ချန်ပီယံရှစ်ကလပ် နောဝစ်ချ် အသင်းကတော့ ၎င်းတို့ ကစားသမား နှစ်ဦး ဖြစ်တဲ့ မက်စ် အေရွန်နဲ့ ဘွန်ဒီရာ တို့ကို အာဆင်နယ် အသင်းက ပစ်မှတ်ထားနေတာကြောင့် တန်ကြေး သတ်မှတ် ပြောဆိုလိုက်ပါတယ်။ နောဝစ်ချ် ဟာ ချန်ပီယံ ဖြစ်ခဲ့တာကြောင့် နောက်ရာသီ ပရီးမီးယားလိဂ်မှာ ပါဝင် ယှဉ်ပြိုင်ရမှာပါ။
အာဆင်နယ်အသင်းဟာ ကွင်းလယ်တိုက်စစ်နဲ့ အစွန်ခံစစ် နေရာ အတွက် ဈေးကွက်ထဲမှာ ရှာဖွေနေပြီး နောဝစ်ချ် ကစားသမား နှစ်ဦးကို မျက်စိကျနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် နောဝစ်ချ်ကလည်း အဓိက ကစားသမား နှစ်ဦး ဖြစ်တဲ့ ကွင်းလယ် ကစားသမား ဘွန်ဒီရာနဲ့ ခံစစ် မက်စ် အေရွန် တို့ကို လွယ်လွယ် လက်လွှတ်မှာ မဟုတ်ကြောင်း အားကစားဒါရိုက်တာ စတုဝပ် ဝက်ဘာက သတိပေးလိုက်ပါတယ်။
” ကျနော်တို့ ကစားသမား တစ်ယောက် ရောင်းမယ် ဆိုရင် ကလပ် စံချိန်တင်ကြေး ရမှပဲ လုပ်ဖြစ်ပါလိမ့်မယ်။ ၃ ဂဏန်း အစလောက်ပေါ့ (သန်း ၃၀ ကို ရည်ရွယ်)၊ ဒါမှပဲ တစ်သင်းလုံး ပို ကောင်းမွန်အောင် လုပ်နိုင်ဖို့ အခွင့်ကောင်း ရရှိပါလိမ့်မယ်။ ကျနော်တေို့ကတော့ လောလောဆယ် အေးအေးဆေးဆေးပါပဲ။ ” လို့ ဝက်ဘာက ပြောဆိုခဲ့ပါတယ်။
နောဝစ်ချ်ရဲ့ ယခင်ကလပ်စံချိန်တင် ပြောင်းရွှေ့မှုက ဘန် ဂေါ့ဖရေး ဖြစ်ပြီး မနှစ်က အဲဗာတန် အသင်းထံ ပေါင် ၂၅ သန်းနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။
Zawgyi – ချန်ပီယံရှစ်ကလပ် နောဝစ်ခ်ျ အသင်းကတော့ ၄င်းတို့ ကစားသမား နှစ်ဦး ဖြစ်တဲ့ မက်စ် အေရွန်နဲ့ ဘွန်ဒီရာ တို့ကို အာဆင်နယ် အသင်းက ပစ်မှတ်ထားနေတာကြောင့် တန်ကြေး သတ်မှတ် ပြောဆိုလိုက်ပါတယ်။ နောဝစ်ခ်ျ ဟာ ချန်ပီယံ ဖြစ်ခဲ့တာကြောင့် နောက်ရာသီ ပရီးမီးယားလိဂ်မှာ ပါဝင် ယှဉ်ပြိုင်ရမှာပါ။
အာဆင်နယ်အသင်းဟာ ကွင်းလယ်တိုက်စစ်နဲ့ အစွန်ခံစစ် နေရာ အတွက် ဈေးကွက်ထဲမှာ ရှာဖွေနေပြီး နောဝစ်ခ်ျ ကစားသမား နှစ်ဦးကို မျက်စိကျနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် နောဝစ်ခ်ျကလည်း အဓိက ကစားသမား နှစ်ဦး ဖြစ်တဲ့ ကွင်းလယ် ကစားသမား ဘွန်ဒီရာနဲ့ ခံစစ် မက်စ် အေရွန် တို့ကို လွယ်လွယ် လက်လွှတ်မှာ မဟုတ်ကြောင်း အားကစားဒါရိုက်တာ စတုဝပ် ၀က်ဘာက သတိပေးလိုက်ပါတယ်။
နောဝစ်ခ်ျရဲ့ ယခင်ကလပ်စံချိန်တင် ပြောင်းရွှေ့မှုက ဘန် ဂေါ့ဖရေး ဖြစ်ပြီး မနှစ်က အဲဗာတန် အသင်းထံ ပေါင် ၂၅ သန်းနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။