ယူနိုက်တက်ဟာ ဒီနွေအပြောင်းအရွှေ့မှာ ဗဟိုခံစစ်မှူးတစ်ဦးကို သေချာပေါက် ခေါ်ယူကာ ကလပ်ရဲ့ ခံစစ်ကြောင်းကို ပြောင်းလဲဖို့ ပြင်ဆင်ထားခဲ့ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ ကလပ်ရဲ့ လူစာရင်း အင်အားမတောင့်ခြင်းကြောင့် ရလဒ်ပိုင်း အနည်းငယ် ထိခိုက်ခဲ့ပါတယ်။ အထူးသဖြင့် ရာသီကုန်ပိုင်းမှာ အသင်းခေါင်းဆောင် မက်ဂွဲရား မကစားနိုင်ခြင်းက ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်ခဲ့ကာ ယူရိုပါလိဂ်ကို လက်လွတ်ရတဲ့ထိ သက်ရောက်မှု ရှိခဲ့ပါတယ်။
ယူနိုက်တက်က ခံစစ်မှူးနေရာ အားဖြည့်ဖို့အတွက် ရီးရဲလ်မက်ဒရစ်မှ ဗာရိန်းနဲ့ ဗီလာရီးရဲလ်မှ ပေါတောရက်စ်တို့ကို အဓိက ပစ်မှတ်ထားနေကြောင်း The Athletic ရဲ့ ဖော်ပြမှုအရ သိရတယ်။ ဗာရိန်းကို ခေါ်ယူနိုင်ဖို့ ညိနှိုင်းနိုင်ဖွယ်ရှိပေမယ့် တောရက်စ်ကို ခေါ်ယူရေးကတော့ လွယ်ကူမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။
အသက် ၂၈ နှစ်အရွယ် ခံစစ်မှူး ဗာရိန်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်တစ်နှစ်ပဲ ကျန်ရှိတယ်လို့ သိထားရတယ်။ လာလီဂါကလပ်က ဗာရိန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း အလိုရှိနေတာဖြစ်ကာ ပြင်သစ်သားက ယူရို ၂၀၂၀ ပြိုင်ပွဲအပြီးမှ အနာဂတ်အတွက် ဆုံးဖြတ်ချက် ချလိုနေပါတယ်။
အသက် ၂၄ နှစ်အရွယ် စပိန်ခံစစ်မှူး တောရက်စ်ကို ယူနိုက်တက်ဘက်က စိတ်ဝင်စားနေခဲ့တာက အချိန်တစ်ခု ရှိခဲ့ပါပြီ။ တောရက်စ် ကိုယ်တိုင်ကတော့ နယ်မြေသစ်ကို ပြောင်းရွှေ့ခြင်းထက် လာလီဂါ ထိပ်သီးအသင်းတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့ထံ ပြောင်းနိုင်ဖို့ကိုပဲ နောက်တစ်ရာသီလောက် စောင့်ဆိုင်းလိုနေတယ်။
ယူနိုက်တက်ဟာ သူတို့ နှစ်ဦးထဲက တစ်ဦးကို ဒီနွေမှာ ခေါ်ယူဖို့ ကြိုးစားမှာဖြစ်ကာ ယူရို ပြိုင်ပွဲအပြီး သတင်းထူးတွေ စတင်လာမယ်လို့ ခန့်မှန်းရတာ ဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္ဟာ ဒီေႏြအေျပာင္းအေရႊ႔မွာ ဗဟိုခံစစ္မွဴးတစ္ဦးကို ေသခ်ာေပါက္ ေခၚယူကာ ကလပ္ရဲ႕ ခံစစ္ေၾကာင္းကို ေျပာင္းလဲဖို႔ ျပင္ဆင္ထားခဲ့ျပီျဖစ္ပါတယ္။
ျပီးခဲ့တဲ့ရာသီမွာ ကလပ္ရဲ႕ လူစာရင္း အင္အားမေတာင့္ျခင္းေၾကာင့္ ရလဒ္ပိုင္း အနည္းငယ္ ထိခိုက္ခဲ့ပါတယ္။ အထူးသျဖင့္ ရာသီကုန္ပိုင္းမွာ အသင္းေခါင္းေဆာင္ မက္ဂြဲရား မကစားႏုိင္ျခင္းက ယူႏုိက္တက္ရဲ႕ စြမ္းေဆာင္ရည္ကို ထိခိုက္ခဲ့ကာ ယူရိုပါလိဂ္ကို လက္လြတ္ရတဲ့ထိ သက္ေရာက္မႈ ရွိခဲ့ပါတယ္။
ယူႏုိက္တက္က ခံစစ္မွဴးေနရာ အားျဖည့္ဖို႔အတြက္ ရီးရဲလ္မက္ဒရစ္မွ ဗာရိန္းနဲ႔ ဗီလာရီးရဲလ္မွ ေပါေတာရက္စ္တို႔ကို အဓိက ပစ္မွတ္ထားေနေၾကာင္း The Athletic ရဲ႕ ေဖာ္ျပမႈအရ သိရတယ္။ ဗာရိန္းကို ေခၚယူႏုိင္ဖို႔ ညိႏိႈင္းႏုိင္ဖြယ္ရွိေပမယ့္ ေတာရက္စ္ကို ေခၚယူေရးကေတာ့ လြယ္ကူမွာ မဟုတ္ဘူးလို႔လည္း သိရပါတယ္။
အသက္ ၂၈ ႏွစ္အရြယ္ ခံစစ္မွဴး ဗာရိန္းဟာ ရီးရဲလ္မက္ဒရစ္နဲ႔ စာခ်ဳပ္တစ္ႏွစ္ပဲ က်န္ရွိတယ္လို႔ သိထားရတယ္။ လာလီဂါကလပ္က ဗာရိန္းအတြက္ ေျပာင္းေရႊ႔ေၾကး ေပါင္ ၃၅ သန္း အလိုရွိေနတာျဖစ္ကာ ျပင္သစ္သားက ယူရို ၂၀၂၀ ျပိဳင္ပြဲအျပီးမွ အနာဂတ္အတြက္ ဆံုးျဖတ္ခ်က္ ခ်လိုေနပါတယ္။
အသက္ ၂၄ ႏွစ္အရြယ္ စပိန္ခံစစ္မွဴး ေတာရက္စ္ကို ယူႏုိက္တက္ဘက္က စိတ္ဝင္စားေနခဲ့တာက အခ်ိန္တစ္ခု ရွိခဲ့ပါျပီ။ ေတာရက္စ္ ကိုယ္တိုင္ကေတာ့ နယ္ေျမသစ္ကို ေျပာင္းေရႊ႔ျခင္းထက္ လာလီဂါ ထိပ္သီးအသင္းေတြျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာတို႔ထံ ေျပာင္းႏုိင္ဖို႔ကိုပဲ ေနာက္တစ္ရာသီေလာက္ ေစာင့္ဆိုင္းလိုေနတယ္။
ယူႏုိက္တက္ဟာ သူတို႔ ႏွစ္ဦးထဲက တစ္ဦးကို ဒီေႏြမွာ ေခၚယူဖို႔ ၾကိဳးစားမွာျဖစ္ကာ ယူရို ျပိဳင္ပြဲအျပီး သတင္းထူးေတြ စတင္လာမယ္လို႔ ခန္႔မွန္းရတာ ျဖစ္ပါတယ္။
