ကိန်းနဲ့ ဟာလန်း – ဘယ်သူ့ကို ခေါ်မလဲ ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်မှူးနေရာ အားဖြည့်ဖို့ အတွက် စပါးမှ ကိန်းနဲ့ ဒေါ့မွန်မှ ဟာလန်းတို့ကို စောင့်ကြည့်နေတဲ့ထဲက ဘယ်သူ့ကို ခေါ်ဖို့ ဦးစားပေး လှုပ်ရှားမယ် ဆိုတာ ဆုံးဖြတ်ပြီး ဖြစ်ကြောင်း သိရပါတယ်။

ယူနိုက်တက်က ကိန်းထက် ဟာလန်းကို ၂၀၂၂ မှ အရ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ အသက် ၂၇ နှစ် အရွယ် အင်္ဂလန်သား တိုက်စစ်မှူး ကိန်းကတော့ ဒီနွေမှာ စပါးကနေ ထွက်ခွာလိုကြောင်းလည်း သိသိသာသာ ဖော်ပြထားပြီး ဖြစ်ပါတယ်။

စပါးက ကိန်းအတွက် တန်ကြေးကို ပေါင် သန်း ၁၅၀ လောက် အထိ သတ်မှတ်ထားမှာ ဖြစ်ပြီး ယူနိုက်တက်က ကိန်းကိုသာ ခေါ်မယ်ဆို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး သုံးရဖွယ် ရှိပါတယ်။

ယူနိုက်တက်ဟာ ကိုဗစ် ကပ်ကာလ စတည်းက ဆုံးရှုံးမှုဟာ ပေါင် သန်း ၁၅၀ ရှိထားပြီ ဖြစ်ပြီး နောက်ရာသီမှာလည်း ပရိသတ်တွေ ကွင်းထဲ အပြည့် ပြန် ဝင်ရောက်နိုင်မလားကတော့ မသေချာသေးပါဘူး။

ဒါ့အပြင် ဆိုးရှား က ဒေါ့မွန်မှ တောင်ပံ တိုက်စစ်သမား ဆန်ချို ကို အလိုရှိပေမယ့် ဆန်ချို ကို ခေါ်လိုက်ရင် ကိန်း အတွက် အပြောင်းအရွှေ့ စရိတ် မကျန်ဘဲ ရှိနေမှာပါ။ ဒေလီးမေးလ် အဆိုအရတော့ ယူနိုက်တက်ဟာ ကိန်းကို စိတ်ဝင်စားမှု ရပ်တန့်လိုက်ပြီ ဖြစ်ပြီး ဟာလန်းကိုသာ ၂၀၂၂ မှာ ခေါ်ဖို့ ကြိုးစားမယ်လို့ သိရပါတယ်။

အသက် ၂၀ အရွယ် နော်ဝေသား တိုက်စစ်မှူးဟာ ဒီရာသီ ချန်ပီယံလိဂ် ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ကာ ဒေါ့မွန်က တန်ကြေး ပေါင် သန်း ၁၃၀ လို့ သတ်မှတ် ထားပါတယ်။ ဒါပေမယ့် ၎င်းနဲ့ ဒေါ့မွန် စာချုပ်မှာ ၂၀၂၂ ကျရင် ပေါင် ၆၂ သန်းနဲ့ ထွက်ခွာခွင့် ပါနေတယ်လို့ သတင်းထွက်ထားကာ ယူနိုက်တက်ဟာ အခြား ထိပ်သီး အသင်းတွေနဲ့ ပြိုင်ဆိုင် ကြိုးပမ်းရမှာပါ။

ယူနိုက်တက် အတွက် ဟာလန်းကို ခေါ်ယူနိုင်ဖို့ ဝှက်ဖဲကတော့ ဆိုးရှားနဲ့ ဟာလန်းတို့ရဲ့ နော်ဝေသားချင်း ရင်းနှီးမှု ဖြစ်ပါတယ်။ ဒါ့အပြင် ဆိုးရှားက မိုဒီမှာတုန်းက ဟာလန်းကို အသက် ၁၆ နှစ်မှာ စီနီယာ အသင်း ပွဲထွက်ခွင့် စတင် ပေးခဲ့တာ ဖြစ်ပါတယ်။

ကာဗာနီကို သက်တမ်းတိုးထားတာကြောင့် ယူနိုက်တက်ဟာ တိုက်စစ်မှူး ခေါ်ဖို့ အစီအစဉ် နောက် တစ်နှစ် ထပ်ရွှေ့ပြီး ဟာလန်းကို နောက်နှစ်မှ ခေါ်ယူဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ တိုက္စစ္မွဴးေနရာ အားျဖည့္ဖို႔ အတြက္ စပါးမွ ကိန္းနဲ႕ ေဒါ့မြန္မွ ဟာလန္းတို႔ကို ေစာင့္ၾကည့္ေနတဲ့ထဲက ဘယ္သူ႔ကို ေခၚဖို႔ ဦးစားေပး လႈပ္ရွားမယ္ ဆိုတာ ဆံုးျဖတ္ျပီး ျဖစ္ေၾကာင္း သိရပါတယ္။

ယူနိုက္တက္က ကိန္းထက္ ဟာလန္းကို ၂၀၂၂ မွ အရ ေခၚယူဖို႔ ဆံုးျဖတ္ခဲ့တာပါ။ အသက္ ၂၇ နွစ္ အရြယ္ အဂၤလန္သား တိုက္စစ္မွဴး ကိန္းကေတာ့ ဒီေႏြမွာ စပါးကေန ထြက္ခြာလိုေၾကာင္းလည္း သိသိသာသာ ေဖာ္ျပထားျပီး ျဖစ္ပါတယ္။

စပါးက ကိန္းအတြက္ တန္ေၾကးကို ေပါင္ သန္း ၁၅၀ ေလာက္ အထိ သတ္မွတ္ထားမွာ ျဖစ္ျပီး ယူနိုက္တက္က ကိန္းကိုသာ ေခၚမယ္ဆို ျဗိတိန္ စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကး သံုးရဖြယ္ ရွိပါတယ္။

ယူနိုက္တက္ဟာ ကိုဗစ္ ကပ္ကာလ စတည္းက ဆံုးရွံဳးမႈဟာ ေပါင္ သန္း ၁၅၀ ရွိထားျပီ ျဖစ္ျပီး ေနာက္ရာသီမွာလည္း ပရိသတ္ေတြ ကြင္းထဲ အျပည့္ ျပန္ ၀င္ေရာက္နုိင္မလားကေတာ့ မေသခ်ာေသးပါဘူး။

ဒါ့အျပင္ ဆိုးရွား က ေဒါ့မြန္မွ ေတာင္ပံ တိုက္စစ္သမား ဆန္ခ်ိဳ ကို အလိုရွိေပမယ့္ ဆန္ခ်ိဳ ကို ေခၚလိုက္ရင္ ကိန္း အတြက္ အေျပာင္းအေရႊ႕ စရိတ္ မက်န္ဘဲ ရွိေနမွာပါ။ ေဒလီးေမးလ္ အဆိုအရေတာ့ ယူနိုက္တက္ဟာ ကိန္းကို စိတ္၀င္စားမႈ ရပ္တန္႔လိုက္ျပီ ျဖစ္ျပီး ဟာလန္းကိုသာ ၂၀၂၂ မွာ ေခၚဖို႔ ၾကိဳးစားမယ္လို႔ သိရပါတယ္။

အသက္ ၂၀ အရြယ္ ေနာ္ေ၀သား တိုက္စစ္မွဴးဟာ ဒီရာသီ ခ်န္ပီယံလိဂ္ ထိပ္တန္း ဂိုးသြင္းရွင္ ျဖစ္ကာ ေဒါ့မြန္က တန္ေၾကး ေပါင္ သန္း ၁၃၀ လို႔ သတ္မွတ္ ထားပါတယ္။ ဒါေပမယ့္ ၄င္းနဲ႕ ေဒါ့မြန္ စာခ်ဳပ္မွာ ၂၀၂၂ က်ရင္ ေပါင္ ၆၂ သန္းနဲ႕ ထြက္ခြာခြင့္ ပါေနတယ္လို႔ သတင္းထြက္ထားကာ ယူနိုက္တက္ဟာ အျခား ထိပ္သီး အသင္းေတြနဲ႕ ျပိဳင္ဆိုင္ ၾကိဳးပမ္းရမွာပါ။

ယူနိုက္တက္ အတြက္ ဟာလန္းကို ေခၚယူနိုင္ဖို႔ ၀ွက္ဖဲကေတာ့ ဆိုးရွားနဲ႕ ဟာလန္းတို႔ရဲ႕ ေနာ္ေ၀သားခ်င္း ရင္းနွီးမႈ ျဖစ္ပါတယ္။ ဒါ့အျပင္ ဆိုးရွားက မိုဒီမွာတုန္းက ဟာလန္းကို အသက္ ၁၆ နွစ္မွာ စီနီယာ အသင္း ပြဲထြက္ခြင့္ စတင္ ေပးခဲ့တာ ျဖစ္ပါတယ္။

ကာဗာနီကို သက္တမ္းတိုးထားတာေၾကာင့္ ယူနုိက္တက္ဟာ တိုက္စစ္မွဴး ေခၚဖို႔ အစီအစဥ္ ေနာက္ တစ္နွစ္ ထပ္ေရႊ႕ျပီး ဟာလန္းကို ေနာက္နွစ္မွ ေခၚယူဖို႔ ဆံုးျဖတ္ထားေၾကာင္း သိရပါတယ္။