အံ့အားသင့္ဖြယ္ ထည့္သြင္းလိုက္ျပီး တိုက္စစ္ အားျဖည့္လိုေနတဲ့ အာဆင္နယ္ အသင္းကေတာ့ ၀င္ လႈပ္ရွားဖို႔ ၾကံရြယ္ေနပါတယ္။

စီးတီးနည္းျပ ပက္ ဂြာဒီယိုလာ က အသင္းေကာင္း အသင္းသစ္ တစ္သင္း ျပန္တည္ေဆာက္ လိုေနျပီး ေလးနွစ္ အတြင္း ပရီးမီးယားလိဂ္ ခ်န္ပီယံ ၃ ၾကိမ္ ျဖစ္ထားတဲ့ သူ႔အသင္းဟာ အားသစ္ေလာင္းသင့္ေနတယ္လို႔ ယံုၾကည္ေနပါတယ္။

မန္စီးတီးရဲ႕ တိုက္စစ္ ၾကယ္ပြင့္ နွစ္ဦး ျဖစ္တဲ့ စတားလင္းနဲ႕ မာရက္ဇ္ တို႔ နွစ္ဦးဟာ ဒီရာသီ စီးတီး အတြက္ ျပိဳင္ပြဲစံု ၁၄ ဂိုး သြင္းထားေပးေပမယ့္ စီးတီးရဲ႕ အေရာင္းစာရင္းထဲ ပါ၀င္လာပါတယ္။ မန္စီးတီးဟာ ၄င္းတို႔ နွစ္ဦး အတြက္ ထိုက္သင့္တဲ့ ကမ္းလွမ္းမႈ ရရင္ ေရာင္းခ်သြားဖို႔ ဆံုးျဖတ္ထားေၾကာင္း ေဒးလီးေမးလ္က ေဖာ္ထုတ္ထားပါတယ္။

အီတီဟက္မွာ ဂြာဒီယိုလာရဲ႕ လက္ေထာက္ အျဖစ္ သံုးနွစ္ လုပ္ဖူးျပီး လက္ရွိ အာဆင္နယ္ နည္းျပ ျဖစ္ေနတဲ့ အာတီတာကေတာ့ သူ႔ရဲ႕ အသင္းသားေဟာင္းေတြကို လန္ဒန္သို႔ ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။

ဒါေပမယ့္ အာဆင္နယ္ရဲ႕ ဘ႑ာေရး ရုန္းကန္မႈနဲ႕ ေနာက္ရာသီ ဥေရာပျပိဳင္ပြဲ ကစားခြင့္ မရွိတာက စီးတီး တိုက္စစ္ ၾကယ္ပြင့္ေတြကို ၾကိဳးပမ္းရာမွာေတာ့ အဓိက အတားအဆီးေတြ ျဖစ္ဖို႔ ရွိေနပါတယ္။

မန္စီးတီးဟာ ဂ်ီဆုနဲ႕ လာေပၚေတးကိုလည္း ထြက္ခြာခြင့္ ျပဳဖြယ္ ရွိျပီး ဂြာဒီယိုလာက ဟယ္ရီကိန္း၊ ဟာလန္းနဲ႕ ဂ်က္ ဂေရးလစ္ခ်္တို႔ကို ေခၚယူဖို႔ စိတ္ၾကိဳက္ ေငြအင္အား ရေအာင္ လႈပ္ရွားလိုေနပါတယ္။