ကမ်းလှမ်းမှုတောင် မလုပ်ရသေးခင် အဓိက ပစ်မှတ်ကစားသမားကို မရတာ သေချာသွားတဲ့ ချယ်ဆီး

ချယ်ဆီးအသင်းရဲ့ နွေရာသီ အပြောင်းအရွှေ့ အစီအမံတွေကတော့ အဓိက တိုက်စစ်မှူး ပစ်မှတ် ဖြစ်တဲ့ လူကာကူ က အသင်း မပြောင်းသေးဘူး ထုတ်ဖော် ပြောဆိုလိုက်တာကြောင့် စောစောစီးစီးပဲ ပြောင်းလဲမှုတွေ ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။ လူကာကူက အင်တာမီလန် အသင်းမှာ ဆက်လက် ရှိနေဦးမှာ ဖြစ်ကြောင်း အတည်ပြု ထုတ်ဖော် ပြောဆိုလာခဲ့တာပါ။

ချယ်ဆီးအသင်း ပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ချ်က ဒီနွေမှာ အသက် ၂၈ နှစ် အရွယ် တိုက်စစ်မှူး လူကာကူ ကို ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ လူကာကူက သူ့ ကစားသမား ဘ၀ အစောပိုင်း ကာလတွေတုန်းက စတန်းဖို့ ဘရစ်ချ်မှာ ၃ နှစ်ကြာ နေခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ချယ်ဆီးမှာ ၁၅ ပွဲသာ ကစားခဲ့ရပြီးနောက် အဲဗာတန်သို့ ရောင်းချခြင်း ခံခဲ့ရတာပါ။ အဲဒီကနေ မန်ချက်စတာ ယူနိုက်တက် ပြောင်းဖြစ်ခဲ့ပြီးနောက် ၂၀၁၉ မှာတော့ အင်တာမီလန် ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ အီတလီ မြေမှာတော့ လူကာကူက ခြေစွမ်းထက် တိုက်စစ်မှူး အဖြစ် အစွမ်းပြနေပါတယ်။

အင်တာမီလန် အတွက် ၉၅ ပွဲ ကစားပြီးချိန်မှာ လူကာကူ က ၆၄ ဂိုး သွင်းထားပြီး ပြီးဆုံးသွားတဲ့ ရာသီမှာ ကလပ်အသင်းနဲ့ အတူ စီးရီးအေဖလားပါ ရခဲ့ပါတယ်။

စီးရီးအေ ဖလားရပြီးနောက် နည်းပြ ကွန်တီ အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် အင်ဇာဂီ နည်းပြ ဖြစ်လာခဲ့ကာ လူကာကူကတော့ နည်းပြသစ်နဲ့လည်း အဆင်ပြေမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ချယ်ဆီးက လူကာကူကို အနောက်လန်ဒန်သို့ ပြန်ခေါ်လိုနေပေမယ့် ကစားသမားကတော့ အင်တာမှာ ဆက်နေမှာ ဖြစ်ကြောင်း ထုတ်ပြောခဲ့တာပါ။

” ကျနော် ဒီမှာ ဆက်နေမှာပါ။ ကျနော်တို့ မန်နေဂျာ အသစ် ဖြစ်လာမယ့် သူနဲ့လည်း အဆက်အသွယ် ရပြီးပြီ။ ကျနော် ဒီလို မပြောသင့်ဘူးလားတော့ မသိဘူး ဒါပေမယ့် သူနဲ့ အလွန် ကောင်းမွန်တဲ့ ပြောဆို ဆွေါ်နွေးမှု လုပ်ခဲ့တယ်။ ကျနော် အင်တာမှာ အဆင်ပြေနေပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးကတော့ ယခင် တိုက်စစ်ပစ်မှတ်တွေ ဖြစ်တဲ့ ကိန်း၊ ဟာလန်းတို့ကို ချန်ပြီး လူကာကူ ကို ဦးစားပေး သတ်မှတ်ခဲ့ရာမှ အခုတော့ အခြား ပစ်မှတ်များ ထပ်မံ ရှာဖွေ စဉ်းစားရဖွယ် ရှိပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းရဲ႕ ေႏြရာသီ အေျပာင္းအေရႊ႕ အစီအမံေတြကေတာ့ အဓိက တိုက္စစ္မွဴး ပစ္မွတ္ ျဖစ္တဲ့ လူကာကူ က အသင္း မေျပာင္းေသးဘူး ထုတ္ေဖာ္ ေျပာဆိုလိုက္တာေၾကာင့္ ေစာေစာစီးစီးပဲ ေျပာင္းလဲမႈေတြ ျပဳလုပ္ရေတာ့မွာ ျဖစ္ပါတယ္။ လူကာကူက အင္တာမီလန္ အသင္းမွာ ဆက္လက္ ရွိေနဦးမွာ ျဖစ္ေၾကာင္း အတည္ျပဳ ထုတ္ေဖာ္ ေျပာဆိုလာခဲ့တာပါ။

ခ်ယ္ဆီးအသင္း ပိုင္ရွင္ ရိုမန္ ေအဗရာမိုဗစ္ခ်္က ဒီေႏြမွာ အသက္ ၂၈ နွစ္ အရြယ္ တိုက္စစ္မွဴး လူကာကူ ကို ထိပ္တန္း ပစ္မွတ္ အျဖစ္ သတ္မွတ္ထားခဲ့တာ ျဖစ္ပါတယ္။ လူကာကူက သူ႔ ကစားသမား ဘ၀ အေစာပိုင္း ကာလေတြတုန္းက စတန္းဖို႔ ဘရစ္ခ်္မွာ ၃ နွစ္ၾကာ ေနခဲ့သူလည္း ျဖစ္ပါတယ္။

ဒါေပမယ့္ ခ်ယ္ဆီးမွာ ၁၅ ပြဲသာ ကစားခဲ့ရျပီးေနာက္ အဲဗာတန္သို႔ ေရာင္းခ်ျခင္း ခံခဲ့ရတာပါ။ အဲဒီကေန မန္ခ်က္စတာ ယူနိုက္တက္ ေျပာင္းျဖစ္ခဲ့ျပီးေနာက္ ၂၀၁၉ မွာေတာ့ အင္တာမီလန္ ေရာက္သြားခဲ့တာ ျဖစ္ပါတယ္။ အီတလီ ေျမမွာေတာ့ လူကာကူက ေျခစြမ္းထက္ တိုက္စစ္မွဴး အျဖစ္ အစြမး္ျပေနပါတယ္။

အင္တာမီလန္ အတြက္ ၉၅ ပြဲ ကစားျပီးခ်ိန္မွာ လူကာကူ က ၆၄ ဂိုး သြင္းထားျပီး ျပီးဆံုးသြားတဲ့ ရာသီမွာ ကလပ္အသင္းနဲ႕ အတူ စီးရီးေအဖလားပါ ရခဲ့ပါတယ္။

စီးရီးေအ ဖလားရျပီးေနာက္ နည္းျပ ကြန္တီ အသင္းကေန ထြက္ခြာခဲ့ျပီးေနာက္ အင္ဇာဂီ နည္းျပ ျဖစ္လာခဲ့ကာ လူကာကူကေတာ့ နည္းျပသစ္နဲ႕လည္း အဆင္ေျပမွာ ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ ခ်ယ္ဆီးက လူကာကူကို အေနာက္လန္ဒန္သို႔ ျပန္ေခၚလိုေနေပမယ့္ ကစားသမားကေတာ့ အင္တာမွာ ဆက္ေနမွာ ျဖစ္ေၾကာင္း ထုတ္ေျပာခဲ့တာပါ။

” က်ေနာ္ ဒီမွာ ဆက္ေနမွာပါ။ က်ေနာ္တို႔ မန္ေနဂ်ာ အသစ္ ျဖစ္လာမယ့္ သူနဲ႕လည္း အဆက္အသြယ္ ရျပီးျပီ။ က်ေနာ္ ဒီလို မေျပာသင့္ဘူးလားေတာ့ မသိဘူး ဒါေပမယ့္ သူနဲ႕ အလြန္ ေကာင္းမြန္တဲ့ ေျပာဆို ေဆြၚေႏြးမႈ လုပ္ခဲ့တယ္။ က်ေနာ္ အင္တာမွာ အဆင္ေျပေနပါတယ္။ ” လို႔ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးကေတာ့ ယခင္ တိုက္စစ္ပစ္မွတ္ေတြ ျဖစ္တဲ့ ကိန္း၊ ဟာလန္းတို႔ကို ခ်န္ျပီး လူကာကူ ကို ဦးစားေပး သတ္မွတ္ခဲ့ရာမွ အခုေတာ့ အျခား ပစ္မွတ္မ်ား ထပ္မံ ရွာေဖြ စဥ္းစားရဖြယ္ ရွိပါတယ္။