ကစားသမား အားလုံးနီးပါး အရည်ကြည်ဖုတွေ ထွက်သည်ထိ ပြင်းထန်ခဲ့တဲ့ ချယ်ဆီး ထရိန်နင်

ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲတွေ ပြန်မစတင်ခင် အသင့် ဖြစ်နေဖို့ အတွက် လေ့ကျင့် ပြင်ဆင်မှုတွေကို ပြီးခဲ့တဲ့ သီတင်းပတ်တည်းက စတင်ခဲ့တာ ဖြစ်ပြီး တစ်သင်းလုံး ပြင်းပြင်းထန်ထန် လေ့ကျင့်မှုကြောင့် ကစားသမား အားလုံးနီးပါး အရည်ကြည်ဖုတွေ ထွက်သည်ထိ ဖြစ်ခဲ့ရတယ်လို့ ချယ်ဆီး တိုက်စစ်မူှး ဂျီရူးက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေကို မတ်လတည်းက ရပ်နားခဲ့ရတာ ဖြစ်ပြီး ကစားသမားတွေ အတွက်တော့ နှစ်လလောက် နားခဲ့ပြီးမှ ပြန်စတင်ခဲ့ရတဲ့ ထရိန်နင်တွေ ဖြစ်ပါတယ်။ လော့ဒ်ဒေါင်းကာလ အတွင်းမှာတော့ ကစားသမားတွေဟာ အိမ်မှာ ကြံ့ခိုင်မှု ပြည့်နေအောင်တော့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ချယ်ဆီး တိုက်စစ်မှူး ဂျီရူးကတော့ ဘောလုံးကွင်း မြက်ခင်းပြင်တွေနဲ့ ကင်းကွာနေခဲ့ရပြီးမှ ရာသီဥတု ပူပူထဲ အခုလို လေ့ကျင့်ရေး ပြန်လည် စတင်တဲ့အခါ ကြုံခဲ့ရတာတွေ အကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

” ကျနော်တို့ ထရိန်နင်ကို မေ ၁၉ ရက်နေ့ အင်္ဂါနေ့က ပြန်စခဲ့တယ်။ ကွင်းထဲ ပြန်လာရတာ တကယ်ကို သိပ်နေလို့ ကောင်းတယ်။ အသင်းဖော်တွေကို ပြန်တွေ့ရတာ ဘောလုံး ပြန်ကစားခွင့်ရတာ သိပ်ကောင်းတာပါ ဒါတွေကို ကျနော် သိပ် လွမ်းနေခဲ့တာ။

လေ့ကျင့်ရတာတွေကတော့ ပုံမှန်လို မဟုတ်သေးဘူး။ ကျနေ်ာတို့ ငါးယောက် အုပ်စုလေးတွေ ခွဲတယ်။ အချင်းချင်း ၂ မီတာ အကွာမှာ ထားတယ် မထိရဘူးပေါ့။ တစ်ပတ်ကို ၂ကြိမ် ကိုဗစ် ပြန်စစ်တယ်။ အဝတ်လဲခန်းထဲ ဝင်ခွင့် မရသေးဘူး ရေလည်း ချိုးမရဘူး။ ကားထဲမှာတင် အဝတ်လဲခဲ့ရတာပေါ့ သန့်လည်း သန့်ရှင်းအောင် ထားရတယ်။ လောလောဆယ်ကတော့ ရာသီဥတုက တော်တော်ပူတယ်။ ဒါက ကျနော် စောဒကတက်နေတာ မဟုတ်ဘူးနော်။ ချွေးတွေလည်း တော်တော် ထွက်တယ် ပြောပြတာပါ။

လော့ဒ်ဒေါင်းတုန်းက ကျနော်တို့ ကြံ့ခိုင်နေအောင် ဘယ်လို လုပ်ရမလဲဆိုတာ ချယ်ဆီးအသင်းက အစီအစဉ်တွေ ပို့ပေးတယ်။ နေ့တိုင်း ကျနော်တို့ လေ့ကျင့်တယ်။ ကံကောင်းတာက ကျနော့် အိမ်နားမှာ ပန်းခြံကြီး ရှိတယ်။ အဲဒီကို နေ့တိုင်း ကျနေ်ာ သွားပြေးတယ်။

ဒီကာလကြီး ပြီးတော့ တစ်သင်းလုံး ဗီဒီယိုကောလ် ခေါ်ဖြစ်သေးတယ်။ လေ့ကျင့်နေတဲ့ ပုံတွေ ဘာတွေလည်း ကလေးတွေနဲ့ အတူ ဓာတ်ပုံ ရိုက်ဖြစ်တယ် အဲဒါလေးတွေ ကောင်းပါတယ်။ ဒါပေမယ့် ကွင်းထဲမှာနဲ့တော့ ဘာကမှ အစားထိုးု မရဘူးပေါ့။ ထရိန်လည်း ပြန်စရော အားလုံး ကျုံး အလုပ်လုပ်ကြတာ အားလုံးနီးပါး အရည်ကြည်ဖုတွေတောင် ထွက်နေတယ်။ ” လို့ ဂျီရူးက ပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ ပြဲေတြ ျပန္မစတင္ခင္ အသင့္ ျဖစ္ေနဖို႔ အတြက္ ေလ့က်င့္ ျပင္ဆင္မႈေတြကို ျပီးခဲ့တဲ့ သီတင္းပတ္တည္းက စတင္ခဲ့တာ ျဖစ္ျပီး တစ္သင္းလံုး ျပင္းျပင္းထန္ထန္ ေလ့က်င့္မႈေၾကာင့္ ကစားသမား အားလံုးနီးပါး အရည္ၾကည္ဖုေတြ ထြက္သည္ထိ ျဖစ္ခဲ့ရတယ္လို႔ ခ်ယ္ဆီး တိုက္စစ္မဴွး ဂ်ီရူးက ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေဘာလံုးပြဲေတြကို မတ္လတည္းက ရပ္နားခဲ့ရတာ ျဖစ္ျပီး ကစားသမားေတြ အတြက္ေတာ့ နွစ္လေလာက္ နားခဲ့ျပီးမွ ျပန္စတင္ခဲ့ရတဲ့ ထရိန္နင္ေတြ ျဖစ္ပါတယ္။ ေလာ့ဒ္ေဒါင္းကာလ အတြင္းမွာေတာ့ ကစားသမားေတြဟာ အိမ္မွာ ၾကံ႕ခိုင္မႈ ျပည့္ေနေအာင္ေတာ့ ေလ့က်င့္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ခ်ယ္ဆီး တိုက္စစ္မွဴး ဂ်ီရူးကေတာ့ ေဘာလံုးကြင္း ျမက္ခင္းျပင္ေတြနဲ႕ ကင္းကြာေနခဲ့ရျပီးမွ ရာသီဥတု ပူပူထဲ အခုလို ေလ့က်င့္ေရး ျပန္လည္ စတင္တဲ့အခါ ၾကံဳခဲ့ရတာေတြ အေၾကာင္း ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

” က်ေနာ္တို႔ ထရိန္နင္ကို ေမ ၁၉ ရက္ေန႔ အဂၤါေန႔က ျပန္စခဲ့တယ္။ ကြင္းထဲ ျပန္လာရတာ တကယ္ကို သိပ္ေနလို႔ ေကာင္းတယ္။ အသင္းေဖာ္ေတြကို ျပန္ေတြ႔ရတာ ေဘာလံုး ျပန္ကစားခြင့္ရတာ သိပ္ေကာင္းတာပါ ဒါေတြကို က်ေနာ္ သိပ္ လြမ္းေနခဲ့တာ။

ေလ့က်င့္ရတာေတြကေတာ့ ပံုမွန္လို မဟုတ္ေသးဘူး။ က်ေန္ာတို႔ ငါးေယာက္ အုပ္စုေလးေတြ ခြဲတယ္။ အခ်င္းခ်င္း ၂ မီတာ အကြာမွာ ထားတယ္ မထိရဘူးေပါ့။ တစ္ပတ္ကို ၂ၾကိမ္ ကိုဗစ္ ျပန္စစ္တယ္။ အ၀တ္လဲခန္းထဲ ၀င္ခြင့္ မရေသးဘူး ေရလည္း ခ်ိဳးမရဘူး။ ကားထဲမွာတင္ အ၀တ္လဲခဲ့ရတာေပါ့ သန္႔လည္း သန္႔ရွင္းေအာင္ ထားရတယ္။ ေလာေလာဆယ္ကေတာ့ ရာသီဥတုက ေတာ္ေတာ္ပူတယ္။ ဒါက က်ေနာ္ ေစာဒကတက္ေနတာ မဟုတ္ဘူးေနာ္။ ေခၽြးေတြလည္း ေတာ္ေတာ္ ထြက္တယ္ ေျပာျပတာပါ။

ေလာ့ဒ္ေဒါင္းတုန္းက က်ေနာ္တို႔ ၾကံ႕ခိုင္ေနေအာင္ ဘယ္လို လုပ္ရမလဲဆိုတာ ခ်ယ္ဆီးအသင္းက အစီအစဥ္ေတြ ပို႔ေပးတယ္။ ေန႔တိုင္း က်ေနာ္တို႔ ေလ့က်င့္တယ္။ ကံေကာင္းတာက က်ေနာ့္ အိမ္နားမွာ ပန္းျခံၾကီး ရွိတယ္။ အဲဒီကို ေန႔တိုင္း က်ေန္ာ သြားေျပးတယ္။

ဒီကာလၾကီး ျပီးေတာ့ တစ္သင္းလံုး ဗီဒီယိုေကာလ္ ေခၚျဖစ္ေသးတယ္။ ေလ့က်င့္ေနတဲ့ ပံုေတြ ဘာေတြလည္း ကေလးေတြနဲ႕ အတူ ဓာတ္ပံု ရိုက္ျဖစ္တယ္ အဲဒါေလးေတြ ေကာင္းပါတယ္။ ဒါေပမယ့္ ကြင္းထဲမွာနဲ႕ေတာ့ ဘာကမွ အစားထိုးုု မရဘူးေပါ့။ ထရိန္လည္း ျပန္စေရာ အားလံုး က်ံဳး အလုပ္လုပ္ၾကတာ အားလံုးနီးပါး အရည္ၾကည္ဖုေတြေတာင္ ထြက္ေနတယ္။ ” လို႔ ဂ်ီရူးက ေျပာဆိုခဲ့ပါတယ္။