ယူနိုက်တက်မန်နေဂျာ ဆိုးရှားက ညာအစွန်နေရာအတွက် ထရစ်ပီယာကို ခေါ်ယူနိုင်မယ်ဆိုရင် ရာသီကြိုမှာ ဘစ်ဆာကာကို ဗဟိုခံစစ်မှူးနေရာကနေ စမ်းသုံးကြည့်ဖို့ ပြင်ဆင်နေပါတယ်။
အသက် ၃၀ အရွယ် ညာအစွန်လူ ထရစ်ပီယာဟာ အင်္ဂလန်ကို ပြန်လာဖို့ နီးစပ်နေပြီး သူ့ကို ခေါ်ယူဖို့ ယူနိုက်တက်က ကြိုးစားနေတာပါ။ ဘစ်ဆာကာဟာ ခံစစ်ပိုင်းကို ပိုအားသန်သူဖြစ်ပြီး တိုက်စစ်ကို လိုက်ပါစေခြင်းက သူ့ရဲ့ ပုံစံမဟုတ်ဘူးလို့ ယုံကြည်ထားတဲ့ ဆိုးရှားက တိုက်စစ်အားသန်တဲ့ အစွန်လူတစ်ဦးကို အားဖြည့်လိုနေခြင်းဖြစ်တယ်။
ပဲလေစ့်ကနေ ပေါင် သန်း ၅၀ ဖြင့် ခေါ်ယူထားရတဲ့ ဘစ်ဆာကာဟာ ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းကို တိုးတက်စေခဲ့ပေမယ့် တိုက်စစ်ကို အထောက်အပံ့လုပ်ဖို့ အကန့်အသတ် ရှိနေဆဲဖြစ်တယ်။ ဒါကြောင့်လည်း မန်နေဂျာဆိုးရှားက ထရစ်ပီယာကို ခံစစ်မှူးနေရာပို့ပြီး မက်ဂွဲရားနဲ့ တွဲဘက်စေကာ ညာခြမ်းမှာ ထရစ်ပီယာကို ထားဖို့ စဉ်းစားလာခဲ့ပါတယ်။
အမြင့်ဘော အားကောင်းတဲ့ မက်ဂွဲရားနဲ့ လျှင်မြန်ပြီး ခံစစ်ပိုင်း ရှင်းထုတ်ပုံကောင်းတဲ့ ဘစ်ဆာကာတို့ တွဲဘက်နိုင်ဖို့လည်း ဆိုးရှားက မျှော်လင့်ထားတယ်။ ညာအစွန်က ထရစ်ပီယာက သူ့ရှေ့က ဆန်ချိုကို တိုက်စစ်လိုက်ပေးဖို့ရာ ဘစ်ဆာကာထက် ပိုမို အံဝင်မယ်လို့လည်း မျှော်လင့်နေခြင်းဖြစ်တယ်။
မန်နေဂျာဆိုးရှားက ယူနိုက်တက်ကို ခံစစ် ၃ ယောက်တန်း ပုံစံ ကစားစေဖို့လည်း အကြံရှိပြီး ဘစ်ဆာကာဟာ ညာခြမ်း ဗဟိုခံစစ်မှူးနေရာ ဝင်ယူသွားနိုင်ပါတယ်။ လက်တလေမှာ ထရစ်ပီယာ၊ ဆန်ချိုတို့ကို ခေါ်ယူနိုင်ဖို့ အားစိုက်လာတဲ့ ယူနိုက်တက်ဟာ ဗဟိုခံစစ်မှူးနေရာအတွက် အခြေအနေအရ ဆက်လက် လုပ်ရှားဦးမှာပါ။
ဘစ်ဆာကာကို ဗဟိုခံစစ်မှူးနေရာအတွက် လျာထားပေမယ့် ရီးရဲလ်မက်ဒရစ်မှ ဗာရိန်းကလည်း မန်နေဂျာဆိုးရှား မျက်စိကျရတဲ့ ခံစစ်မှူးဖြစ်တယ်လို့ သိထားရတာ ဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္မန္ေနဂ်ာ ဆိုးရွားက ညာအစြန္ေနရာအတြက္ ထရစ္ပီယာကို ေခၚယူႏုိင္မယ္ဆိုရင္ ရာသီၾကိဳမွာ ဘစ္ဆာကာကို ဗဟိုခံစစ္မွဴးေနရာကေန စမ္းသံုးၾကည့္ဖို႔ ျပင္ဆင္ေနပါတယ္။
အသက္ ၃၀ အရြယ္ ညာအစြန္လူ ထရစ္ပီယာဟာ အဂၤလန္ကို ျပန္လာဖို႔ နီးစပ္ေနျပီး သူ႔ကို ေခၚယူဖို႔ ယူႏုိက္တက္က ၾကိဳးစားေနတာပါ။ ဘစ္ဆာကာဟာ ခံစစ္ပိုင္းကို ပိုအားသန္သူျဖစ္ျပီး တိုက္စစ္ကို လိုက္ပါေစျခင္းက သူ႔ရဲ႕ ပံုစံမဟုတ္ဘူးလို႔ ယံုၾကည္ထားတဲ့ ဆိုးရွားက တိုက္စစ္အားသန္တဲ့ အစြန္လူတစ္ဦးကို အားျဖည့္လိုေနျခင္းျဖစ္တယ္။
ပဲေလစ့္ကေန ေပါင္ သန္း ၅၀ ျဖင့္ ေခၚယူထားရတဲ့ ဘစ္ဆာကာဟာ ယူႏုိက္တက္ရဲ႕ ခံစစ္ေၾကာင္းကို တိုးတက္ေစခဲ့ေပမယ့္ တိုက္စစ္ကို အေထာက္အပံ့လုပ္ဖို႔ အကန္႔အသတ္ ရွိေနဆဲျဖစ္တယ္။ ဒါေၾကာင့္လည္း မန္ေနဂ်ာဆိုးရွားက ထရစ္ပီယာကို ခံစစ္မွဴးေနရာပို႔ျပီး မက္ဂြဲရားနဲ႔ တြဲဘက္ေစကာ ညာျခမ္းမွာ ထရစ္ပီယာကို ထားဖို႔ စဥ္းစားလာခဲ့ပါတယ္။
အျမင့္ေဘာ အားေကာင္းတဲ့ မက္ဂြဲရားနဲ႔ လွ်င္ျမန္ျပီး ခံစစ္ပိုင္း ရွင္းထုတ္ပံုေကာင္းတဲ့ ဘစ္ဆာကာတို႔ တြဲဘက္ႏုိင္ဖို႔လည္း ဆိုးရွားက ေမွ်ာ္လင့္ထားတယ္။ ညာအစြန္က ထရစ္ပီယာက သူ႔ေရွ႔က ဆန္ခ်ိဳကို တိုက္စစ္လိုက္ေပးဖို႔ရာ ဘစ္ဆာကာထက္ ပိုမို အံဝင္မယ္လို႔လည္း ေမွ်ာ္လင့္ေနျခင္းျဖစ္တယ္။
မန္ေနဂ်ာဆိုးရွားက ယူႏုိက္တက္ကို ခံစစ္ ၃ ေယာက္တန္း ပံုစံ ကစားေစဖို႔လည္း အၾကံရွိျပီး ဘစ္ဆာကာဟာ ညာျခမ္း ဗဟိုခံစစ္မွဴးေနရာ ဝင္ယူသြားႏုိင္ပါတယ္။ လက္တေလမွာ ထရစ္ပီယာ၊ ဆန္ခ်ိဳတို႔ကို ေခၚယူႏုိင္ဖို႔ အားစိုက္လာတဲ့ ယူႏုိက္တက္ဟာ ဗဟိုခံစစ္မွဴးေနရာအတြက္ အေျခအေနအရ ဆက္လက္ လုပ္ရွားဦးမွာပါ။
ဘစ္ဆာကာကို ဗဟိုခံစစ္မွဴးေနရာအတြက္ လ်ာထားေပမယ့္ ရီးရဲလ္မက္ဒရစ္မွ ဗာရိန္းကလည္း မန္ေနဂ်ာဆိုးရွား မ်က္စိက်ရတဲ့ ခံစစ္မွဴးျဖစ္တယ္လို႔ သိထားရတာ ျဖစ္ပါတယ္။
