အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲ မတိုင်ခင် နောက်ဆုံး ခြေစမ်းပွဲ အဖြစ် ရိုမေးနီးယားအသင်းနဲ့ ခြေစမ်းခဲ့ရာ မားကပ် ရက်ဖို့ဒ်ရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ထိုပွဲမှာ ရက်ဖို့ဒ်က အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့တဲ့ အပြင် ခြေစွမ်းလည်း ပြခဲ့ပါတယ်။
ပြင်သစ် အသင်း တိုက်စစ်မှာ အမ်ဘတ်ပီ၊ ဘမ်ဇီမာနဲ့ ဂရစ်စမန်းတို့လို့ ကြယ်ပွင့်တွေ ရှိနေတာက ကောင်းလည်း ကောင်းသလို အတ္တတွေက အသင်းကို ထိခိုက်စေနိုင်တာကိုလည်း သတိပြုကြဖို့ ပေါ့ဘာက ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက် လူငယ် ကစားသမား အာမက် ဒီယာလိုဟာ စနေနေ့က အိုင်ဗရီကို့စ်နဲ့ ဘာကီနိုဖာဆိုတို့ ယှဉ်ပြိုင် ကစားခဲ့ရာမှာ အနိုင်ဂိုး သွင်းယူပေးခဲ့ပြီး အိုင်ဗရီကို့စ်က ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ယူနိုက်တက် ချိတ်ဆက်နေတဲ့ အက်သလက်တီကို မက်ဒရစ် ခံစစ်မှူး ထရစ်ပီယာကို အပြိုင် ဝင်ရောက် ကြိုးပမ်းတော့မှာ ဖြစ်ပြီး ဘယ်လာရင် ကို ပြောင်းရွှေ့ကြေး တစိတ်တပိုင်း အဖြစ်ပါ ထည့်သွင်း ကမ်းလှမ်းဖို့ ရည်ရွယ်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဆန်ချို အတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ပြီ သတင်းထွက်ပေါ်ခဲ့ပေမယ့် အားကစား သတင်းေ်ထာက် ဖာဘရီဇီယို ရိုမန်နို ကတော့ တရားဝင် ကမ်းလှမ်းမှု ယူနိုက်တက် မလုပ်ရသေးကြောင်း ဖော်ထုတ်ခဲ့ပါတယ်။
ဂိုးသမား ဒီဂီယာဟာ ယူနိုက်တက်မှာ မမျှတစွာ ဝိုင်း ဝေဖန်ခံနေရတယ်လို့ စပိန် U21 နည်းပြဟောင်း ဂါဘီနို ရိုဒရီဂွက်ဇ်က ထုတ်ဖော် ပြောဆိုလိုက်ပြီး ဆိုးရှားရဲ့ အသင်းဟာ ကိတ်မုန့်လုံးထက်တောင် ပို ပျော့နေသေးတယ်လို့ ဝေဖန်လိုက်ပါတယ်။ ဒီဂီယာက ခံစစ်ကြောင်းရဲ့ ဆိုးကျိုးတွေ စုခံနေရတာ ဖြစ်တယ်လို့ ၎င်းက ယုံကြည်နေပါတယ်။

Zawgyi – အဂၤလန္အသင္းဟာ ယူရိုျပိဳင္ပြဲ မတိုင္ခင္ ေနာက္ဆံုး ေျခစမ္းပြဲ အျဖစ္ ရိုေမးနီးယားအသင္းနဲ႕ ေျခစမ္းခဲ့ရာ မားကပ္ ရက္ဖို႔ဒ္ရဲ႕ ပင္နယ္တီ သြင္းဂိုးနဲ႕ အနုိင္ရရွိခဲ့ပါတယ္။ ထိုပြဲမွာ ရက္ဖို႔ဒ္က အသင္းေခါင္းေဆာင္ အျဖစ္ တာ၀န္ယူခဲ့တဲ့ အျပင္ ေျခစြမ္းလည္း ျပခဲ့ပါတယ္။
ျပင္သစ္ အသင္း တိုက္စစ္မွာ အမ္ဘတ္ပီ၊ ဘမ္ဇီမာနဲ႕ ဂရစ္စမန္းတို႔လို႔ ၾကယ္ပြင့္ေတြ ရွိေနတာက ေကာင္းလည္း ေကာငး္သလို အတၱေတြက အသင္းကို ထိခိုက္ေစနိုင္တာကိုလည္း သတိျပဳၾကဖို႔ ေပါ့ဘာက ေျပာဆိုလိုက္ပါတယ္။
ယူနိုက္တက္ လူငယ္ ကစားသမား အာမက္ ဒီယာလိုဟာ စေနေန႔က အိုင္ဗရီကို႔စ္နဲ႕ ဘာကီနိုဖာဆိုတို႔ ယွဥ္ျပိဳင္ ကစားခဲ့ရာမွာ အနုိင္ဂိုး သြင္းယူေပးခဲ့ျပီး အိုင္ဗရီကို႔စ္က ၂-၁ နဲ႕ အနုိင္ရရွိခဲ့ပါတယ္။
အာဆင္နယ္အသင္းဟာ ယူနုိက္တက္ ခ်ိတ္ဆက္ေနတဲ့ အက္သလက္တီကို မက္ဒရစ္ ခံစစ္မွဴး ထရစ္ပီယာကို အျပိဳင္ ၀င္ေရာက္ ၾကိဳးပမ္းေတာ့မွာ ျဖစ္ျပီး ဘယ္လာရင္ ကို ေျပာင္းေရႊ႕ေၾကး တစိတ္တပိုင္း အျဖစ္ပါ ထည့္သြင္း ကမ္းလွမ္းဖို႔ ရည္ရြယ္ေနပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ဟာ ဆန္ခ်ိဳ အတြက္ ေျပာင္းေရႊ႕ေၾကး သေဘာတူညီမႈ ရခဲ့ျပီ သတင္းထြက္ေပၚခဲ့ေပမယ့္ အားကစား သတင္းေ္ထာက္ ဖာဘရီဇီယို ရိုမန္နို ကေတာ့ တရား၀င္ ကမ္းလွမ္းမႈ ယူနိုက္တက္ မလုပ္ရေသးေၾကာင္း ေဖာ္ထုတ္ခဲ့ပါတယ္။
ဂိုးသမား ဒီဂီယာဟာ ယူနုိက္တက္မွာ မမွ်တစြာ ၀ိုင္း ေ၀ဖန္ခံေနရတယ္လို႔ စပိန္ U21 နည္းျပေဟာင္း ဂါဘီနို ရိုဒရီဂြက္ဇ္က ထုတ္ေဖာ္ ေျပာဆိုလိုက္ျပီး ဆိုးရွားရဲ႕ အသင္းဟာ ကိတ္မုန္႔လံုးထက္ေတာင္ ပို ေပ်ာ့ေနေသးတယ္လို႔ ေ၀ဖန္လိုက္ပါတယ္။ ဒီဂီယာက ခံစစ္ေၾကာင္းရဲ႕ ဆိုးက်ိဳးေတြ စုခံေနရတာ ျဖစ္တယ္လို႔ ၄င္းက ယံုၾကည္ေနပါတယ္။
