ယနေ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် အပြောင်းအရွှေ့သတင်းတိုများ (31/05/21)

ယူနိုက်တက် ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ဟာ ၂၀၂၁-၂၂ ဘောလုံးရာသီ မစတင်ခင်မှာ နည်းပြ ဆိုးရှားနဲ့ သေချာပေါက် ထိုင်ပြီး အသင်းရဲ့ ဘယ်နေရာမှာ သူ တာဝန်ယူရမလဲ ဆိုတာ ပြောဆို ဆွေးနွေးဖို့ ရှိကြောင်း တယ်လီဂရပ်ဖ်က ဖော်ပြထားပါတယ်။

ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ ရာသီမှာ ပရီးမီးယားလိဂ် ပွဲ ၄ ပွဲသာ ပွဲထွက် ကစားခွင့် ရပြီး ပြိုင်ပွဲစုံ ၃၆ ပွဲ ကစားခွင့် ရခဲ့ရာမှာ ၁ဂိုးသွင်း ၂ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။ ပွဲတော်တော်များများမှာ ဟော်လန်သားက အရန်ကနေ လူစားဝင် ကစားခွင့် ရတာ ဖြစ်ပါတယ်။

တိုက်စစ်မှူး ပစ်မှတ်တွေထဲ ကိန်းနဲ့ ဟာလန်းကို ယူနိုက်တက်က ဒီနွေမှာ ကြိုးစားတော့မှာ မဟုတ်ဘဲ ဟာလန်းကိုသာ နောက်နှစ်မှ ကြိုးစားဖွယ် ရှိကြောင်း သတင်းထွက်လာပါတယ်။ ကာဗာနီနဲ့ သက်တမ်းတိုးလိုက်တာကြောင့် ယူနိုက်တက်က အထောင်တိုက်စစ်မှူးသစ် ရှာဖို့ ရွှေ့ဆိုင်းလိုက်တာပါ။

အီတလီဘက်က သတင်းတွေ အဆိုအရ ယူနိုက်တက်ဟာ ပေါ့ဘာနဲ့ ဂျူဗင်တပ်မှ ခရစ္စတီယာနို ရော်နယ်ဒို ကို အလဲ အထပ် ပြုလုပ်ဖွယ် ရှိကြောင်း ဖော်ပြနေပါတယ်။

စပိန်သား ကွင်းလယ် ကစားသမား ဆော နီဂွက်ဇ် ဟာ ဒီနွေမှာ ယူနိုက်တက်ထံ ပြောင်းရွှေ့လိုတာကြောင့် လက်ရှိ ကလပ် အက်သလက်တီကို မက်ဒရစ်ကို ဖိအားပေးနေပြီး ၎င်းကို တီကိုကလည်း ပေါင် သန်း ၄၀ လောက်နဲ့ ရောင်းချဖွယ် ရှိနေပါတယ်။

ယူနိုက်တက်ဟာ လာမယ့် ရာသီအတွက် လူငယ် ကစားသမားလေးတွေ ဖြစ်တဲ့ အီသန် ဂဲလ်ဘရိတ်၊ ဒိုင်လန် လယ်ဗစ်၊ ကိုဗာ၊ ဒိုင်ရွှန် တို့ကို အငှား စေလွှတ်ဖို့ ကလပ် ရှာဖွေနေပါတယ်။

Zawgyi – ယူနိုက္တက္ ကြင္းလယ္ကစားသမား ဗန္ဒီဘိခ္ဟာ ၂၀၂၁-၂၂ ေဘာလံုးရာသီ မစတင္ခင္မွာ နည္းျပ ဆိုးရွားနဲ႕ ေသခ်ာေပါက္ ထိုင္ျပီး အသင္းရဲ႕ ဘယ္ေနရာမွာ သူ တာ၀န္ယူရမလဲ ဆိုတာ ေျပာဆို ေဆြးေႏြးဖို႔ ရွိေၾကာင္း တယ္လီဂရပ္ဖ္က ေဖာ္ျပထားပါတယ္။

ဗန္ဒီိဘိခ္ဟာ ျပီးခဲ့တဲ့ ရာသီမွာ ပရီးမီးယားလိဂ္ ပြဲ ၄ ပြဲသာ ပြဲထြက္ ကစားခြင့္ ရျပီး ျပိဳင္ပြဲစံု ၃၆ ပြဲ ကစားခြင့္ ရခဲ့ရာမွာ ၁ဂိုးသြင္း ၂ ဂိုး ေထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။ ပြဲေတာ္ေတာ္မ်ားမ်ားမွာ ေဟာ္လန္သားက အရန္ကေန လူစား၀င္ ကစားခြင့္ ရတာ ျဖစ္ပါတယ္။

တိုက္စစ္မွဴး ပစ္မွတ္ေတြထဲ ကိန္းနဲ႕ ဟာလန္းကို ယူနိုက္တက္က ဒီေႏြမွာ ၾကိဳးစားေတာ့မွာ မဟုတ္ဘဲ ဟာလန္းကိုသာ ေနာက္နွစ္မွ ၾကိဳးစားဖြယ္ ရွိေၾကာင္း သတင္းထြက္လာပါတယ္။ ကာဗာနီနဲ႕ သက္တမ္းတိုးလိုက္တာေၾကာင့္ ယူနိုက္တက္က အေထာင္တိုက္စစ္မွဴးသစ္ ရွာဖို႔ ေရႊ႕ဆိုင္းလိုက္တာပါ။

အီတလီဘက္က သတင္းေတြ အဆိုအရ ယူနိုက္တက္ဟာ ေပါ့ဘာနဲ႕ ဂ်ဴဗင္တပ္မွ ခရစၥတီယာနို ေရာ္နယ္ဒို ကို အလဲ အထပ္ ျပဳလုပ္ဖြယ္ ရွိေၾကာင္း ေဖာ္ျပေနပါတယ္။

စပိန္သား ကြင္းလယ္ ကစားသမား ေဆာ နီဂြက္ဇ္ ဟာ ဒီေႏြမွာ ယူနိုက္တက္ထံ ေျပာင္းေရႊ႕လိုတာေၾကာင့္ လက္ရွိ ကလပ္ အက္သလက္တီကို မက္ဒရစ္ကို ဖိအားေပးေနျပီး ၄င္းကို တီကိုကလည္း ေပါင္ သန္း ၄၀ ေလာက္နဲ႕ ေရာင္းခ်ဖြယ္ ရွိေနပါတယ္။

ယူနိုက္တက္ဟာ လာမယ့္ ရာသီအတြက္ လူငယ္ ကစားသမားေလးေတြ ျဖစ္တဲ့ အီသန္ ဂဲလ္ဘရိတ္၊ ဒိုင္လန္ လယ္ဗစ္၊ ကိုဗာ၊ ဒိုင္ရႊန္ တို႔ကို အငွား ေစလႊတ္ဖို႔ ကလပ္ ရွာေဖြေနပါတယ္။