အာဆင်နယ် အသင်းဟာ အေဂျက် ဂိုးသမား အင်ဒရီ အိုနာနာ ကို လာမယ့် ရက်ပိုင်း အတွင်းမှာ ခေါ်ယူနိုင်ဖွယ် ရှိကြောင်း သတင်းတက်လာပါတယ်။
အိုနာနာက ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ဆေးစစ်မှုမှာ တားမြစ်ထားတဲ့ ဆေး သုံးစွဲကြောင်း ပေါ်ပေါက်ခဲ့တာကြောင့် ၂၀၂၂ ဖေဖော်ဝါရီထိ ဘောလုံးနဲ့ ပတ်သတ်တဲ့ လှုပ်ရှားမှု အားလုံး ပိတ်ပင်ခံထားရပါတယ်။
အသက် ၂၅ နှစ် အရွယ် ဂိုးသမား အိုနာနာက တစ်နှစ် ပိတ်ပင်ခံထားရပေမယ့် အေဂျက်ကတော့ ကစားသမားက သူ့ ဇနီးသည် သောက်တဲ့ ဆေးကို မှားယွင်း သောက်မိခဲ့တာ ဖြစ်ကြောင်း အယူခံ တင်ခဲ့ပါတယ်။ ဒါပေမယ့် တားမြစ်ဆေး သုံးခဲ့တာကို အာဆင်နယ် အိုနာနာကို ဈေးချိုချိုနဲ့ ခေါ်ယူနိုင်ဖို့ အခွင့်ကောင်း ဖြစ်နေပါတယ်။
ဟောလန် အားကစားသတင်းတွေ အဆိုအရ အာဆင်နယ်ဟာ ပုံမှန်အတိုင်းဆို အိုနာနာ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၇.၇၅ သန်း ပေးရမှာ ဖြစ်ပေမယ့် အယူခံသာ မအောင်မြင်ဘဲ ဘောလုံး ကစားခွင့် ဆက်ပိတ်ခံရမယ် ဆိုရင် အာဆင်နယ်က ပေါင် ၁.၇ သန်းနဲ့သာ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။
အိုနာနာရဲ့ လက်ရှိ စာချုပ်က အေဂျက်နဲ့ ၂၀၂၂ နွေမှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် သက်တမ်းတိုး ဖြစ်ဖို့ အလားအလာ မရှိဘူး ဖြစ်နေပါတယ်။ ကင်မရွန်း လက်ရွေးစင် ကစားသမားကို အာဆင်နယ်က အရန် ဂိုးသမား တစ်ယောက် အဖြစ် ဈေးချိုချိုနဲ့ ခေါ်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
ဂိုးသမား အိုနာနာကို ချယ်ဆီးအသင်းကလည်း ယခင်က လက်ရှိ ဂိုးသမား မန်ဒီကို မခေါ်ယူခင် ချိန်ရွယ် ကြိုးစားခဲ့ဖူးပါတယ်။
Zawgyi – အာဆင္နယ္ အသင္းဟာ ေအဂ်က္ ဂိုးသမား အင္ဒရီ အိုနာနာ ကို လာမယ့္ ရက္ပိုင္း အတြင္းမွာ ေခၚယူနိုင္ဖြယ္ ရွိေၾကာင္း သတင္းတက္လာပါတယ္။
အိုနာနာက ျပီးခဲ့တဲ့ ေဖေဖာ္၀ါရီက ေဆးစစ္မႈမွာ တားျမစ္ထားတဲ့ ေဆး သံုးစြဲေၾကာင္း ေပၚေပါက္ခဲ့တာေၾကာင့္ ၂၀၂၂ ေဖေဖာ္၀ါရီထိ ေဘာလံုးနဲ႕ ပတ္သတ္တဲ့ လႈပ္ရွားမႈ အားလံုး ပိတ္ပင္ခံထားရပါတယ္။
အသက္ ၂၅ နွစ္ အရြယ္ ဂိုးသမား အိုနာနာက တစ္နွစ္ ပိတ္ပင္ခံထားရေပမယ့္ ေအဂ်က္ကေတာ့ ကစားသမားက သူ႔ ဇနီးသည္ ေသာက္တဲ့ ေဆးကို မွားယြင္း ေသာက္မိခဲ့တာ ျဖစ္ေၾကာင္း အယူခံ တင္ခဲ့ပါတယ္။ ဒါေပမယ့္ တားျမစ္ေဆး သံုးခဲ့တာကို အာဆင္နယ္ အိုနာနာကို ေစ်းခ်ိဳခ်ိဳနဲ႕ ေခၚယူနုိင္ဖို႔ အခြင့္ေကာင္း ျဖစ္ေနပါတယ္။
ေဟာလန္ အားကစားသတင္းေတြ အဆိုအရ အာဆင္နယ္ဟာ ပံုမွန္အတိုင္းဆို အိုနာနာ အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၇.၇၅ သန္း ေပးရမွာ ျဖစ္ေပမယ့္ အယူခံသာ မေအာင္ျမင္ဘဲ ေဘာလံုး ကစားခြင့္ ဆက္ပိတ္ခံရမယ္ ဆိုရင္ အာဆင္နယ္က ေပါင္ ၁.၇ သန္းနဲ႕သာ ေခၚယူနိုင္မွာ ျဖစ္ပါတယ္။
အိုနာနာရဲ႕ လက္ရွိ စာခ်ဳပ္က ေအဂ်က္နဲ႕ ၂၀၂၂ ေႏြမွာ ကုန္ဆံုးမွာ ျဖစ္ေပမယ့္ သက္တမ္းတိုး ျဖစ္ဖို႔ အလားအလာ မရွိဘူး ျဖစ္ေနပါတယ္။ ကင္မရြန္း လက္ေရြးစင္ ကစားသမားကို အာဆင္နယ္က အရန္ ဂိုးသမား တစ္ေယာက္ အျဖစ္ ေစ်းခ်ိဳခ်ိဳနဲ႕ ေခၚဖို႔ ရည္ရြယ္တာ ျဖစ္ပါတယ္။
ဂိုးသမား အိုနာနာကို ခ်ယ္ဆီးအသင္းကလည္း ယခင္က လက္ရွိ ဂိုးသမား မန္ဒီကို မေခၚယူခင္ ခ်ိန္ရြယ္ ၾကိဳးစားခဲ့ဖူးပါတယ္။