စာချုပ်သစ် သက်တမ်းတိုးမှုတွေနဲ့ ယနေ့ နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (05/06/21)

ဥရောပ ချန်ပီယံ ချယ်ဆီး အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်စွဲပြီး တစ်ပတ် အတွင်းမှာပဲ နည်းပြ တူချယ်ကို သက်တမ်းတိုး ၂နှစ် စာချုပ် ချုပ်ဆိုလိုက်သလို ဝါရင့် ကစားသမားကြီးတွေ ဖြစ်တဲ့ တိုက်စစ်မှူး ဂျီရူးနဲ့ ခံစစ်မှူး သီယေဂို ဆေးဗား တို့ကိုလည်း တစ်နှစ်စီ သက်တမ်းတိုး စာချုပ် ချုပ်လိုက်ပါတယ်။

နိုင်ငံအသင်း ဆီနီဂေါ လက်ရွေးစင် အသင်းနဲ့ သွားရောက် ပူးပေါင်းခဲ့တဲ့ ချယ်ဆီး ဂိုးသမား မန်ဒီကို ဆီနီဂေါ အသင်းသားတွေကတော့ ဥရောပ ချန်ပီယံ အဖြစ် ဂုဏ်ပြု ကြိုဆိုခဲ့ကြပါတယ်။

ဘာစီလိုနာ ကွင်းလယ်ကစားသမား ပီဂျာနစ် ကို ချယ်ဆီးက စိတ်ဝင်စားဟန် ပြသထားပေမယ့် ဘော့စနီးယား သားကတော့ ဂျူဗင်တပ် သို့ ပြန်ဖို့ ပစ်မှတ်ထားနေပါတယ်။

ချယ်ဆီးအသင်းဟာ ဒီနွေမှာ အသင်းနဲ့ စာချုပ် ကုန်ဆုံးပြီ ဖြစ်တဲ့ ဂိုးသမား ဝီလီ ကာဘယ်လာရို၊ ကွင်းလယ် သမား မာကို ဗန် ဂျင်ကဲလ်နဲ့ အစ်ဇီ ဘရောင်းတို့ အပါအဝင် ကစားသမား ၇ ယောက် ကို အသင်းကနေ ထွက်ခွာခွင့် ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဂျော်ဂျင်ဟို က ၂၀၁၈ မှာ ချယ်ဆီးအသင်းသို့ မပြောင်းလာခင် မန်စီးတီး အသင်းထံသွားဖို့ အလွန်ကို နီးစပ်ခဲ့ကြောင်း အေးဂျင့် ဖြစ်သူက ထုတ်ဖော် ပြောဆို လိုက်ပါတယ်။

Zawgyi – ဥေရာပ ခ်န္ပီယံ ခ်ယ္ဆီး အသင္းဟာ ခ်န္ပီယံလိဂ္ ဗိုလ္စြဲျပီး တစ္ပတ္ အတြင္းမွာပဲ နည္းျပ တူခ်ယ္ကို သက္တမ္းတိုး ၂နွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္သလို ၀ါရင့္ ကစားသမားၾကီးေတြ ျဖစ္တဲ့ တိုက္စစ္မွဴး ဂ်ီရူးနဲ႕ ခံစစ္မွဴး သီေယဂို ေဆးဗား တို႔ကုိလည္း တစ္နွစ္စီ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္လိုက္ပါတယ္။

နိုင္ငံအသင္း ဆီနီေဂါ လက္ေရြးစင္ အသင္းနဲ႕ သြားေရာက္ ပူးေပါင္းခဲ့တဲ့ ခ်ယ္ဆီး ဂိုးသမား မန္ဒီကို ဆီနီေဂါ အသင္းသားေတြကေတာ့ ဥေရာပ ခ်န္ပီယံ အျဖစ္ ဂုဏ္ျပဳ ၾကိဳဆိုခဲ့ၾကပါတယ္။

ဘာစီလိုနာ ကြင္းလယ္ကစားသမား ပီဂ်ာနစ္ ကို ခ်ယ္ဆီးက စိတ္၀င္စားဟန္ ျပသထားေပမယ့္ ေဘာ့စနီးယား သားကေတာ့ ဂ်ဴဗင္တပ္ သို႔ ျပန္ဖို႔ ပစ္မွတ္ထားေနပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဒီေႏြမွာ အသင္းနဲ႕ စာခ်ဳပ္ ကုန္ဆံုးျပီ ျဖစ္တဲ့ ဂိုးသမား ၀ီလီ ကာဘယ္လာရို၊ ကြင္းလယ္ သမား မာကို ဗန္ ဂ်င္ကဲလ္နဲ႕ အစ္ဇီ ဘေရာင္းတို႔ အပါအ၀င္ ကစားသမား ၇ ေယာက္ ကို အသင္းကေန ထြက္ခြာခြင့္ ျပဳလုိုက္ျပီ ျဖစ္ပါတယ္။

ေဂ်ာ္ဂ်င္ဟို က ၂၀၁၈ မွာ ခ်ယ္ဆီးအသင္းသို႔ မေျပာင္းလာခင္ မန္စီးတီး အသင္းထံသြားဖို႔ အလြန္ကို နီးစပ္ခဲ့ေၾကာင္း ေအးဂ်င့္ ျဖစ္သူက ထုတ္ေဖာ္ ေျပာဆုိ လိုက္ပါတယ္။