ကိန်းအတွက် စတားလင်း၊ ဂျီဆုတို့ နှစ်ယောက်နဲ့ အလဲအထပ်လုပ်ဖို့ မန်စီးတီး ကမ်းလှမ်းမှုကို စပါး တုန့်ပြန်

စပါး တိုက်စစ်မှူး ဟယ်ရီ ကိန်း ကို ရဖို့ အတွက် မန်စီးတီးဟာ သူ့ရဲ့ တိုက်စစ်ကြယ်ပွင့် နှစ်ဦး ဖြစ်တဲ့ စတားလင်းနဲ့ ဂျီဆု နှစ်ယောက်လုံး ကို ပေးကာ အလဲ အထပ် လုပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် တော့တင်ဟမ် စပါးအသင်း ဥက္ကဌ လီဗိုင်းကတော့ လက်မခံနိုင်ကြောင်း တုန့်ပြန်လိုက်ပါတယ်။

ကိန်းက ဒီနွေမှာ စပါးကနေ ထွက်ခွာဖို့ စိုင်ပြင်းနေပြီး ၎င်းကို မန်စီးတီး၊ မန်ယူနိုက်တက်နဲ့ ချယ်ဆီး အသင်းတို့ အပြိုင် စိတ်ဝင်စားနေကြပါတယ်။

မန်စီးတီးက လက်ဦးမှု ရယူပြီး ကိန်း အတွက် စတားလင်းနဲ့ ဂျီဆု ကို ပေးမယ်လို့ အလဲအထပ် ကမ်းလှမ်းခဲ့ပေမယ့် စပါးဘက်ကတော့ အလဲအထပ် အလိုမရှိဘူး ဖြစ်နေပါတယ်။

လီဗိုင်းက ကိန်း အတွက် အနည်းဆုံး ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၅၀ လောက် ရချင်နေပြီး ငွေသား ပေးမှာ မဟုတ်တဲ့ ဘယ်လို ကမ်းလှမ်းမှုကိုမှ လက်ခံ စဉ်းစားတော့မှာ မဟုတ်ကြောင်း သိရပါတယ်။

စပါးအသင်း ဥက္ကဌက ငွေသားချည်း မဟုတ်တဲ့ အရော ကမ်းလှမ်းမှုတွေကို လက်မခံလိုဘဲ ပရီးမီးယားလိဂ် ချန်ပီယံတွေ ဖြစ်ထားတဲ့ စတားလင်းနဲ့ ဂျီဆု တို့ကိုတောင် လက်မခံလိုဘဲ ရှိနေတာပါ။ ဒါ့အပြင် စတားလင်းရဲ့ တစ်ပတ် ပေါင် ၃သိန်း လုပ်ခကိုလည်း လန်ဒန်ကလပ်က မပေးချေလိုတာ ပါဝင်ပါတယ်။

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ ဒီနွေမှာ စပါးတိုက်စစ်မှူး ကိန်း အပြင် အက်စတွန်ဗီလာ အသင်း ခေါင်းဆောင် ဂျက် ဂရေးလစ်ချ် ကိုပါ အရ ခေါ်ယူဖို့ ရည်ရွယ်ထားပါတယ်။

Zawgyi – စပါး တိုက္စစ္မွဴး ဟယ္ရီ ကိန္း ကို ရဖို႔ အတြက္ မန္စီးတီးဟာ သူ႔ရဲ႕ တုိက္စစ္ၾကယ္ပြင့္ နွစ္ဦး ျဖစ္တဲ့ စတားလင္းနဲ႕ ဂ်ီဆု နွစ္ေယာက္လံုး ကို ေပးကာ အလဲ အထပ္ လုပ္ဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ ေတာ့တင္ဟမ္ စပါးအသင္း ဥကၠဌ လီဗိုင္းကေတာ့ လက္မခံနုိင္ေၾကာင္း တုန္႔ျပန္လိုက္ပါတယ္။

ကိန္းက ဒီေႏြမွာ စပါးကေန ထြက္ခြာဖို႔ စိုင္ျပင္းေနျပီး ၄င္းကို မန္စီးတီး၊ မန္ယူနိုက္တက္နဲ႕ ခ်ယ္ဆီး အသင္းတို႔ အျပိဳင္ စိတ္၀င္စားေနၾကပါတယ္။ မန္စီးတီးက လက္ဦးမႈ ရယူျပီး ကိန္း အတြက္ စတားလင္းနဲ႕ ဂ်ီဆု ကို ေပးမယ္လို႔ အလဲအထပ္ ကမ္းလွမ္းခဲ့ေပမယ့္ စပါးဘက္ကေတာ့ အလဲအထပ္ အလိုမရွိဘူး ျဖစ္ေနပါတယ္။

လီဗိုင္းက ကိန္း အတြက္ အနည္းဆံုး ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၁၅၀ ေလာက္ ရခ်င္ေနျပီး ေငြသား ေပးမွာ မဟုတ္တဲ့ ဘယ္လို ကမ္းလွမ္းမႈကိုမွ လက္ခံ စဥ္းစားေတာ့မွာ မဟုတ္ေၾကာင္း သိရပါတယ္။

စပါးအသင္း ဥကၠဌက ေငြသားခ်ည္း မဟုတ္တဲ့ အေရာ ကမ္းလွမ္းမႈေတြကို လက္မခံလိုဘဲ ပရီးမီးယားလိဂ္ ခ်န္ပီယံေတြ ျဖစ္ထားတဲ့ စတားလင္းနဲ႕ ဂ်ီဆု တို႔ကိုေတာင္ လက္မခံလိုဘဲ ရွိေနတာပါ။ ဒါ့အျပင္ စတားလင္းရဲ႕ တစ္ပတ္ ေပါင္ ၃သိန္း လုပ္ခကိုလည္း လန္ဒန္ကလပ္က မေပးေခ်လိုတာ ပါ၀င္ပါတယ္။

မန္စီးတီး နည္းျပ ပက္ ဂြာဒီယိုလာကေတာ့ ဒီေႏြမွာ စပါးတိုက္စစ္မွဴး ကိန္း အျပင္ အက္စတြန္ဗီလာ အသင္း ေခါင္းေဆာင္ ဂ်က္ ဂေရးလစ္ခ်္ ကိုပါ အရ ေခၚယူဖို႔ ရည္ရြယ္ထားပါတယ္။