အက်သလက်တီကို မက်ဒရစ် ခံစစ်မှူး ထရစ်ပီယာကို ခေါ်ဖို့ ပြန်စိတ်ဝင်စားလာတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်ဟာ အက်သလက်တီကို မက်ဒရစ် ညာစွန်ခံစစ်မှူး ထရစ်ပီယာ ကို ခေါ်ယူဖို့ ပြန်လည် စိတ်ဝင်စားလာကြောင်း မန်ချက်စတာ အခြေစိုက် MEN သတင်းဌာနက ဖော်ပြားပါတယ်။

ယူနိုက်တက်ဟာ အင်္ဂလန်သား ခံစစ်မှူးကို ခေါ်ယူဖို့ အစီအစဉ် ဇန်နဝါရီလတုန်းက ကစားသမားရဲ့ ကိုဗစ် စည်းမျဉ်း ချိုးဖောက်မှု အပြီး နောက်ဆုတ်သွားခဲ့တာ ဖြစ်ပါတယ်။

ထရစ်ပီယာက တစ်သက်လုံး ယူနိုက်တက်ကို အားပေးလာတဲ့ ပရိသတ် ဖြစ်ပြီး ဒီနွေမှာ အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ခွင့် ရပါက လက်ခံဖွယ် ရှိပါတယ်။

လာမယ့် ယူရိုပြိုင်ပွဲအတွက် နည်းပြ ဆောက်ဂိတ်ရဲ့ အင်္ဂလန်လက်ရွေးစင် အသင်းမှာ ထရစ်ပီယာက ရွေးချယ် ခံထားရပြီး စပါး ခံစစ်မှူးဟောင်းဟာ ယခင် အင်္ဂလန်ပွဲတွေမှာလည်း နည်းပြ အားထားရသူ ဖြစ်ပါတယ်။

ထရစ်ပီယာက ၂၀၁၉ မှာ စပါးကနေ အက်သလက်တီကိုသို့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက ၃၅ ပွဲ ပါဝင် ကစားခဲ့ကာ ကလပ်အသင်းကို လာလီဂါ ဖလားရအောင် အကူအညီ ပေးနိုင်ခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ အက္သလက္တီကို မက္ဒရစ္ ညာစြန္ခံစစ္မွဴး ထရစ္ပီယာ ကို ေခၚယူဖို႔ ျပန္လည္ စိတ္၀င္စားလာေၾကာင္း မန္ခ်က္စတာ အေျခစိုက္ MEN သတင္းဌာနက ေဖာ္ျပားပါတယ္။

ယူနိုက္တက္ဟာ အဂၤလန္သား ခံစစ္မွဴးကို ေခၚယူဖို႔ အစီအစဥ္ ဇန္န၀ါရီလတုန္းက ကစားသမားရဲ႕ ကိုဗစ္ စည္းမ်ဥ္း ခ်ိဳးေဖာက္မႈ အျပီး ေနာက္ဆုတ္သြားခဲ့တာ ျဖစ္ပါတယ္။

ထရစ္ပီယာက တစ္သက္လံုး ယူနိုက္တက္ကို အားေပးလာတဲ့ ပရိသတ္ ျဖစ္ျပီး ဒီေႏြမွာ အိုးထရက္ဖို႔ဒ္သို႔ ေျပာင္းေရႊ႕ခြင့္ ရပါက လက္ခံဖြယ္ ရွိပါတယ္။

လာမယ့္ ယူရိုျပိဳင္ပြဲအတြက္ နည္းျပ ေဆာက္ဂိတ္ရဲ႕ အဂၤလန္လက္ေရြးစင္ အသင္းမွာ ထရစ္ပီယာက ေရြးခ်ယ္ ခံထားရျပီး စပါး ခံစစ္မွဴးေဟာင္းဟာ ယခင္ အဂၤလန္ပြဲေတြမွာလည္း နည္းျပ အားထားရသူ ျဖစ္ပါတယ္။

ထရစ္ပီယာက ၂၀၁၉ မွာ စပါးကေန အက္သလက္တီကိုသို႔ ေျပာင္းေရႊ႕သြားခဲ့တာ ျဖစ္ျပီး ျပီးခဲ့တဲ့ ရာသီက ၃၅ ပြဲ ပါ၀င္ ကစားခဲ့ကာ ကလပ္အသင္းကို လာလီဂါ ဖလားရေအာင္ အကူအညီ ေပးနိုင္ခဲ့ပါတယ္။