အာဆင်နယ် ပစ်မှတ် ခံစစ် ကစားသမားကို အပြိုင် ချိတ်ဆက်လာတဲ့ ချယ်ဆီးနဲ့ မန်ယူနိုက်တက်

ချယ်ဆီးအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ ဘိုင်ယန် လီဗာကူဆင် အသင်း ခံစစ်မှူး အက်မွန် တပ်ဆိုဘာ ကို အပြိုင်အဆိုင် ချိတ်ဆက်နေကြောင်း သတင်းထွက်ပေါ်လာပါတယ်။ တပ်ဆိုဘာ ကို အာဆင်နယ်အသင်းက ဒီနွေမှာ ခေါ်ဖို့ ပစ်မှတ်ထားနေခဲ့တာပါ။

အသက် ၂၂ နှစ် အရွယ် ဗဟိုခံစစ်မှူးဟာ လီဗာပူဆင်နဲ့ အတူ ဘွန်ဒစ်လီဂါမှာ ဒီရာသီ ခြေစွမ်းပြ ကစားခဲ့ပြီးနောက် ပရီးမီးယားလိဂ် ကလပ်အသင်းကြီးတွေရဲ့ အပြိုင် မျက်စိကျခြင်း ခံလာရတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၀၂၀ ကမှ လီဗာကူဆင် ရောက်ခဲ့ပြီး အခုမှ ကလပ်သစ်နဲ့ ပထမရာသီပြည့် ကစားပြီးတာ ဖြစ်တဲ့ တပ်ဆိုဘာ ကို အာဆင်နယ်အသင်းက အလေးအနက် ချိတ်ဆက်နေခဲ့တာပါ။

ဒါပေမယ့် ဂျာမန်သတင်းတွေ အဆိုအရတော့ အမှတ်ပေးဇယား အဆင့် ၈ က အာဆင်နယ်ရဲ့ မျှော်လင့်ချက်တွေကို တခြားအသင်းကြီးတွေက ရိုက်ချိုးဖွယ် ရှိကြောင်း ဖော်ပြလာပါတယ်။

တပ်ဆိုဘာကတော့ သူ့ကို တရားဝင် ကမ်းလှမ်းတာ မလုပ်ကြသေးပေမယ့် ယူနိုက်တက် ဒါမှမဟုတ် ချယ်ဆီးထံ ပြောင်းဖို့ကို ပိုမို စိတ်ဝင်စားနေပါတယ်။ တူချယ်ရဲ့ ချယ်ဆီးကလည်း ဒီနွေမှာ ခံစစ်ကို တိုးတက်အောင် အားဖြည့်ဖို့ စိတ်အားထက်သန်နေပြီး ဥရောပ ချန်ပီယံလိဂ်ဖလား ယူပေးထားတဲ့ ဂျာမန်သားကို ကလပ်အသင်းကလည်း ဖြည့်ဆည်း ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် တပ်ဆိုဘာ ကို ခေါ်ယူဖို့ အတိအလင်း လှုပ်ရှားမှုတွေက အခြား ခံစစ် ပစ်မှတ်တွေကို မရမှသာ နွေဈေးကွက် နှောင်းပိုင်းမှ ချယ်ဆီးတို့ လုပ်ဆောင်ဖွယ် ရှိပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းနဲ႕ မန္ခ်က္စတာ ယူနိုက္တက္တို႔ဟာ ဘိုင္ယန္ လီဗာကူဆင္ အသင္း ခံစစ္မွဴး အက္္မြန္ တပ္ဆိုဘာ ကို အျပိဳင္အဆိုင္ ခ်ိတ္ဆက္ေနေၾကာင္း သတင္းထြက္ေပၚလာပါတယ္။ တပ္ဆိုဘာ ကို အာဆင္နယ္အသင္းက ဒီေႏြမွာ ေခၚဖို႔ ပစ္မွတ္ထားေနခဲ့တာပါ။

အသက္ ၂၂ နွစ္ အရြယ္ ဗဟိုခံစစ္မွဴးဟာ လီဗာပူဆင္နဲ႕ အတူ ဘြန္ဒစ္လီဂါမွာ ဒီရာသီ ေျခစြမ္းျပ ကစားခဲ့ျပီးေနာက္ ပရီးမီးယားလိဂ္ ကလပ္အသင္းၾကီးေတြရဲ႕ အျပိဳင္ မ်က္စိက်ျခင္း ခံလာရတာ ျဖစ္ပါတယ္။

ဇန္န၀ါရီ ၂၀၂၀ ကမွ လီဗာကူဆင္ ေရာက္ခဲ့ျပီး အခုမွ ကလပ္သစ္နဲ႕ ပထမရာသီျပည့္ ကစားျပီးတာ ျဖစ္တဲ့ တပ္ဆိုဘာ ကို အာဆင္နယ္အသင္းက အေလးအနက္ ခ်ိတ္ဆက္ေနခဲ့တာပါ။

ဒါေပမယ့္ ဂ်ာမန္သတင္းေတြ အဆိုအရေတာ့ အမွတ္ေပးဇယား အဆင့္ ၈ က အာဆင္နယ္ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို တျခားအသင္းၾကီးေတြက ရိုက္ခ်ိဳးဖြယ္ ရွိေၾကာင္း ေဖာ္ျပလာပါတယ္။

တပ္ဆိုဘာကေတာ့ သူ႔ကို တရား၀င္ ကမ္းလွမ္းတာ မလုပ္ၾကေသးေပမယ့္ ယူနိုက္တက္ ဒါမွမဟုတ္ ခ်ယ္ဆီးထံ ေျပာငး္ဖို႔ကို ပိုမို စိတ္၀င္စားေနပါတယ္။ တူခ်ယ္ရဲ႕ ခ်ယ္ဆီးကလည္း ဒီေႏြမွာ ခံစစ္ကို တိုးတက္ေအာင္ အားျဖည့္ဖို႔ စိတ္အားထက္သန္ေနျပီး ဥေရာပ ခ်န္ပီယံလိဂ္ဖလား ယူေပးထားတဲ့ ဂ်ာမန္သားကို ကလပ္အသင္းကလည္း ျဖည့္ဆည္း ေထာက္ပံ့ေပးမွာ ျဖစ္ပါတယ္။

ဒါေပမယ့္ တပ္ဆိုဘာ ကို ေခၚယူဖို႔ အတိအလင္း လႈပ္ရွားမႈေတြက အျခား ခံစစ္ ပစ္မွတ္ေတြကို မရမွသာ ေႏြေစ်းကြက္ ေနွာင္းပိုင္းမွ ခ်ယ္ဆီးတို႔ လုပ္ေဆာင္ဖြယ္ ရွိပါတယ္။