မန်ချက်စတာ ယူနိုက်တက်ဟာ အေစီမီလန် ကွင်းလယ် ကစားသမား Hakan Calhanoglu အတွက် ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ထားကြောင်း သတင်းထွက်ပေါ်လာပါတယ်။ တူရကီသားဟာ ဒီနွေမှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာမှာ ဖြစ်ပြီး ဂျူဗင်တပ်ကလည်း ၎င်းကို စိတ်ဝင်စားနေပါတယ်။
အင်္ဂလန် လက်ရွေးစင် အသင်းနည်းပြ ဆောက်ဂိတ်က ယူရို ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်း လူစာရင်းကို အပြီးသတ် ကြေငြာလိုက်ရာ လင်ဂတ်နဲ့ ဂရင်းဝုဒ်တို့ မပါဝင်တော့ဘဲ ယူနိုက်တက်မှ ဒင်း ဟန်ဒါဆန်၊ မက်ဂွဲရား၊ လုခ်ရှောနဲ့ မားကပ် ရက်ဖို့ဒ်တို့ ဆက်လက် ရွေးချယ် ခံခဲ့ရပါတယ်။

ယူနိုက်တက် ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်ကတော့ ဒဏ်ရာ ရှိနေတဲ့ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားကို ဆောက်ဂိတ်က အင်္ဂလန် အသင်းအတွက် မခေါ်သင့်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီ အကောင်းဆုံး ကစားသမား ဆု ဆန်ကာတင် ၈ ယောက် စာရင်း ထွက်ပေါ်လာရာ မန်ချက်စတာ ယူနိုက်တက်မှ ဘရူနို ဖာနန်ဒက်စ်လည်း ပါဝင်နေပြီး ကျန်တဲ့သူတွေကတော့ ဒီဘရိုင်း၊ ရူဘန် ဒိုင်ယာ့စ်၊ ဂျက် ဂရေးလစ်ချ်၊ ကိန်း၊ မေဆန်မောင့်၊ ဆာလက်နဲ့ ဝက်စ်ဟမ်းမှာ တိုမတ်စ်တို့ ဖြစ်ပါတယ်။
အေစီမီလန်မှာ အငှား သွားရောက် ကစားခဲ့တဲ့ ဒီယေဂို ဒါလော့ကို ယူနိုက်တက် ပရိသတ် အချို့က မန်ချက်စတာ မှာ ပြန်မြင်ချင်ပေမယ့် ပေါ်တူဂီသားရဲ့ ထမှားတတ်တဲ့ အမှားဆိုးတွေကြောင့် ယူနိုက်တက်မှာ နေရာ ပြန်ရဖို့ ခက်ခဲကြောင်း မန်ချက်စတာ အခြေစိုက် သတင်းဌာနက သုံးသပ်သွားပါတယ်။
ယူနိုက်တက်ဟာ ဒေါ့မွန် တောင်ပံတိုက်စစ် ဆန်ချို ကို သာ အလေးအနက် ဆက်လက် စိတ်ဝင်စားနေတာကြောင့် ဒီနွေ အတွက် ကမ်းလှမ်းမှု တစ်ခု မကြာခင်ပဲ ပြုလုပ်သွားတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ေအစီမီလန္ ကြင္းလယ္ ကစားသမား Hakan Calhanoglu အတြက္ ကမ္းလွမ္းမႈ တစ္ရပ္ ျပဳလုပ္ထားေၾကာင္း သတင္းထြက္ေပၚလာပါတယ္။ တူရကီသားဟာ ဒီေႏြမွာ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ထြက္ခြာမွာ ျဖစ္ျပီး ဂ်ဴဗင္တပ္ကလည္း ၄င္းကို စိတ္၀င္စားေနပါတယ္။
အဂၤလန္ လက္ေရြးစင္ အသင္းနည္းျပ ေဆာက္ဂိတ္က ယူရို ျပိဳင္ပြဲ၀င္မယ့္ အဂၤလန္အသင္း လူစာရင္းကို အျပီးသတ္ ေၾကျငာလိုက္ရာ လင္ဂတ္နဲ႕ ဂရင္း၀ုဒ္တို႔ မပါ၀င္ေတာ့ဘဲ ယူနိုက္တက္မွ ဒင္း ဟန္ဒါဆန္၊ မက္ဂြဲရား၊ လုခ္ေရွာနဲ႕ မားကပ္ ရက္ဖုိ႔ဒ္တို႔ ဆက္လက္ ေရြးခ်ယ္ ခံခဲ့ရပါတယ္။
ယူနိုက္တက္ ကစားသမားေဟာင္းၾကီး ရီယို ဖာဒီနန္ကေတာ့ ဒဏ္ရာ ရွိေနတဲ့ ယူနိုက္တက္ အသင္းေခါင္းေဆာင္ မက္ဂြဲရားကို ေဆာက္ဂိတ္က အဂၤလန္ အသင္းအတြက္ မေခၚသင့္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။
ပရီးမီးယားလိဂ္ရဲ႕ တစ္ရာသီ အေကာင္းဆံုး ကစားသမား ဆု ဆန္ကာတင္ ၈ ေယာက္ စာရင္း ထြက္ေပၚလာရာ မန္ခ်က္စတာ ယူနိုက္တက္မွ ဘရူနို ဖာနန္ဒက္စ္လည္း ပါ၀င္ေနျပီး က်န္တဲ့သူေတြကေတာ့ ဒီဘရိုင္း၊ ရူဘန္ ဒိုင္ယာ့စ္၊ ဂ်က္ ဂေရးလစ္ခ်္၊ ကိန္း၊ ေမဆန္ေမာင့္၊ ဆာလက္နဲ႕ ၀က္စ္ဟမ္းမွာ တိုမတ္စ္တို႔ ျဖစ္ပါတယ္။
ေအစီမီလန္မွာ အငွား သြားေရာက္ ကစားခဲ့တဲ့ ဒီေယဂို ဒါေလာ့ကို ယူနိုက္တက္ ပရိသတ္ အခ်ိဳ႔က မန္ခ်က္စတာ မွာ ျပန္ျမင္ခ်င္ေပမယ့္ ေပၚတူဂီသားရဲ႕ ထမွားတတ္တဲ့ အမွားဆိုးေတြေၾကာင့္ ယူနိုက္တက္မွာ ေနရာ ျပန္ရဖို႔ ခက္ခဲေၾကာင္း မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနက သံုးသပ္သြားပါတယ္။
ယူနိုက္တက္ဟာ ေဒါ့မြန္ ေတာင္ပံတိုက္စစ္ ဆန္ခ်ိဳ ကို သာ အေလးအနက္ ဆက္လက္ စိတ္၀င္စားေနတာေၾကာင့္ ဒီေႏြ အတြက္ ကမ္းလွမ္းမႈ တစ္ခု မၾကာခင္ပဲ ျပဳလုပ္သြားေတာ့မွာ ျဖစ္ေၾကာင္း သိရပါတယ္။
