ယနေ့နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (01/06/20)

အငှားစာချုပ် ကုန်ဆုံးသွားခဲ့ပေမယ့် ယူနိုက်တက်ဟာ တိုက်စစ်မှူး အစ်ဟာလိုကို ၂၀၂၁ ဇန်နဝါရီထိ အငှားစာချုပ်သစ် ထပ်မံ ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပါတယ်။

ယူနိုက်တက်ကနေ ရီးရဲလ်မက်ဒရစ်ထံ မပြောင်းလိုဘဲ ပြောင်းရွှေ့သွားခဲ့တဲ့ ချီချာရီတို ဟာနန်ဒက်စ်ကတော့ အင်္ဂလန်မှာ ကစားသွားခဲ့တာထက် စာရင် စပိန် ရီးရဲလ်မှာက ဖိအားတွေ ပိုမိုများခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်မှာ မျှော်လင့်သလောက် ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့တဲ့ အင်္ဂလန်သား ကွင်းလယ်တိုက်စစ် ကစားသမား လင်ဂတ် ဟာ လာမယ့် အပြောင်းအရွှေ့ကာလမှာ ရောင်းထုတ်ခံရဖွယ် ရှိနေပါတယ်။

ယူနိုက်တက်ဟာ ဘွန်ဒက်လီဂါကြယ်ပွင့် ကိုင်း ဟာဗက်ကို ခေါ်ယူဖို့ ကနဦး ပေါင် သန်း ၅၀ ဖြင့် ကမ်းလှမ်းဖို့ စတင် ပြင်ဆင်နေပြီလို့ သတင်းထွက်ပေါ် လာပါတယ်။

အသင်း ထရိန်နင်မှာ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်နေကြပေမယ့် ဒီကာလတွေမှာ ပြင်သစ်သားရဲ့ အပြောင်းအရွှေ့ သတင်းတွေက ဆက်တိုက် ထွက်နေဆဲဖြစ်တယ်။ ယူနိုက်တက်ကတော့ အသင်းကနေ ပေါ့ဘာကို ထွက်သွားစေလိုတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်က ပေါ့ဘာရဲ့ အေးဂျင့် ရွိင်အိုလာတာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ပရီးမီးယားလိဂ်မှ ယူနိုက်တက်၊ လာလီဂါမှ ဘာစီလိုနာတို့နဲ့ သတင်းကြီးနေတဲ့ ကွင်းလယ်လူ ဆော နီဂွက်စ်က သုံးရက်အတွင်း သူ့အနာဂတ်ကို ကြေညာပေးမယ်လို့ တရားဝင် ထုတ်ပြောလိုက်ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်၊ ချယ်ဆီး၊ လီဗာပူးအသင်းတို့ ချိတ်ဆက်နေတဲ့ နိုင်ဂျီးရီးယား တိုက်စစ်မူှး ဗစ်တာ အိုစီမန် ကို ဒီနွေမှာ ဈေးပေါပေါနဲ့ ခေါ်လို့ရမယ် မထင်ကြနဲ့လို့ လိုင်လီအသင်း ပိုင်ရှင် ဂျာရပ် လိုပက်စ် သတိပေးလိုက်ပါတယ်။

နည်းပြ ဆိုးရှားဟာ ဘောလုံးပွဲတွေ ပြန်စတင်ချိန် အမှီ အသင့် ဖြစ်နေဖို့ ဗဟိုခံစစ် အတွဲသစ်ကို ထရိန်နင်မှာ သေချာ လေ့ကျင့် ပေးနေတယ် လို့ သိရပါတယ်။ ဆိုးရှားက ပွဲတွေ ပြန်စရင် ဗဟိုခံစစ်မှာ အလဲလှယ် ကစားနိုင်မယ့် အတွဲသစ် အဖြစ် လင်ဒီလော့ဖ်နဲ့ ဘိုင်လီကို လေ့ကျင့်ပေးနေပါတယ်။

Zawgyi – အငွားစာခ်ဳပ္ ကုန္ဆံုးသြားခဲ့ေပမယ့္ ယူနုိက္တက္ဟာ တိုက္စစ္မွဴး အစ္ဟာလိုကို ၂၀၂၁ ဇန္န၀ါရီထိ အငွားစာခ်ဳပ္သစ္ ထပ္မံ ခ်ဳပ္ဆိုနုိင္္ခဲ့ျပီ ျဖစ္ေၾကာင္း တရား၀င္ ေၾကျငာသြားခဲ့ပါတယ္။

ယူနိုက္တက္ကေန ရီးရဲလ္မက္ဒရစ္ထံ မေျပာင္းလိုဘဲ ေျပာင္းေရႊ႕သြားခဲ့တဲ့ ခ်ီခ်ာရီတို ဟာနန္ဒက္စ္ကေတာ့ အဂၤလန္မွာ ကစားသြားခဲ့တာထက္ စာရင္ စပိန္ ရီးရဲလ္မွာက ဖိအားေတြ ပိုမိုမ်ားခဲ့ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ယူနုိက္တက္မွာ ေမွ်ာ္လင့္သေလာက္ ေျခစြမ္းျပသႏိုင္ျခင္း မရွိခဲ့တဲ့ အဂၤလန္သား ကြင္းလယ္တိုက္စစ္ ကစားသမား လင္ဂတ္ ဟာ လာမယ့္ အေျပာင္းအေ႐ႊ႕ကာလမွာ ေရာင္းထုတ္ခံရဖြယ္ ရွိေနပါတယ္။

ယူႏုိက္တက္ဟာ ဘြန္ဒက္လီဂါၾကယ္ပြင့္ ကိုင္း ဟာဗက္ကို ေခၚယူဖို႔ ကနဦး ေပါင္ သန္း ၅၀ ျဖင့္ ကမ္းလွမ္းဖို႔ စတင္ ျပင္ဆင္ေနျပီလို႔ သတင္းထြက္ေပၚ လာပါတယ္။

အသင္း ထရိန္နင္မွာ ေပါ့ဘာနဲ႕ ဖာနန္ဒက္စ္တို႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေလ့က်င့္ေနၾကေပမယ့္ ဒီကာလေတြမွာ ျပင္သစ္သားရဲ႕ အေျပာင္းအေရႊ႔ သတင္းေတြက ဆက္တိုက္ ထြက္ေနဆဲျဖစ္တယ္။ ယူႏုိက္တက္ကေတာ့ အသင္းကေန ေပါ့ဘာကို ထြက္သြားေစလိုတဲ့ တစ္ဦးတည္းေသာ ပုဂၢိဳလ္က ေပါ့ဘာရဲ႕ ေအးဂ်င့္ ရိြင္အိုလာတာျဖစ္တယ္လို႔ ယံုၾကည္ေနပါတယ္။

ပရီးမီးယားလိဂ္မွ ယူႏုိက္တက္၊ လာလီဂါမွ ဘာစီလိုနာတို႔နဲ႔ သတင္းၾကီးေနတဲ့ ကြင္းလယ္လူ ေဆာ နီဂြက္စ္က သံုးရက္အတြင္း သူ႔အနာဂတ္ကို ေၾကညာေပးမယ္လို႔ တရားဝင္ ထုတ္ေျပာလိုက္ျပီ ျဖစ္ပါတယ္။

ယူနိုက္တက္၊ ခ်ယ္ဆီး၊ လီဗာပူးအသင္းတို႔ ခ်ိတ္ဆက္ေနတဲ့ နိုင္ဂ်ီးရီးယား တိုက္စစ္မဴွး ဗစ္တာ အိုစီမန္ ကို ဒီေႏြမွာ ေစ်းေပါေပါနဲ႕ ေခၚလို႔ရမယ္ မထင္ၾကနဲ႕လို႔ လိုင္လီအသင္း ပိုင္ရွင္ ဂ်ာရပ္ လိုပက္စ္ သတိေပးလိုက္ပါတယ္။

နည္းျပ ဆိုးရွားဟာ ေဘာလံုးပြဲေတြ ျပန္စတင္ခ်ိန္ အမွီ အသင့္ ျဖစ္ေနဖို႔ ဗဟုိခံစစ္ အတြဲသစ္ကို ထရိန္နင္မွာ ေသခ်ာ ေလ့က်င့္ ေပးေနတယ္ လို႔ သိရပါတယ္။ ဆိုးရွားက ပြဲေတြ ျပန္စရင္ ဗဟိုခံစစ္မွာ အလဲလွယ္ ကစားနုိင္မယ့္ အတြဲသစ္ အျဖစ္ လင္ဒီေလာ့ဖ္နဲ႕ ဘိုင္လီကို ေလ့က်င့္ေပးေနပါတယ္။