ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၂ နွေမှာ စာချုပ် ကုန်ဆုံးတော့မယ် ဗာရိန်းက သက်တမ်း ဆက်လက် မတိုးလိုတော့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ထံ ယူရို သန်း ၇၀ (ပေါင် သန်း ၆၀) နဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။
ယူနိုက်တက် ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ တီကို ခံစစ်မှူး ထရစ်ပီယာကို မန်ချက်စတာ မြို့ခံ ပြိုင်ဘက် မန်စီးတီးကလည်း မျက်စိကျနေပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီ အစက မန်ချက်စတာ ယူနိုက်တက် ပရီးမီးယားလိဂ် အဆင့် ၂ ရမယ် ကြိုပြောရင် ဘယ်သူမှ ယုံခဲ့ကြမှာ မဟုတ်ပေမယ့် ယူနိုက်တက် အသင်းသားတွေက လုပ်ပြနိုင်ခဲ့ကြောင်း ဖာဒီနန်က ချီးကျူးခဲ့ကာ ယူနိုက်တက်က လီဗာပူး ရှေ့မှာ ရောက်နေခဲ့တာ ငြင်းမရတဲ့ အချက် ဖြစ်ကြောင်းပါ ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ဆန်းချက် ဟာ အင်တာမီလန်မှာလည်း ၎င်းရဲ့ ကြီးမြင့်တဲ့ လုပ်ခ အပေါ် ငြိုငြင်မှု ခံလာရပြီးနောက် စပိန်ဘက်သို့ ပြောင်းရွှေ့ဖို့ ကြိုးစားနေပါတယ်။
အက်သလက်တီကို မက်ဒရစ်ဟာ ၎င်းတို့ရဲ့ ကွင်းလယ် ကစားသမား ဆော နီဂွက်ဇ် အတွက် ကမ်းလှမ်းမှုတွေကို လမ်းဖွင့် ပေးလိုက်ပြီ ဖြစ်ပြီး ယူနိုက်တက်ကလည်း ၎င်းကို စောင့်ကြည့်နေတဲ့ အသင်းတွေထဲ ပါဝင်တာကြောင့် လှုပ်ရှားဖွယ် ရှိပါတယ်။
ခရစ္စတယ် ပဲလေ့စ် တိုက်စစ်မှူး ဇာဟာ သာ အသင်း ပြောင်းရွှေ့မှု ပြုလုပ်ရင် ယူနိုက်တက်က ၎င်းကို ရောင်းချခဲ့စဉ် သဘောတူညီချက် အရ ပြောင်းရွှေ့ကြေးရဲ့ ၂၅% ရရှိဦးမှာ ဖြစ်ပါတယ်။ ယခင်နှစ်များမှ အဲဗာတန်နဲ့ အာဆင်နယ်တို့ ဇာဟာ ကို ကြိုးစားခဲ့စဉ်က ပဲလေ့စ်ဘက်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ ထိ တောင်းဆိုခဲ့ပါတယ်။
Zawgyi – ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၂ နွေမှာ စာချုပ် ကုန်ဆုံးတော့မယ် ဗာရိန်းက သက်တမ်း ဆက်လက် မတိုးလိုတော့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ထံ ယူရို သန်း ၇၀ (ပေါင် သန်း ၆၀) နဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။
မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ဆန်းချက် ဟာ အင်တာမီလန်မှာလည်း ၄င်းရဲ့ ကြီးမြင့်တဲ့ လုပ်ခ အပေါ် ငြိုငြင်မှု ခံလာရပြီးနောက် စပိန်ဘက်သို့ ပြောင်းရွှေ့ဖို့ ကြိုးစားနေပါတယ်။
အက်သလက်တီကို မက်ဒရစ်ဟာ ၄င်းတို့ရဲ့ ကွင်းလယ် ကစားသမား ဆော နီဂွက်ဇ် အတွက် ကမ်းလှမ်းမှုတွေကို လမ်းဖွင့် ပေးလိုက်ပြီ ဖြစ်ပြီး ယူနိုက်တက်ကလည်း ၄င်းကို စောင့်ကြည့်နေတဲ့ အသင်းတွေထဲ ပါဝင်တာကြောင့် လှုပ်ရှားဖွယ် ရှိပါတယ်။