အာဆင်နယ် ကွင်းလယ်ကစားသမား မက်တီယို ဂွမ်ဒူဆီဟာ ပြင်သစ်ကလပ် မာဆေးအသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားပြီ ဖြစ်ကြောင်း ပြင်သစ် သတင်းဌာန L’Equipe က ဖော်ပြထားပါတယ်။
ဂွမ်ဒူဇီက အာဆင်နယ်နဲ့ အဆင်မပြေမှုများကြောင့် ဒီနွေမှာ ရောင်းချခံရဖို့ များနေပြီး မာဆေးအသင်းက အာဆင်နယ်နဲ့ သေချာဆွေးနွေးမှုတော့ မလုပ်ရသေးကြောင်း သိရပါတယ်။ ဒါပေမယ့် ဂွမ်ဒူဇီကတော့ မာဆေးအသင်း တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံထားကြောင်း သတင်းတွေက ဖော်ပြလာပါတယ်။
မာဆေးကတော့ ဂွမ်ဒူဇီ အပြင် ဝီလီယံ ဆာလီဘာကိုပါ အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဂန်းနားတွေဘက်က မီးစိမ်းပြရင် နှစ်ယောက် တခါတည်း ခေါ်ဖို့ ရည်ရွယ်ထားပါတယ်။
ဆာလီဘာက နိုက်စ် အသင်းမှာ အငှား ကစားပြီး ပြန်လာမှာ ဖြစ်ကာ ရာသီကြိုကာလမှ နည်းပြ အာတီတာရဲ့ စောင့်ကြည့် အကဲဖြတ်မှုနဲ့ အတူ အနာဂတ် ဆုံးဖြတ်ခံရဖို့ ရှိပါတယ်။ ဆာလီဘာရဲ့ အာဆင်နယ်နဲ့ စာချုပ်က သုံးနှစ် ကျန်ရှိနေပါသေးတယ်။
ဂွမ်ဒူဇီရဲ့ စာချုပ်ကတော့ ၂၀၂၂ မှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် ပြောင်းရွှေ့ကြေး ရဖို့ ဆို ဒီနွေမှာ ရောင်းချခံရဖို့ အလားအလာ အလွန်များနေတာပါ။
Zawgyi – အာဆင္နယ္ ကြင္းလယ္ကစားသမား မက္တီယို ဂြမ္ဒူဆီဟာ ျပင္သစ္ကလပ္ မာေဆးအသင္းထံ ေျပာင္းေရႊ႕ဖို႔ ပုဂၢိဳလ္ေရး သေဘာတူညီမႈ ရထားျပီ ျဖစ္ေၾကာင္း ျပင္သစ္ သတင္းဌာန L’Equipe က ေဖာ္ျပထားပါတယ္။
ဂြမ္ဒူဇီက အာဆင္နယ္နဲ႕ အဆင္မေျပမႈမ်ားေၾကာင့္ ဒီေႏြမွာ ေရာင္းခ်ခံရဖို႕ မ်ားေနျပီး မာေဆးအသင္းက အာဆင္နယ္နဲ႕ ေသခ်ာေဆြးေႏြးမႈေတာ့ မလုပ္ရေသးေၾကာင္း သိရပါတယ္။ ဒါေပမယ့္ ဂြမ္ဒူဇီကေတာ့ မာေဆးအသင္း တာ၀န္ရွိသူေတြနဲ႕ပါ ေတြ႔ဆံုထားေၾကာင္း သတင္းေတြက ေဖာ္ျပလာပါတယ္။
မာေဆးကေတာ့ ဂြမ္ဒူဇီ အျပင္ ၀ီလီယံ ဆာလီဘာကိုပါ အငွားနဲ႕ ေခၚယူဖို႔ စိတ္၀င္စားေနျပီး ဂန္းနားေတြဘက္က မီးစိမ္းျပရင္ နွစ္ေယာက္ တခါတည္း ေခၚဖို႔ ရည္ရြယ္ထားပါတယ္။
ဆာလီဘာက နိုက္စ္ အသင္းမွာ အငွား ကစားျပီး ျပန္လာမွာ ျဖစ္ကာ ရာသီၾကိဳကာလမွ နည္းျပ အာတီတာရဲ႕ ေစာင့္ၾကည့္ အကဲျဖတ္မႈနဲ႕ အတူ အနာဂတ္ ဆံုးျဖတ္ခံရဖို႔ ရွိပါတယ္။ ဆာလီဘာရဲ႕ အာဆင္နယ္နဲ႕ စာခ်ဳပ္က သံုးနွစ္ က်န္ရွိေနပါေသးတယ္။
ဂြမ္ဒူဇီရဲ႕ စာခ်ဳပ္ကေတာ့ ၂၀၂၂ မွာ ကုန္ဆံုးမွာ ျဖစ္တာေၾကာင့္ ေျပာင္းေရႊ႕ေၾကး ရဖို႔ ဆုိ ဒီေႏြမွာ ေရာင္းခ်ခံရဖို႔ အလားအလာ အလြန္မ်ားေနတာပါ။