လာလီဂါကနေ အင်္ဂလန်လိဂ်ကို ပြန်ပြောင်းလာမယ်လို့ သတင်းကြီးနေတဲ့ ညာအစွန်လူ ထရစ်ပီယာကို ခေါ်ယူလိုနေတဲ့ အသင်းတွေထဲမှာ ယူနိုက်တက်ပြိုင်ဘက် အာဆင်နယ်လည်း ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။
မန်နေဂျာဆိုးရှားက ညာခြမ်းနေရာ အားဖြည့်ဖို့ စပါးခံစစ်မှူးဟောင်းကို နှစ်သက်မှုရှိကာ ပေါင် ၁၅ သန်းထက် နည်းပါးတဲ့ ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်တယ်။ စပိန်မှာ အသားကျလာတဲ့ ထရစ်ပီယာဟာ လောင်းကစားဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်းကြောင့် ၁၀ ပတ်ကြာ ပွဲပယ် ပြစ်ဒဏ်ကို ခံယူဖို့ အပြစ်ပေးခံထားရသူလည်း ဖြစ်ပါတယ်။
ထရစ်ပီယာကို ခေါ်ယူခြင်းဖြင့် ညာခြမ်းမှာ ဘစ်ဆာကာနေရာကို ပိုမိုအားပြိုင်မှု ရှိလာစေမယ် ဆိုးရှားက မျှော်လင့်နေတယ်။ ယူနိုက်တက် မန်နေဂျာက ထရစ်ပီယာကို ခေါ်ယူနိုင်ခဲ့ရင် ဘစ်ဆာကာကို ဗဟိုခံစစ်မှူးနေရာ ပြောင်းကစားစေဖို့ စီစဉ်နေတယ်လို့လည်း အသံထွက်ထားပါတယ်။
အာဆင်နယ်အသင်းမှ ဘာစီလိုနာ အကယ်ဒမီထွက်ဖြစ်တဲ့ ဘယ်လာရင်က လာမယ့် ရာသီမှာ ဂန်းနားအသင်းကနေ ထွက်ခွာရမယ် သတင်းကြီးနေသူပါ။ ဒါကြောင့်လည်း မန်နေဂျာအာတီတာ လက်အောက် အသင်းကို ပြန်လည် ပြင်ဆင်တည်ဆောက်ရာမှာ ညာအစွန်ပိုင်းကို အင်အားဖြည့်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
အာဆင်နယ်က ထရစ်ပီယာနဲ့ ဘယ်လာရင်ကြားမှာ အလဲအထပ် ပုံစံတစ်ခုဖြင့် အပြောင်းအရွှေ့ ဖြစ်လာနိုင်မလား စိတ်ဝင်စားလာခဲ့ဟန်ရှိတယ်။ အက်သလက်တီကို အားကစားဒါရိုက်တာ အန်ဒရီယာ ဘာတာကလည်း ဘယ်လာရင်ကို အထင်ကြီးရင်းစွဲ ရှိနေတယ်လို့ သိထားရတယ်။
အာဆင်နယ်ဟာ သူတို့ရဲ့ ဦးစားပေး ခေါ်ယူမှုအဖြစ် ရီးရဲလ်မက်ဒရစ်မှ အိုဒီဂတ်ကို ခေါ်ယူရေးကို ဦးစားပေးအဖြစ် သတ်မှတ်ထားပြီး ကွင်းလယ်ပိုင်းကို ဒုတိယ ဦးစားပေး ဖြည့်တင်းလိုတယ်လို့ သိထားရတာဖြစ်ပါတယ်။

ZAWGYI – လာလီဂါကေန အဂၤလန္လိဂ္ကို ျပန္ေျပာင္းလာမယ္လို႔ သတင္းၾကီးေနတဲ့ ညာအစြန္လူ ထရစ္ပီယာကို ေခၚယူလိုေနတဲ့ အသင္းေတြထဲမွာ ယူႏုိက္တက္ျပိဳင္ဘက္ အာဆင္နယ္လည္း ပါဝင္လာခဲ့ျပီျဖစ္ပါတယ္။
မန္ေနဂ်ာဆိုးရွားက ညာျခမ္းေနရာ အားျဖည့္ဖို႔ စပါးခံစစ္မွဴးေဟာင္းကို ႏွစ္သက္မႈရွိကာ ေပါင္ ၁၅ သန္းထက္ နည္းပါးတဲ့ ေျပာင္းေရႊ႔ေၾကးျဖင့္ ေခၚယူႏုိင္ဖို႔ ေမွ်ာ္လင့္ေနတာျဖစ္တယ္။ စပိန္မွာ အသားက်လာတဲ့ ထရစ္ပီယာဟာ ေလာင္းကစားဆုိင္ရာ ဥပေဒကို ခ်ိဳးေဖာက္ျခင္းေၾကာင့္ ၁၀ ပတ္ၾကာ ပြဲပယ္ ျပစ္ဒဏ္ကို ခံယူဖို႔ အျပစ္ေပးခံထားရသူလည္း ျဖစ္ပါတယ္။
ထရစ္ပီယာကို ေခၚယူျခင္းျဖင့္ ညာျခမ္းမွာ ဘစ္ဆာကာေနရာကို ပိုမိုအားျပိဳင္မႈ ရွိလာေစမယ္ ဆိုးရွားက ေမွ်ာ္လင့္ေနတယ္။ ယူႏုိက္တက္ မန္ေနဂ်ာက ထရစ္ပီယာကို ေခၚယူႏုိင္ခဲ့ရင္ ဘစ္ဆာကာကို ဗဟိုခံစစ္မွဴးေနရာ ေျပာင္းကစားေစဖို႔ စီစဥ္ေနတယ္လို႔လည္း အသံထြက္ထားပါတယ္။
အာဆင္နယ္အသင္းမွ ဘာစီလိုနာ အကယ္ဒမီထြက္ျဖစ္တဲ့ ဘယ္လာရင္က လာမယ့္ ရာသီမွာ ဂန္းနားအသင္းကေန ထြက္ခြာရမယ္ သတင္းၾကီးေနသူပါ။ ဒါေၾကာင့္လည္း မန္ေနဂ်ာအာတီတာ လက္ေအာက္ အသင္းကို ျပန္လည္ ျပင္ဆင္တည္ေဆာက္ရာမွာ ညာအစြန္ပိုင္းကို အင္အားျဖည့္ဖို႔ လိုအပ္ေနတာ ျဖစ္ပါတယ္။
အာဆင္နယ္က ထရစ္ပီယာနဲ႔ ဘယ္လာရင္ၾကားမွာ အလဲအထပ္ ပံုစံတစ္ခုျဖင့္ အေျပာင္းအေရႊ႔ ျဖစ္လာႏုိင္မလား စိတ္ဝင္စားလာခဲ့ဟန္ရွိတယ္။ အက္သလက္တီကို အားကစားဒါရိုက္တာ အန္ဒရီယာ ဘာတာကလည္း ဘယ္လာရင္ကို အထင္ၾကီးရင္းစြဲ ရွိေနတယ္လို႔ သိထားရတယ္။
အာဆင္နယ္ဟာ သူတို႔ရဲ႕ ဦးစားေပး ေခၚယူမႈအျဖစ္ ရီးရဲလ္မက္ဒရစ္မွ အိုဒီဂတ္ကို ေခၚယူေရးကို ဦးစားေပးအျဖစ္ သတ္မွတ္ထားျပီး ကြင္းလယ္ပိုင္းကို ဒုတိယ ဦးစားေပး ျဖည့္တင္းလိုတယ္လို႔ သိထားရတာျဖစ္ပါတယ္။
