ဟာဗက်ကို ခေါ်ယူနိုင်ရေးမှာ ယူနိုက်တက် ဦးဆောင်နေပြီး ပေါင် သန်း ၅၀ ဖြင့် ကမ်းလှမ်းမည်

UNICODE – ယူနိုက်တက်ဟာ ဘွန်ဒက်လီဂါကြယ်ပွင့် ကိုင်း ဟာဗက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ ရေပန်းစားမှု အမြင့်ဆုံးကို ရောက်ရှိလာတယ်လို့ သိရပါတယ်။

တိုက်စစ်အားသန် ကွင်းလယ်လူကို ခေါ်ယူဖို့ ယူနိုက်တက်အပြင် ချယ်ဆီး၊ လီဗာပူးတို့ကလည်း စိတ်ဝင်စားနေတာပါ။ အင်္ဂလန်အသင်းတွေထဲမှာ ယူနိုက်တက်ကတော့ ဟာဗက်ကို ကနဦး ပေါင် သန်း ၅၀ ဖြင့် ကမ်းလှမ်းဖို့ စတင် ပြင်ဆင်လာတဲ့ ပထမဆုံးအသင်းလို့ သိရပါတယ်။

ပုံမှန်အားဖြင့် ကွင်းလယ်တိုက်စစ်နေရာမှာ ကစားတဲ့ ဟာဗက်ဟာ ဒီရာသီမှာတော့ တောင်ပံတွေအပြင် နောက်ချန် တိုက်စစ်နဲ့ နံပါတ် ၉ တိုက်စစ်နေရာတွေထိ တက်ကစားလာခဲ့တာပါ။ အသက် ၂၁ နှစ် မပြည့်သေးတဲ့ တိုက်စစ်သမားဟာ ဒီရာသီ လေဗာကူဆင်အတွက် ပြိုင်ပွဲစုံ ၁၅ ဂိုးထိ သွင်းယူပေးထားပြီး ဂိုးထောက်ပံ့မှု ၈ ကြိမ် လုပ်ပေးထားပါတယ်။

လေဗာကူဆင်နဲ့ စာချုပ် နှစ်နှစ် ကျန်ရှိနေတဲ့ တိုက်စစ်သမားကို တိုင်းပြည်ရဲ့ အနာဂတ်အဖြစ် ဂျာမနီပရိသတ်တွေက အများကြီး မျှော်လင့်ထားကြတယ်။ ဟာဗက်ဟာ အသက် ၂၁ နှစ် မပြည့်ခင်မှာပဲ သွင်းဂိုး ၃၅ ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံးသော ဘွန်ဒက်လီဂါ ကစားသမားအဖြစ် မှတ်တမ်းဝင်ထားခဲ့ပြီဖြစ်ပါတယ်။

သူဟာ လေဗာကူဆင်မှာ တောက်ပလာနေပြီး နောက်ထပ် ပိုမြင့်တဲ့ အနေအထားအဖြစ် ကမ္ဘာအဆင့်ကို ရောက်ဖို့ ဆိုရင်တော့ ပုံမှန် ပွဲထွက်ခွင့်နဲ့အတူ ထိပ်တန်း ကစားသမားတွေ ရှိနေတဲ့ ကလပ်မှာ ကစားဖို့ လိုပါလိမ့်မယ်။ ယူနိုက်တက်နဲ့ ချယ်ဆီးဟာ ဟာဗက်အပြင် ဆန်ချို အပြောင်းအရွှေ့မှာလည်း ထိပ်တိုက်တွေ့မှာဖြစ်ပြီး လူငယ်လေးတွေကို ပုံမှန် ပွဲထွက်ခွင့်နဲ့အတူ စည်းရုံးလိုနေတယ်။

လက်ရှိ ဘွန်ဒက်လီဂါမှာ အတောက်ပဆုံးဖြစ်နေတဲ့ ကစားသမားကို ယူနိုက်တက်က ပေါင် သန်း ၅၀ နဲ့အတူ ကမ်းလှမ်းဖို့ စတင်လိုက်တာဖြစ်ပြီး ဒီသတင်းက ဟာဗက်ကို စိတ်ဝင်စားနေတဲ့ အင်္ဂလန်ကလပ်တွေကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့ပါတယ်။

ZAWGYI – ယူႏုိက္တက္ဟာ ဘြန္ဒက္လီဂါၾကယ္ပြင့္ ကိုင္း ဟာဗက္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ပရီးမီးယားလိဂ္ ကလပ္ေတြထဲမွာ ေရပန္းစားမႈ အျမင့္ဆံုးကို ေရာက္ရွိလာတယ္လို႔ သိရပါတယ္။

တိုက္စစ္အားသန္ ကြင္းလယ္လူကို ေခၚယူဖို႔ ယူႏုိက္တက္အျပင္ ခ်ယ္ဆီး၊ လီဗာပူးတို႔ကလည္း စိတ္ဝင္စားေနတာပါ။ အဂၤလန္အသင္းေတြထဲမွာ ယူႏုိက္တက္ကေတာ့ ဟာဗက္ကို ကနဦး ေပါင္ သန္း ၅၀ ျဖင့္ ကမ္းလွမ္းဖို႔ စတင္ ျပင္ဆင္လာတဲ့ ပထမဆံုးအသင္းလို႔ သိရပါတယ္။

ပံုမွန္အားျဖင့္ ကြင္းလယ္တိုက္စစ္ေနရာမွာ ကစားတဲ့ ဟာဗက္ဟာ ဒီရာသီမွာေတာ့ ေတာင္ပံေတြအျပင္ ေနာက္ခ်န္ တိုက္စစ္နဲ႔ နံပါတ္ ၉ တိုက္စစ္ေနရာေတြထိ တက္ကစားလာခဲ့တာပါ။ အသက္ ၂၁ ႏွစ္ မျပည့္ေသးတဲ့ တိုက္စစ္သမားဟာ ဒီရာသီ ေလဗာကူဆင္အတြက္ ျပိဳင္ပြဲစံု ၁၅ ဂိုးထိ သြင္းယူေပးထားျပီး ဂိုးေထာက္ပံ့မႈ ၈ ၾကိမ္ လုပ္ေပးထားပါတယ္။

ေလဗာကူဆင္နဲ႔ စာခ်ဳပ္ ႏွစ္ႏွစ္ က်န္ရွိေနတဲ့ တိုက္စစ္သမားကို တိုင္းျပည္ရဲ႕ အနာဂတ္အျဖစ္ ဂ်ာမနီပရိသတ္ေတြက အမ်ားၾကီး ေမွ်ာ္လင့္ထားၾကတယ္။ ဟာဗက္ဟာ အသက္ ၂၁ ႏွစ္ မျပည့္ခင္မွာပဲ သြင္းဂိုး ၃၅ ဂိုး သြင္းယူႏုိင္တဲ့ ပထမဆံုးေသာ ဘြန္ဒက္လီဂါ ကစားသမားအျဖစ္ မွတ္တမ္းဝင္ထားခဲ့ျပီျဖစ္ပါတယ္။

သူဟာ ေလဗာကူဆင္မွာ ေတာက္ပလာေနျပီး ေနာက္ထပ္ ပိုျမင့္တဲ့ အေနအထားအျဖစ္ ကမၻာအဆင့္ကို ေရာက္ဖို႔ ဆိုရင္ေတာ့ ပံုမွန္ ပြဲထြက္ခြင့္နဲ႔အတူ ထိပ္တန္း ကစားသမားေတြ ရွိေနတဲ့ ကလပ္မွာ ကစားဖို႔ လိုပါလိမ့္မယ္။ ယူႏုိက္တက္နဲ႔ ခ်ယ္ဆီးဟာ ဟာဗက္အျပင္ ဆန္ခ်ိဳ အေျပာင္းအေရႊ႔မွာလည္း ထိပ္တိုက္ေတြ႔မွာျဖစ္ျပီး လူငယ္ေလးေတြကို ပံုမွန္ ပြဲထြက္ခြင့္နဲ႔အတူ စည္းရံုးလိုေနတယ္။

လက္ရွိ ဘြန္ဒက္လီဂါမွာ အေတာက္ပဆံုးျဖစ္ေနတဲ့ ကစားသမားကို ယူႏုိက္တက္က ေပါင္ သန္း ၅၀ နဲ႔အတူ ကမ္းလွမ္းဖို႔ စတင္လိုက္တာျဖစ္ျပီး ဒီသတင္းက ဟာဗက္ကို စိတ္ဝင္စားေနတဲ့ အဂၤလန္ကလပ္ေတြၾကား လႈပ္လႈပ္ရွားရွား ျဖစ္သြားေစခဲ့ပါတယ္။