တော့တင်ဟမ် စပါး အသင်းဟာ ဒီနွေမှာ အားထားရတဲ့ တိုက်စစ်မှူး ဟယ်ရီ ကိန်းကို လက်လွှတ်ရဖို့ ရှိနေတာကြောင့် အစားထိုးရန် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မာရှယ် ကို ခေါ်ယူဖို့ ကြံရွယ်နေပါတယ်။
စပါးအသင်းက မာရှယ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်းလောက် သုံးဖို့ ရည်ရွယ်ထားပေမယ့် ယူနိုက်တက်ကတော့ မာှရယ် အတွက် တန်ကြေး ယူရို သန်း ၄၀ လောက် အနည်းဆုံး ရမှ လက်ခံ စဉ်းစားဖွယ် ရှိပါတယ်။
အသက် ၂၅ နှစ် အရွယ် တိုက်စစ်မှူး မာရှယ် ဟာ မန်ချက်စတာ ယူနိုက်တက်ထံ ၂၀၁၅ နွေက မိုနာကို အသင်းထံမှ ပြောင်းရွှေ့ကြေး မြင့်မြင့်နဲ့ ရောက်ရှိလာခဲ့တာပါ။ ဒါပေမယ့် ပြင်သစ်သားဟာ ဒီနောက်ပိုင်းနှစ်တွေမှာ သွင်းဂိုး နည်းပါးလာပြီး အဆုံးသတ် မသေချာမှုတွေကြောင့် ဝေဖန်မှုတွေ ခံနေရပါတယ်။
ပြီးခဲ့တဲ့ ရာသီမှာ မာရှယ်က ပြိုင်ပွဲစုံ ၃၆ ပွဲ ကစားပြီး ၇ ဂိုး သွင်း၊ ၉ ဂိုး ထောက်ပံ့မှု ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် ဒီနွေ မှာ မာရှယ်နဲ့ ယူနိုက်တက် အနာဂတ် က မရေရာ ရှိနေပြီး စပါးက အခွင့်ကောင်း ယူကာ ဝင် ကမ်းလှမ်းဖို့ ကြံရွယ်နေတာ ဖြစ်ပါတယ်။
စပါးကလည်း အသင်းကနေ ထွက်ခွာလိုကြောင်း ပြောဆိုထားတဲ့ တိုက်စစ်မှူး ကိန်းကို လက်လွှတ်ရနိုင်တာကြောင့် တိုက်စစ်မှူး ရှာဖွေနေပြီး မာရှယ်ကို မျက်စိကျလာတာပါ။ ကိန်းကို အလိုရှိတဲ့ အသင်းတွေထဲ ယူနိုက်တက် ပါဝင်ခဲ့ပေမယ့် ကာဗာနီကို သက်တမ်းတိုးပြီးတဲ့နောက် ဒီနွေမှာ အထောင်တိုက်စစ်မှူး ခေါ်ဖို့ ယူနိုက်တက် အစီအစဉ် ရွှေ့ခဲ့ပြီ ဖြစ်ပါတယ်။
မာရှယ်ကို လက်လွှတ်ဖို့ကတော့ ယူနိုက်တက် နည်းပြ ဆိုးရှား အပေါ်လည်း မူတည်သေးပြီး ဆိုးရှားကတော့ နောက်ရာသီမှာလည်း မာရှယ်ကို သူ့အစီအစဉ်တွေထဲ ထည့်သွင်းထားလိုနေဆဲ ဖြစ်ပါတယ်။
Zawgyi – ေတာ့တင္ဟမ္ စပါး အသင္းဟာ ဒီေႏြမွာ အားထားရတဲ့ တုိက္စစ္မွဴး ဟယ္ရီ ကိန္းကို လက္လႊတ္ရဖို႔ ရွိေနတာေၾကာင့္ အစားထိုးရန္ မန္ခ်က္စတာ ယူနိုက္တက္ တိုက္စစ္မွဴး မာရွယ္ ကို ေခၚယူဖို႔ ၾကံရြယ္ေနပါတယ္။
စပါးအသင္းက မာရွယ္ အတြက္ ေျပာင္းေရႊ႕ေၾကး ယူရို ၃၅ သန္းေလာက္ သံုးဖို႔ ရည္ရြယ္ထားေပမယ့္ ယူနိုက္တက္ကေတာ့ မာွရယ္ အတြက္ တန္ေၾကး ယူရို သန္း ၄၀ ေလာက္ အနည္းဆံုး ရမွ လက္ခံ စဥ္းစားဖြယ္ ရွိပါတယ္။
အသက္ ၂၅ နွစ္ အရြယ္ တိုက္စစ္မွဴး မာရွယ္ ဟာ မန္ခ်က္စတာ ယူနိုက္တက္ထံ ၂၀၁၅ ေႏြက မိုနာကို အသင္းထံမွ ေျပာင္းေရႊ႕ေၾကး ျမင့္ျမင့္နဲ႕ ေရာက္ရွိလာခဲ့တာပါ။ ဒါေပမယ့္ ျပင္သစ္သားဟာ ဒီေနာက္ပိုင္းနွစ္ေတြမွာ သြင္းဂိုး နည္းပါးလာျပီး အဆံုးသတ္ မေသခ်ာမႈေတြေၾကာင့္ ေ၀ဖန္မႈေတြ ခံေနရပါတယ္။
ျပီးခဲ့တဲ့ ရာသီမွာ မာရွယ္က ျပိဳင္ပြဲစံု ၃၆ ပြဲ ကစားျပီး ၇ ဂိုး သြင္း၊ ၉ ဂိုး ေထာက္ပံ့မႈ ျပဳလုပ္ခဲ့ပါတယ္။ ဒါေၾကာင့္ ဒီေႏြ မွာ မာရွယ္နဲ႕ ယူနိုက္တက္ အနာဂတ္ က မေရရာ ရွိေနျပီး စပါးက အခြင့္ေကာငး္ ယူကာ ၀င္ ကမ္းလွမ္းဖို႔ ၾကံရြယ္ေနတာ ျဖစ္ပါတယ္။
စပါးကလည္း အသင္းကေန ထြက္ခြာလိုေၾကာင္း ေျပာဆိုထားတဲ့ တိုက္စစ္မွဴး ကိန္းကို လက္လႊတ္ရနုိင္တာေၾကာင့္ တိုက္စစ္မွဴး ရွာေဖြေနျပီး မာရွယ္ကို မ်က္စိက်လာတာပါ။ ကိန္းကို အလိုရွိတဲ့ အသင္းေတြထဲ ယူနိုက္တက္ ပါ၀င္ခဲ့ေပမယ့္ ကာဗာနီကို သက္တမ္းတိုးျပီးတဲ့ေနာက္ ဒီေႏြမွာ အေထာင္တိုက္စစ္မွဴး ေခၚဖို႔ ယူနိုက္တက္ အစီအစဥ္ ေရႊ႕ခဲ့ျပီ ျဖစ္ပါတယ္။
မာရွယ္ကို လက္လႊတ္ဖို႔ကေတာ့ ယူနိုက္တက္ နည္းျပ ဆိုးရွား အေပၚလည္း မူတည္ေသးျပီး ဆိုးရွားကေတာ့ ေနာက္ရာသီမွာလည္း မာရွယ္ကို သူ႔အစီအစဥ္ေတြထဲ ထည့္သြင္းထားလိုေနဆဲ ျဖစ္ပါတယ္။