ပေါ့ဘာ ဖာနန်ဒက်စ် အတွဲကို မမြင်လိုသူ တစ်ဦးတည်းရှိကြောင်း ယူနိုက်တက် ယုံကြည်

UNICODE – ယူနိုက်တက်ဟာ ဒီနွေမှာ ပေါ့ဘာကို ထွက်ခွာသွားစေတာမျိုး ခွင့်မပြုဘဲ အသင်းရဲ့ အနာဂတ်မှာ ဖာနန်ဒက်စ်နဲ့အတူ တွဲဘက်စေဖို့ ရည်ရွယ်ထားပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်အတွဲတောင် ဖြစ်နိုင်တဲ့ သူတို့နှစ်ဦးဟာ အခုချိန်ထိ တစ်ကြိမ်မှ ပွဲထွက် ကစားပေးရခြင်း မရှိသေးပါဘူး။ ကိုရိုနာကပ်ဘေးအတွင်း ပြန်လည်စတင်လာတဲ့ ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးမှာတော့ မန်နေဂျာဆိုးရှားက သူတို့ နှစ်ဦးကို တူညီတဲ့ အချိန်အတွင်း လေ့ကျင့်ရတဲ့ အဖွဲ့ငယ်ထဲမှာ တွဲဘက်ပေးထားပါတယ်။

တော်မီနေး၊ ပေါ့ဘာ၊ ဖာနန်ဒက်စ်၊ ဖရတ်တို့ ပါဝင်တဲ့ ယူနိုက်တက်ရဲ့ ကွင်းလယ်အတွဲဟာ ပရီးမီးယားလိဂ်ရဲ့ အတောင့်တင်းဆုံး ကွင်းလယ်ထဲမှာ ပါဝင်ပါတယ်။ ဒီရာသီမှာ မက်ဂွဲရား ဦးဆောင်တဲ့ ခံစစ်တန်းက တောက်ပနေခြင်းကြောင့် ဖာနန်ဒက်စ်၊ ပေါ့ဘာ ဦးဆောင်တဲ့ ကွင်းလယ်နဲ့ဆိုရင် ယူနိုက်တက်ဟာ ဆုဖလားတွေကို စိန်ခေါ်ဖို့ရာမှာ တိုက်စစ်ပိုင်း တစ်ခုတည်းကိုပဲ အားဖြည့်ဖို့ အာရုံစိုက်ရမှာပါ။

ဒါပေမယ့်လည်း ဒီကာလတွေမှာ ပေါ့ဘာနဲ့ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်ကြား အပြောင်းအရွှေ့တွေက ဆက်တိုက် ထွက်နေဆဲဖြစ်တယ်။ ယူနိုက်တက်ကတော့ မန်ချက်စတာကလပ်ကနေ ပေါ့ဘာကို ထွက်သွားစေလိုတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်က ပေါ့ဘာရဲ့ အေးဂျင့် ရွိင်အိုလာတာဖြစ်တယ်လို့ ယုံကြည်နေကြောင်း The Times က ဖော်ပြခဲ့တယ်။

ယူနိုက်တက် တာဝန်ရှိသူတွေကတော့ ပေါ့ဘာ ပြန်ပါလာမယ့် အသင်းရဲ့ လူစာရင်းဟာ ဆုဖလားတွေ စိန်ခေါ်ဖို့အတွက် တောင့်တင်းမှု ရှိလာစေမယ်လို့ ယုံကြည်ထားတယ်။ ယူနိုက်တက်မှာ ပေါ့ဘာ ဆက်ရှိနေဖို့ အားလုံးက ဆန္ဒရှိနေပြီး ဒါကို ဆန့်ကျင့်မယ့်သူ တစ်ဦးရှိမယ်ဆိုရင် ကလပ်နဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ အေးဂျင့် ရွိုင်အိုလာပဲ ဖြစ်လိမ့်မယ်လို့ မန်ချက်စတာကလပ်ဘက်က ယုံကြည်နေပါတယ်။

ZAWGYI – ယူႏုိက္တက္ဟာ ဒီေႏြမွာ ေပါ့ဘာကို ထြက္ခြာသြားေစတာမ်ိဳး ခြင့္မျပဳဘဲ အသင္းရဲ႕ အနာဂတ္မွာ ဖာနန္ဒက္စ္နဲ႔အတူ တြဲဘက္ေစဖို႔ ရည္ရြယ္ထားပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ကြင္းလယ္အတြဲေတာင္ ျဖစ္ႏုိင္တဲ့ သူတို႔ႏွစ္ဦးဟာ အခုခ်ိန္ထိ တစ္ၾကိမ္မွ ပြဲထြက္ ကစားေပးရျခင္း မရွိေသးပါဘူး။ ကိုရိုနာကပ္ေဘးအတြင္း ျပန္လည္စတင္လာတဲ့ ယူႏုိက္တက္ရဲ႕ ေလ့က်င့္ေရးမွာေတာ့ မန္ေနဂ်ာဆိုးရွားက သူတို႔ ႏွစ္ဦးကို တူညီတဲ့ အခ်ိန္အတြင္း ေလ့က်င့္ရတဲ့ အဖြဲ႔ငယ္ထဲမွာ တြဲဘက္ေပးထားပါတယ္။

ေတာ္မီေနး၊ ေပါ့့ဘာ၊ ဖာနန္ဒက္စ္၊ ဖရတ္တို႔ ပါဝင္တဲ့ ယူႏုိက္တက္ရဲ႕ ကြင္းလယ္အတြဲဟာ ပရီးမီးယားလိဂ္ရဲ႕ အေတာင့္တင္းဆံုး ကြင္းလယ္ထဲမွာ ပါဝင္ပါတယ္။ ဒီရာသီမွာ မက္ဂြဲရား ဦးေဆာင္တဲ့ ခံစစ္တန္းက ေတာက္ပေနျခင္းေၾကာင့္ ဖာနန္ဒက္စ္၊ ေပါ့ဘာ ဦးေဆာင္တဲ့ ကြင္းလယ္နဲ႔ဆိုရင္ ယူႏုိက္တက္ဟာ ဆုဖလားေတြကို စိန္ေခၚဖို႔ရာမွာ တိုက္စစ္ပိုင္း တစ္ခုတည္းကိုပဲ အားျဖည့္ဖို႔ အာရံုစိုက္ရမွာပါ။

ဒါေပမယ့္လည္း ဒီကာလေတြမွာ ေပါ့ဘာနဲ႔ ရီးရဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္ၾကား အေျပာင္းအေရႊ႔ေတြက ဆက္တိုက္ ထြက္ေနဆဲျဖစ္တယ္။ ယူႏုိက္တက္ကေတာ့ မန္ခ်က္စတာကလပ္ကေန ေပါ့ဘာကို ထြက္သြားေစလိုတဲ့ တစ္ဦးတည္းေသာ ပုဂၢိဳလ္က ေပါ့ဘာရဲ႕ ေအးဂ်င့္ ရိြင္အိုလာတာျဖစ္တယ္လို႔ ယံုၾကည္ေနေၾကာင္း The Times က ေဖာ္ျပခဲ့တယ္။

ယူႏုိက္တက္ တာဝန္ရွိသူေတြကေတာ့ ေပါ့ဘာ ျပန္ပါလာမယ့္ အသင္းရဲ႕ လူစာရင္းဟာ ဆုဖလားေတြ စိန္ေခၚဖို႔အတြက္ ေတာင့္တင္းမႈ ရွိလာေစမယ္လို႔ ယံုၾကည္ထားတယ္။ ယူႏုိက္တက္မွာ ေပါ့ဘာ ဆက္ရွိေနဖို႔ အားလံုးက ဆႏၵရွိေနျပီး ဒါကို ဆန္႔က်င့္မယ့္သူ တစ္ဦးရွိမယ္ဆိုရင္ ကလပ္နဲ႔ ဆက္ဆံေရး အဆင္မေျပတဲ့ ေအးဂ်င့္ ရိြဳင္အိုလာပဲ ျဖစ္လိမ့္မယ္လို႔ မန္ခ်က္စတာကလပ္ဘက္က ယံုၾကည္ေနပါတယ္။