ယူနိုက်တက်ရဲ့ နွေရာသီ အစီအစဉ်တွေက ရှင်းလင်းလာခဲ့ပြီဖြစ်ကာ ခံစစ်သမား နှစ်ဦး၊ တိုက်စစ်သမား တစ်ဦးကို ထပ်မံခေါ်ယူခြင်းဖြင့် ဈေးကွက်ကို ပိတ်သိမ်းဖို့ ဖြစ်ပါတယ်။
အက်သလက်တီကိုမှ အစွန်သမား ထရစ်ပီယာကို ခေါ်ယူဖို့ကို ယူနိုက်တက်က ပြန်လည် စိတ်ဝင်စားလာခဲ့တယ်။ အင်္ဂလန်ညာအစွန်လူကို ခေါ်ယူဖို့ အဲဗာတန်ကလည်း စိတ်ဝင်စားနေပါတယ်။ လာလီဂါကလပ်နဲ့ စာချုပ် နှစ်နှစ်ကျန်တဲ့ အစွန်လူကို ယူနိုက်တက်တို့ ခေါ်ယူလိုခြင်းက ညာအစွန်ကော ဘယ်အစွန်မှာပါ ထရစ်ပီယာကို သုံးနိုင်ခြင်းကြောင့်ဖြစ်တယ်။
လူငယ်အစွန်လူ ဘစ်ဆာကာရဲ့ နေရာကို အဓိက ပြိုင်ဆိုင်စေခြင်းဖြင့် ညာခြမ်းမှာ ပိုမို ကျစ်လစ်တဲ့ စွမ်းဆောင်ရည်ရလာဖို့ မန်နေဂျာဆိုးရှားက ရည်ရွယ်ထားတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်မှ ဗာရိန်း၊ ဒေါ့မွန်မှ ဆန်ချိုတို့ကိုလည်း ခေါ်ယူလိုကာ သူတို့ နှစ်ဦးအတွက် အသုံးစရိတ် ကန့်သတ်ချက်ရှိတာကြောင့် ကစားသမားရောင်းချမှု အနည်းငယ်လည်း ရှိလာမယ်လို့ ယူဆရတယ်။
မေလအကုန်တုန်းကပဲ ယူနိုက်တက်ဟာ အက်စတွန်ဗီလာမှ ဂိုးသမား ဟက်တန်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားပါတယ်။ ဒီနွေမှာ သူလိုအပ်တဲ့ ကစားသမား ၃ ဦးရခဲ့မယ်ဆိုရင် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကို ပြိုင်ဆိုင်နိုင်မယ်လို့ ဆိုးရှားက ယုံကြည်နေတယ်။
ပြီးခဲ့တဲ့ရာသီမှာ ကလပ်ရဲ့ လူစာရင်း အင်အားမတောင့်ခြင်းကြောင့် ရလဒ်ပိုင်း အနည်းငယ် ထိခိုက်ခဲ့ပါတယ်။ ခံစစ်မှူးဗာရိန်းနဲ့ တောင်ပံသမား ဆန်ချိုတို့ဟာ ယူနိုက်တက်ကို အရည်အချင်းကောင်းတွေ ပေါင်းထည့်ပေးမှာဖြစ်ကာ လာမယ့်ရာသီမှာ မန်စီးတီး၊ ချယ်ဆီး၊ လီဗာပူးတို့ဖြင့် ပုခုံးချင်းယှဉ်နိုင်မယ့် လူစာရင်း ဖြစ်လာစေမယ်လို့ ယူနိုက်တက်ဘက်က မျှော်လင့်နေတာ ဖြစ်ပါတယ်။
ZAWGYI – ယူႏိုက္တက္ရဲ႕ ေႏြရာသီ အစီအစဥ္ေတြက ရွင္းလင္းလာခဲ့ျပီျဖစ္ကာ ခံစစ္သမား ႏွစ္ဦး၊ တိုက္စစ္သမား တစ္ဦးကို ထပ္မံေခၚယူျခင္းျဖင့္ ေစ်းကြက္ကို ပိတ္သိမ္းဖို႔ ျဖစ္ပါတယ္။
အက္သလက္တီကိုမွ အစြန္သမား ထရစ္ပီယာကို ေခၚယူဖို႔ကို ယူႏုိက္တက္က ျပန္လည္ စိတ္ဝင္စားလာခဲ့တယ္။ အဂၤလန္ညာအစြန္လူကို ေခၚယူဖို႔ အဲဗာတန္ကလည္း စိတ္ဝင္စားေနပါတယ္။ လာလီဂါကလပ္နဲ႔ စာခ်ဳပ္ ႏွစ္ႏွစ္က်န္တဲ့ အစြန္လူကို ယူႏုိက္တက္တို႔ ေခၚယူလိုျခင္းက ညာအစြန္ေကာ ဘယ္အစြန္မွာပါ ထရစ္ပီယာကို သံုးႏုိင္ျခင္းေၾကာင့္ျဖစ္တယ္။
လူငယ္အစြန္လူ ဘစ္ဆာကာရဲ႕ ေနရာကို အဓိက ျပိဳင္ဆိုင္ေစျခင္းျဖင့္ ညာျခမ္းမွာ ပိုမို က်စ္လစ္တဲ့ စြမ္းေဆာင္ရည္ရလာဖို႔ မန္ေနဂ်ာဆိုးရွားက ရည္ရြယ္ထားတယ္။ ဒါ့အျပင္ ရီးရဲလ္မက္ဒရစ္မွ ဗာရိန္း၊ ေဒါ့မြန္မွ ဆန္ခ်ိဳတို႔ကိုလည္း ေခၚယူလိုကာ သူတို႔ ႏွစ္ဦးအတြက္ အသံုးစရိတ္ ကန္႔သတ္ခ်က္ရွိတာေၾကာင့္ ကစားသမားေရာင္းခ်မႈ အနည္းငယ္လည္း ရွိလာမယ္လို႔ ယူဆရတယ္။
ေမလအကုန္တုန္းကပဲ ယူႏုိက္တက္ဟာ အက္စတြန္ဗီလာမွ ဂိုးသမား ဟက္တန္ကို အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ေခၚယူထားပါတယ္။ ဒီေႏြမွာ သူလိုအပ္တဲ့ ကစားသမား ၃ ဦးရခဲ့မယ္ဆိုရင္ ယူႏုိက္တက္ဟာ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ကို ျပိဳင္ဆိုင္ႏုိင္မယ္လို႔ ဆိုးရွားက ယံုၾကည္ေနတယ္။
ျပီးခဲ့တဲ့ရာသီမွာ ကလပ္ရဲ႕ လူစာရင္း အင္အားမေတာင့္ျခင္းေၾကာင့္ ရလဒ္ပိုင္း အနည္းငယ္ ထိခိုက္ခဲ့ပါတယ္။ ခံစစ္မွဴးဗာရိန္းနဲ႔ ေတာင္ပံသမား ဆန္ခ်ိဳတို႔ဟာ ယူႏုိက္တက္ကို အရည္အခ်င္းေကာင္းေတြ ေပါင္းထည့္ေပးမွာျဖစ္ကာ လာမယ့္ရာသီမွာ မန္စီးတီး၊ ခ်ယ္ဆီး၊ လီဗာပူးတို႔ျဖင့္ ပုခံုးခ်င္းယွဥ္ႏုိင္မယ့္ လူစာရင္း ျဖစ္လာေစမယ္လို႔ ယူႏုိက္တက္ဘက္က ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။